Quantcast
Channel: The Irrawaddy's Blog
Viewing all articles
Browse latest Browse all 5236

မ၊ ဘ၊ သ ဥပဒေ ပြဋ္ဌာန်းရေး သမ္မတက လွှတ်တော်ကိုသ၀ဏ်လွှာပို့

$
0
0

အမျိုးဘာသာ သာသနာ စောင့်ရှောက်ရေး ဥပဒေ ၄ ခု ပြဋ္ဌာန်း ပေးရန် မြန်မာနိုင်ငံသား ၁ သန်းကျော်က လက်မှတ်ထိုး တောင်းဆိုမှုနှင့် ပတ်သက်ပြီး လိုအပ်သလို ဆောင်ရွက်နိုင်ရန် သမ္မတ ဦးသိန်းစိန်က ပြည်ထောင်စု လွှတ်တော် နာယကသို့ ဖေဖော်ဝါရီ ၂၅ ရက်နေ့က သ၀ဏ်လွှာ ပေးပို့လိုက်ပါတယ်။ 




အမျိုးဘာသာ သာသနာ စောင့်ရှောက်ရေး အဖွဲ့ ဗဟို ဥက္ကဋ္ဌ ဆရာတော်က နိုင်ငံသား လက်မှတ်ပေါင်း ၁၃၃၅၆၀၀ စုဆောင်းပြီး၊ ပြီးခဲ့သည့်နှစ် ဇူလိုင်လက တောင်းဆိုခြင်း ဖြစ်ကြောင်း၊ တောင်းဆိုချက် ၄ ခုမှာ ကိုးကွယ်ရာ ဘာသာ ကူးပြောင်းခြင်း ဆိုင်ရာ ဥပဒေ၊ လက်ထပ်ထိမ်းမြားခြင်း ဆိုင်ရာ ဥပဒေ၊ တလင် တမယား စနစ်ကျင့်သုံးရေး ဥပဒေနဲ့  လူဦးရေ ထိန်းညှိရေးဆိုင်ရာ ဥပဒေတွေ ဖြစ်တယ်လို့ သိရပါတယ်။ 

ဒီကိစ္စ ပြည်ထောင်စု လွှတ်တော်မှာ ဒီကနေ့ ဆွေးနွေးမယ်လို့ သိရပြီး ဒီကိစ္စအပေါ် ဝေဖန်သံတွေ၊ အကြံပြုသံတွေ အတော် ဝေေ၀ဆာဆာ ဖြစ်ပေါ်နေပါတယ်။ 








Viewing all articles
Browse latest Browse all 5236

Trending Articles