Quantcast
Channel: The Irrawaddy's Blog
Viewing all articles
Browse latest Browse all 5236

ဒေါ်ခင်ကြည် ဖောင်ဒေးရှင်း၊ ရွေ့လျားစာကြည်တိုက် နေပြည်တော်မှာ ဖွင့်မယ်

$
0
0
ဒေါ်ခင်ကြည် ဖောင်ဒေးရှင်း၊ နေပြည်တော် ရွှေ့လျား စာကြည့်တိုက်ဖွင့်ပွဲကို လာမယ့် မတ်လ ၁၄ ရက်နေ့မှာ နေပြည်တော် ပုဗ္ဗသီရိမြို့၊ မင်္ဂလာ ဒီပရပ်ကွက်၊ သစ္စာလမ်း၊ အမှတ် ၂၇ မှာ ကျင်းပဖို့ ရှိပါတယ်။ 


 ဒေါ်ခင်ကြည်ဖောင်ဒေးရှင်း ရွေ့လျား စာကြည့်တိုက် ယာဉ်တစီး၊ ဓာတ်ပုံ- ဧရာဝတီ


အဲဒီအခမ်းအနားကို စိတ်ဝင်စားသူတွေ တက်ရောက်ဖို့အတွက် NLD ပါတီက ဖိတ်ကြားထားပါတယ်။ 




ရွေ့လျား စာကြည့်တိုက်ဆိုတာက လူတွေရှိရာကို ကားတွေနဲ့ စာကြည့်တိုက်ယာဉ်က သွားလာပြီး လူအများ စာဖတ်တာ လွယ်ကူစေဖို့ စီမံထားတာပါ။ 


စာကြည့်တိုက် ကားတွေက လူနေရပ်ကွက်တွေထဲက စာသင်ကျောင်းတွေ၊ ဘုန်းကြီးကျောင်းတွေ စတဲ့ လူစည်ကားရာ နေရာတွေကို လှည့်လည်ပြီး စာအုပ်တွေ ငှားရမ်းပေးတဲ့ အစီအစဉ်ကို လုပ်ဆောင်နေတာပါ။ 



စာဖတ်လိုသူအနေနဲ့ ပထမဆုံးတော့ စာကြည့်တိုက်ကတ် လုပ်ရပါမယ်။ ဓာတ်ပုံ ၂ ပုံ နဲ့ ကိုယ်ရေးအချက် တချို့ ပေးလိုက်ရင် ဒေါ်ခင်ကြည်ဖောင်ဒေးရှင်း ဝန်ထမ်းတွေက စာကြည့်တိုက်ကတ် လုပ်ပေးမှာ ဖြစ်ပြီး အဲဒီကတ်ကို ပလပ်စတစ် လောင်းပေးပါလိမ့်မယ်။ 

စာကြည့်တိုက်ကတ်က အခမဲ့ ဖြစ် သလို စာအုပ်ငှားရမ်းခြင်းကလည်း အခမဲ့ပါပဲ။ 

စာဖတ်လိုသူတွေက တကြိမ်ငှားရင် စာအုပ် ၂ အုပ်ထိ ငှားနိုင်ပြီး အဲဒီ စာအုပ် ၂ အုပ်ကို ပတ်ကြာ ဖတ်နိုင်ပါတယ်။ 

ဒေါ်ခင်ကြည် ဖောင်ဒေးရှင်းဆိုတာ လွတ်လပ်ရေး ဖခင် အာဇာနည်ခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းရဲ့ ဇနီးကို အလေးထား အမည်မှည့်ကာ သမီးဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်က ဦးဆောင်ပြီးတည်ထောင်ထားတဲ့ ဖောင်ဒေးရှင်း ဖြစ်ပါတယ်။ 


အိမ့်သံစဉ် ~ 










Viewing all articles
Browse latest Browse all 5236

Trending Articles