Quantcast
Channel: The Irrawaddy's Blog
Viewing all articles
Browse latest Browse all 5236

သေဆုံးသူ တောင်ကိုရီးယားများ အထိမ်အမှတ် အာဇာနည်ကုန်းမှာ မဟုတ်ဟု ဆို

$
0
0
၁၉၈၃ ခုနှစ်က မြောက်ကိုရီးယားတွေရဲ့ အာဇာနည်ကုန်း ဗုံးခွဲ တိုက်ခိုက်ခံရမှုကြောင့် ကျဆုံးခဲ့ရ တဲ့ 
တောင်ကိုရီးယားနိုင်ငံသားတွေအတွက် အထိမ်းအမှတ်ပြုလုပ်ခွင့် မြန်မာအစိုးရက တည်ဆောက် ခွင့် 
ပေးတာ မှန်ပေမယ့် အဲဒါဟာ အာဇာနည် ဗိမာန်အတွင်းမှာ မဟုတ်ဘူးလို့ အစိုးရတာဝန်ရှိသူ တဦး က ပြောပါတယ်။ 



အဆိုပါ အထိမ်းအမှတ်ဟာ အမိုး၊ အကာတွေ မပါ၊ အမြင့် ၅ ပေသာ ရှိတဲ့ နံရပ်တခုကို သွေးဆေးကန် လမ်းဘေး၊ ရွှေတိဂုံမြောက်ဘက်မုဒ် ၊ အရှေ့ဘက် ယာဉ်ရပ်နားကွင်းနဲ့ လုံခြုံရေးအဆောက်အဦကြား မှာ ဖြစ်ပါတယ်တဲ့။ 

ဒါဟာ ၂ဝ၁၃ ခုနှစ် ဒီဇင်ဘာလ ၃၁ ရက်နေ့က နားလည်မှု စာချွန်လွှာထိုးပြီး သဘောတူ ဆောက် လုပ် ခွင့် ပေးခဲ့တာဖြစ်တယ်လို့ မြန်မာအစိုးရ ဒု နိုင်ငံခြားရေး ဝန်ကြီး ဦးသန့်ကျော်နဲ့ မနေ့လုပ် တဲ့တွေ့ဆုံ
မေးမြန်းခန်းမှာ အခုလို ပြောလိုက်တာကို ဒီကနေ့ထုတ် နိုင်ငံပိုင် သတင်းစာတွေမှာ ဖော်ပြလာ ပါတယ်။ 



မကြာသေးခင်က အဲဒီ တောင်ကိုရီးယား အထိမ်းအမှတ်ကို မြန်မာအစိုးရက အာဇာနည်ဗိမာန်ထဲမှာ တည်ဆောက်ခွင့်ပေးတယ်ဆိုတဲ့ ကောလဟာလတွေနဲ့ အတူ ကန့်ကွက်မှုတွေလည်း ရှိခဲ့ပါတယ်။  

၁၉၈၃ ခုနှစ်က တောင်ကိုရီးယားသမ္မတ ချန်ဒူးဝမ်နဲ့ အစိုးရအဖွဲ့ဟာ မြန်မာနိုင်ငံကို အလည်အပတ် လာခိုက်ေ ရန်ကုန်မြို့ရှိ ကျဆုံးလေပြီးသော ဗိုလ်ချုပ်အောင်ဆန်းနဲ့ အာဇာနည်ခေါင်းဆောင်ကြီးများရဲ့ ဂူဗိမာန်တည်ရှိရာ အာဇာနည်ကုန်းမှာ ဂါရပြုမယ့် အောက်တိုဘာလ ၉ ရက်နေ့ မနက် ၁ဝ နာရီ ၂၅ မိနစ် အချိန်မှာ မြောက်ကိုရီးယား အသေခံ ကွန်မန်ဒို ၃ ဦးက လုပ်ကြံသည့် ဗုံးဖောက်ခွဲမှုဖြစ်ပွားခဲ့ပါတယ်။ 

အဲဒီ ဗုံးဖောက်ခွဲမှုကြောင့် မြန်မာတချို့အပါအဝင် တောင်ကိုရီးယား အစိုးရ အဖွဲ့ ကိုယ်စားလှယ် ၁၇ ဦး 
သေဆုံးသွားခဲ့ကြပါတယ်။ 

အဲဒီကိစ္စအပေါ် တောင်ကိုရီးယာသမ္မတနိုင်ငံဘက်က အထိမ်းအမှတ် ကျောက်ပြား တည်ဆောက်ခွင့်
ပေးဖို့ တောင်းဆိုလာမှုအပေါ် မြန်မာနိုင်ငံဘက်က သံတမန်ဆက်ဆံရေးအတွက်နဲ့ သေဆုံးသွား တဲ့ တောင်ကိုရီးယားတွေရဲ့ မိသားစုတွေအတွက် မြန်မာနိုင်ငံကလည်း စာနာမှုကို ဖော်ပြတဲ့အနေနဲ့ ခွင့်ပြုခဲ့တာဖြစ်တယ်လို့ အဲဒီသတင်းမှာ ဖော်ပြထားပါတယ်။ 

တောင်ကိုရီးယားအစိုးရ ကိုယ်စားလှယ်တွေ သေဆုံးသွားခဲ့တဲ့ အာဇာနည်ကုန်း ဗုံးဖောက်ခွဲမှု ကိစ္စကို တောင်ကိုရီးယားနိုင်ငံက မှတ်တမ်းရုပ်ရှင် ရိုက်ကူးထားတာကိုလည်း အမြည်းကြည့်ချင်တယ် ဆိုရင်ဒီနေရာက တဆင့် သွားပြီး ကြည့်နိုင်ပါတယ်။ 


အိမ့်သံစဉ် ~ 



 


.








 

Viewing all articles
Browse latest Browse all 5236