Quantcast
Channel: The Irrawaddy's Blog
Viewing all articles
Browse latest Browse all 5236

လူသိရှင်ကြား လိင်တူချင်း မင်္ဂလာဧည့်ခံပွဲ

$
0
0
မြန်မာနိုင်ငံမှာ လူသိရှင်ကြား ခန်းခန်းနားနားနဲ့ လိင်တူချင်း မင်္ဂလာပွဲ ဧည့်ခံပွဲတခုကို ပထမဆုံး ကျင်းပခဲ့ တာကတော့ Excel Treasure ဟိုတယ်မှာ မတ်လ ၁ ရက်နေ့က ဖြစ်ပါတယ်။ 

 ကိုမျိုးမင်းထက်၊ ကိုတင်ကိုကိုတို့ရဲ့ မင်္ဂလာဧည့်ခံပွဲ၊ ဓာတ်ပုံ- ဦးအောင်မျိုးမင်း 

ကိုမျိုးမင်းထက်နဲ့ ကိုတင်ကိုကိုဆိုတဲ့ အမျိုးသား ၂ ဦးရဲ့ ၁၀ နှစ်ပြည့် မင်္ဂလာ အထိမ်းအမှတ်ပွဲကတော့ တက်ရောက်လာ ကြသူတွေလည်း အတော် စည်ကားသလို သတင်းထောက် တွေလည်း အတော် စိတ်ဝင် တစား ရှိကြပါတယ်။ 


မြန်မာနိုင်ငံမှာ လိင်တူချင်း လက်ထပ်ထိမ်းမြားခွင့် ဥပဒေတော့ မရှိသေးပါဘူး။ ဒါပေမယ့် လူ့အခွင့်အရေး လှုပ်ရှားသူ ဦးအောင်မျိုးမင်းကတော့ ဒီမင်္ဂလာပွဲရဲ့ ဓာတ်ပုံတွေကို သူ့ဖေ့စ်ဘုတ်မှာ တင်ရင်း အခုလို မေး ခွန်းထုတ်ထားပါတယ်။ 

“အသက်အရွယ်ပြည့်ပြီးသား နှစ်ဦးဆန္ဒတူညီတဲ့ လူသားနှစ်ယောက် ချစ်ခင်လက်တွဲပေါင်းဖက်မှုမှာ လိင်တူ၊ လိင်ကွဲဆိုတာ ကန့်သတ်ထားသင့်သလား...” လို့ သူက ဆိုထားပါတယ်။ 



ကဲ ကမ္ဘာကြီးမှာ လိင်တူတာ၊ လိင်ကွဲတာတွေ ခွဲခြား ကန့်သတ်မှုတွေကို ကန့်ကွက်မှုတွေကျယ်လောင်နေပါ တယ်။ 


ဗုဒ္ဓဘာသာအကြောင်း အလေးအနက်ထား ရိုက်ကူးခဲ့ဖူးတဲ့ နာမည်ကြီး မြန်မာဇာတ်ကား တခု ကို လည်း 
ပြန်ပြီး သတိရမိပါတယ်။ ငါ၊ သူတပါး၊ ယောက်ျား၊ မိန်းမ ဆိုတာ ဗုဒ္ဓဘာသာမှာ မရှိဘူးတဲ့။ တကယ်ရှိတာ က ရုပ်နဲ့ နာမ် အစုသာ ရှိတယ်ဆိုတာကို ဖော်ကျူးသွားတဲ့ ဓမ္မလမ်းပြ ဇာတ်ကားကောင်းတခုပါ။ 

သမားရိုးကျ မင်္ဂလာပွဲ တခုဆိုတာ ယောက်ျား၊ မိန်းမ လိင်မတူကွဲပြား စုံတွဲတွေအတွက်လို့ အများက သိထားကြပေမယ့် အခုလို လိင်တွေမခွဲခြားပဲ ကိုမျိုးမင်းထက်နဲ့ ကိုတင်ကိုကိုတို့ရဲ့ လိင်တူချင်း မင်္ဂလာ ဧည့်ခံပွဲကတော့ လူတွေ အတော် စိတ်ဝင်စားကြ တာကို သတိထားမိပါတယ်။ 


အိမ့်သံစဉ် ~ 


 

.



 

Viewing all articles
Browse latest Browse all 5236

Trending Articles