Quantcast
Channel: The Irrawaddy's Blog
Viewing all articles
Browse latest Browse all 5236

နန်းခင်ဇေယျာရဲ့ မွေးနေ့ ဆုတောင်း

$
0
0
ဒီကနေ့ မတ်လ ၄ ရက်နေ့က နန်းခင်ဇေယျာရဲ့ မွေးနေ့ပါ။
မြန်မာ့ဂုဏ်ဆောင် အလှမယ် နန်းခင်ဇေယျာက မွေးနေ့မှာ ကုသိုလ်ကောင်းမှုတွေ လုပ်ပြီး ဆုမွန်းကောင်း
တွေ တောင်းဆိုထားပါတယ်။ နန်းခင်ဇေယျာရဲ့ မွေးနေ့ဆုတောင်းက ဘယ်သူတွေအတွက်လည်း၊ဘယ်လို ကုသိုလ်တွေ ပြုပြီး ဘာတွေ ဆုတောင်းသလဲ ဆိုတာ သိချင်ရင်တော့ ......



မင်္ဂလာအပေါင်းနဲ့ပြည့်စုံကြပါစေ…..။

ယနေ့ (၄.၃.၂၀၁၄) နေ့တွင် ရောက်ရှိသည့် နန်းခင် ရဲ့ မွေးနေ့ရက်မြတ် အရုဏ်တက်ချိန်မှာ ရွှေတိဂုံ ဘုရား နှင့် ဆံတော်ရှင် ဗိုလ်တစ်ထောင်ဘုရား သို့သွားရောက်ပြီး ဘုရားရှိခိုး ဆုတောင်း မေတ္တာများ ပို့သပြီး  ကောင်းမှုကုသိုလ်ပြုလုပ်ခဲ့ပါတယ်။ 

ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ အနန္တော အနန္တ ၅ ပါး နှင့်တကွ နန်းခင်ကို မွေးဖွားကျွေးမွေးခဲ့ကြ ပါသော   ချစ်တဲ့ ဖေဖေ(အဘ) နဲ့ မေမေ (အမိုး) ၊ Miss Myanmar နန်းခင်ဇေယျာရယ်လို့  မြန်မာနိုင်ငံနှင့် 
နိုင်ငံတကာပြိုင်ပွဲမှာ ဆုတွေရရှိအောင် အားပေးပြီး မွေးဖွားပေးခဲ့သည့် ကျေးဇူးရှင် မိဘပြည်သူ ချစ် ပရိသတ်ကြီးများ နှင့် အနုပညာလမ်းမှာ လျှောက်လှမ်းနိုင်အောင် လက်တွဲခေါ်ယူ သင်ပြပေးခဲ့ကြ ပါသော သင်ဆရာ၊ မြင်ဆရာ၊ ကြားဆရာ များ နှင့် အနုပညာမောင်နှမများ၊ မဂ္ဂဇင်း ဂျာနယ် မီဒီယာများမှ အစ်ကို အစ်မများ နဲ့ နန်းခင် အပေါ်ကျေးဇူးပြုခဲ့ဖူးသည့် ကျေးဇူးရှင်များအားလုံးတို့အား လက် ဆယ်ဖြာ ထိပ်မှာမိုးလို့ ရှိခိုးကန်တော့ပါတယ်။


ပြောမှားဆိုမှား ပြုမူမှားများရှိခဲ့ပါက ခွင့်လွှတ်ပေးကြဖို့ တောင်းပန်ပါတယ်။ နန်းခင် နှင့် တကွ (၇)ရက် သားသမီးများအားလုံး ၊ နန်းခင် ကို ချစ်သောသူများ ၊ မချစ်မနှစ်သက်သူများ အားလုံးနှင့် တကွ အနန္တ သတ္တဝါအားလုံး ကိုယ်စိတ် နှစ်ဖြာဘေးရန်ကွာ ကျန်းမာချမ်းသာကြပါစေလို့ ဆုတောင်းမေတ္တာပို့သ လိုက်ပါတယ်။ ဘုရားမှာ ခိုလေးများကိုလည်း အစာဒါနကျွေးမွေးကုသိုလ်ပြုခဲ့ပါတယ်။ 

နန်းခင် ပြုလုပ်ခဲ့သော ကုသိုလ်ကောင်းမှုအစုစု အတွက်လည်း အမျှဝေပါတယ်။ ဝမ်းမြောက်နုမော် သာဓုခေါ်ကြပါနော်။ “လူအချင်းချင်း လှည့်ပတ်ခြင်း ကင်းရှင်းကြပါစေ။ အထင်သေးခြင်း အချင်းချင်း ကင်းရှင်းကြပါစေ။ ဆင်းရဲလိုခြင်း အချင်းချင်း ကင်းရှင်းကြပါစေ။ 

တစ်ဦးအပေါ်တစ်ဦး ဖြူစင်သော မေတ္တာတရားဖြင့် မိတ်ဆွေများဖြစ်ကြပါစေ။ ဒုက္ခခပ်သိမ်း၊ ဆင်းရဲ ခပ်သိမ်း၊  သောကခပ်သိမ်း အပူများကင်းငြိမ်းကြပါစေ။   မေတ္တာရေဖြန်း   ဘေးမသမ်းပဲ  အေးချမ်း သာယာကြပါစေ။ မေတ္တာနှလုံးကိုယ်စီသုံး ရွှင်ပြုံးကြပါစေ။ မေတ္တာရန်သူ ဒေါသမူ အပူကင်းကြပါစေလို့ 

နန်းခင် အနန္တသတ္တဝါအားလုံးအတွက် မေတ္တာပို့ပါတယ်။ နန်းခင် အတွက် Phone ဆက်ပြီးတစ်မျိုး ၊ Facebook နဲ့ Gmail မှ တစ်သွယ် မွေးနေ့ဆုတောင်းပေးကြပါသော ချစ်တဲ့ ပရိသတ်များ၊ နန်းခင်  
မေးထားတဲ့မေးခွန်းများကို ဖြေဆိုပေးကြသူများ ၊ မဖြေဆိုပဲ အားပေးနေကြသူများ၊   ပြည်တွင်း   ပြည်ပမှ ချစ်သော မိဘညီအစ်ကိုမောင်နှမများအားလုံးကို ကျေးဇူးအထူး အထူးတင်ပါတယ်ရှင်….။ 

 နန်းခင်ဇေယျာ 













Viewing all articles
Browse latest Browse all 5236

Trending Articles