Quantcast
Channel: The Irrawaddy's Blog
Viewing all articles
Browse latest Browse all 5236

ခရိုနီလို့ ခေါ်တာ မခံစားနိုင်ဘူးလို့ ဦးတေဇ ပြော

$
0
0

မြန်မာနိုင်ငံမှာ စစ်အစိုးရလက်ထက် ချမ်းသာကြွယ်ဝသူ ဦးတေဇက အရင်စစ်အရာရှိတွေကိုယ်တိုင်က သူ့ကို ခရိုနီတေဇ လို့ ခေါ်ဝေါ်သုံးနှုန်းတာကို မခံစားနိုင်ပါဘူး တဲ့။ 


 ပူတာအိုတွင် သတင်းထောက်များနှင့် တွေ့ဆုံနေသော ဦးတေဇ (ဓာတ်ပုံ – သစ်နေမိုး / ဧရာဝတီ)

“ဒီဘက်ခေတ် ပြောင်းလာတယ်၊ပြောင်းတဲ့ အချိန်မှာ သူတို့လဲ ပြန်ပြီး ၀န်ကြီးတွေ ဖြစ်ကြတယ်ပေါ့၊ အပြင် လူတွေ ခရိုနီ ပြောတာ ကိုယ်တို့ လက်ခံ သေးတယ်၊ သူတို့တွေ ကိုယ်တိုင် ပြောတာကြ ခံစားလို့ မရဘူး။ အရင် အစိုးရ လက်ထက်မှာ အကို့ကို စည်သူဘွဲ့ ပေးခဲ့ပါတယ်၊ ၀ဏ္ဍကျော်ထင်ဘွဲ့ ပေးခဲ့ပါတယ်၊ ခေတ် တခေတ် ပြောင်းသွားတယ်၊ ဒီလူတွေပဲ၊ စည်သူ ၀ဏ္ဍ ကျော်ထင်တေဇ မှသည် ခရိုနီ တေဇ ဖြစ်သွားတဲ့ အချိန်မှာ ဒီနှစ်ခုကို ဘာလုပ်ရင် ကောင်းမလဲ ထိုင်စဉ်းစားနေတာ၊ အဲ့ဒီနှစ်ခုကို အကိုက ဘယ်နား သွားထား ရမှန်းကို မသိဘူး” လို့ ဦးတေဇက ဆိုပါတယ်။ 

ယခင်စစ်အစိုးရခေတ်က စည်သူဘွဲ့၊ ၀ဏ္ဏကျော်ထင်ဘွဲ့ရ စည်သူဝဏ္ဏကျော်ထင်တေဇဟာ အခုလို 
ခေတ်ပြောင်းလာချိန် မှာ ဦးတေဇကို ခရိုနီ တေဇလို့ အခေါ်ခံရတာအပေါ်မှာ အဲဒီလို ပြောသွားတာပါ။ 

ဒီအကြောင်း ပြောဆိုမှုတွေပါဝင်တဲ့ ဦးတေဇရဲ့ အဲယားပုဂံ အရှုံးပေါ်နေတယ်ဆို့ သူကိုယ်တိုင်ပြောတဲ့ အကြောင်း သတင်း အပြည့်အစုံကို ဧရာဝတီ မြန်မာပိုင်းစာမျက်နှာမှာ ဧရာဝတီ သတင်းထောက် သစ်နေမိုး ရေးသားတင်ပြထားတာမှာ http://burma.irrawaddy.org/business/2014/02/27/55568.html  ဖတ်နိုင်ပါပြီ။ 








Viewing all articles
Browse latest Browse all 5236

Trending Articles