Quantcast
Channel: The Irrawaddy's Blog
Viewing all articles
Browse latest Browse all 5236

ပီကင်းသွား မလေးရှားလေယာဉ်တစီး ပျောက်ဆုံး

$
0
0

မလေးရှား လေကြောင်းလိုင်းက လူပေါင်း ၂၃၉ ဦးတင်ဆောင်ပြီး ကွာလာလမ်ပူ လေဆိပ်ကနေ တရုတ်
နိုင်ငံ ပီကင်းကို ပျံသန်းသွားမောင်းနှင်သွားတဲ့ ဘိုးရင်း ၇၇၇ အမျိုးအစား လေယာဉ်တစီးဟာ ပျောက်ဆုံး
နေခဲ့ပါတယ်။ 


အခုနောက်ဆုံး သတင်းတွေအရ အဆိုပါ လေယာဉ်ဟာ ပင်လယ်ထဲပျက်ကျသွားတယ်လို့ ဗီယက်နမ်
ရေတပ် က အတည်ပြုပြောဆိုပါတယ်။ ဗီယက်နမ် တာဝန်ရှိသူတွေက ပြောတာမှာတော့ သူတို့ လေပိုင် နက် ထဲမှာ အဆက်အသွယ်ပြတ်သွားခဲ့တယ်လို့လည်း ဆိုပါတယ်။

အခု နောက်ဆုံး သတင်းတပုဒ်မှာတော့ အဆိုပါလေယာဉ်ဟာ ဗီယက်နမ်ပင်လယ်ပြင် Phu Quoc  ကျွန်း 
တောင်ဘက် ၁၅၃ မိုင်အကွာမှာ ပျက်ကျသွားတာဖြစ်တယ်လို့ အတည်ပြု ပြောဆိုချက် သတင်းတပုဒ်မှာ ဗီယက်နမ်ရေတပ် အရာရှိကြီး တဦးဖြစ်တဲ့ Ngo Van Phat ကို ကိုးကား ဖော်ပြထားပါတယ်။ 

မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့ နိုင်ငံတကာ လေဆိပ်ကနေ ဒေသစံတော်ချိန် ၁၂: ၄ဝ AM က ပီကင်းကို ဦးတည် ထွက် ခွာသွားတဲ့ လေယာဉ်ဟာ ပျံသန်းချိန် ၂ နာရီလောက်ပဲ ကြရမှာဖြစ်ပေမယ့် သတ်မှတ်ချိန်မှာ ပီကင်း လေဆိပ်ကိုလည်း ဆင်း သက်လာခြင်းမရှိသလို အဆက်အသွယ်လည်း မရခဲ့ဘူးလို့ သတင်းတွေက ဆိုပါတယ်။ 

Flight MH370 လေယာဉ်ပေါ်မှာ ရင်ခွင်ပိုက် ကလေး ၂ ဦး၊ လေယာဉ်အမှုထမ်း ၁၂ နဲ့ နိုင်ငံပေါင်း ၁၄ နိုင်ငံ က နိုင်ငံခြား သား ခရီးသည် တွေလည်း လိုက်ပါစီးနင်းသွားကြတာပါ။ 

တရုတ်နိုင်ငံသား ၁၅၃ ဦး၊ မလေးရှားနိုင်ငံသား ၃၈ ဦး၊ အင်ဒိုနီးရှားနိုင်ငံသား ၁၂ ဦး၊ သြစတေးလျ နိုင်ငံ သား ၇ ဦး၊ ပြင် သစ် ၃ ဦး၊ အမေရိကန် ၄ ဦး၊ နယူးဇီလန်နဲ့ ယူကရိန်း၊ ကနေဒါနိုင်ငံတွေက ၂ ဦးစီနဲ့ ရုရှား၊ အီတလီ၊ ထိုင်ဝမ်၊ နယ်သာ လန်၊ သြစတြီးယား နိုင်ငံတို့က ၁ ဦးစီး အခုလေယာဉ်ပေါ်မှာ လိုက်ပါသွားတာ
ဖြစ်တယ်လို့ လေကြောင်းလိုင်း ပြောခွင့်ရသူ က ဆိုပါတယ်။

လေယာဉ်ကို အမြန်ဆုံး ရှာဖွေတွေ့ရှိရေးအတွက် ကယ်ဆယ်ရေး အဖွဲ့ကိုတော့ ဒီမနက်ပိုင်းက စေလွှတ် လိုက်ပြီလို့ လေကြောင်းလိုင်း တာဝန်ရှိသူတွေက ပြောပါတယ်။ 





အိမ့်သံစဉ် ~ 












Viewing all articles
Browse latest Browse all 5236

Trending Articles