Quantcast
Channel: The Irrawaddy's Blog
Viewing all articles
Browse latest Browse all 5236

အမျိုးသမီးရေးရာဝန်ကြီး

$
0
0
~

 


အမျိုးသမီးရေးရာဝန်ကြီးဆိုတာကို နိုင်ငံအများစုမှာ တွေ့ရမယ် မဟုတ်ပါ။

သို့သော်လည်း နိုင်ငံတချို့မှာတော့ ဒီဝန်ကြီးဌာနက ရှိနေပါတယ်။

ကမ္ဘောဒီးယား၊ အာဖဂန်နစ္စတန်၊ နယူးဇီလန်၊ ဇင်ဘာဘွေ၊ သြစတေးလျ၊ ဘင်္ဂလားဒေ့ရှ်၊ တူနီးရှား၊ နိုက်ဂျီးရီးယား၊ အီရတ်၊ သီရိလင်္ကာ၊  တွန်ဂါ၊ ပီရူး၊ ဂျာမနီ၊ အိန္ဒိယ၊ အီသီယိုးပီးယား၊ ဂါနာ စသဖြင့် စသဖြင့် နိုင်ငံတွေမှာ ရှိနေကြောင်း အင်တာနက်စာမျက်နှာတွေကို နာရီဝက်လောက်ကြာကြာ ရှာဖတ်လိုက်ရင် တွေ့ပါမယ် (အင်တာနက်တော့ မြန်ရမယ်)။
 

အဲဒီထဲက တချို့နိုင်ငံတွေကတော့ အမျိုးသမီးအရေးချည်းပဲ မဟုတ်ဘဲ ကလေးသူငယ်အရေးနဲ့
တွဲထားကြတာပါ။အမျိုးသမီးရေးရာဝန်ကြီးဌာနက ဘာတွေ ဆောင်ရွက်မယ် ဆိုတာကတော့ ခန့်မှန်းလို့ ရကြဖွယ်ရှိပါတယ်။
ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း နေပြည်တော်မှာလည်း 
အမျိုးသမီးရေးရာဝန်ကြီးဌာန ဆိုတဲ့အသံ ထွက်လာပါတယ်။

မြန်မာပြည်မှာ ဒီလို ဝန်ကြီးဌာန ရှိသင့်ကြောင်း အမျိုးသမီးတဦးက လွှတ်တော်မှာ ပြောဆိုခဲ့ပါတယ်။

ဒီပြောဆိုချက်နဲ့ ပတ်သက်ပြီး သမ္မတရုံး(၂) ပြည်ထောင်စုဝန်ကြီးဦးစိုးမောင်က ပြည်သူ့လွှတ်တော်ကို သွားရောက်ပြီး မဖြစ်နိုင်သေးဘူးလို့ ပြောဆိုခဲ့ပါတယ်။



.


Viewing all articles
Browse latest Browse all 5236

Trending Articles