Quantcast
Channel: The Irrawaddy's Blog
Viewing all articles
Browse latest Browse all 5236

Victoria’s Secret မော်ဒယ်တွေနဲ့ သူတို့ရဲ့အမျိုးသားများ

$
0
0
~

အမျိုးသမီးအဝတ်အစားတွေနဲ့ ထင်ရှားတဲ့ အမေရိကန် ကုမဏီ Victoria’s Secretမော်ဒယ်တွေရဲ့ ရည်းစားတွေ အကြောင်း ဆိုပြီး
Holly Scoop အွန်လိုင်းမှာ ရှာဖွေ ဖော်ထုတ် ရေးသားထားပါတယ်။

 


မူရင်းကို http://www.hollyscoop.com/karolina-kurkova/these-are-actual-boyfriends-victoria-s-secret-models.htmlမှာ ဖတ်ပါ။
ပုံတွေကိုလည်း အဲဒီကနေ ယူပါတယ်။

Victoria’s Secret မော်ဒယ်တွေ တွဲနေတာက သူတို့လိုဆွဲဆောင်မှုရှိတဲ့သူတွေလို့ ထင်ရင်တော့ အမှားကြီး မှားပါလိမ့်မယ်လို့ အစချီ ရေးထားပါတယ်။
သူတို့ရဲ့ ချစ်သူ၊ ခင်ပွန်းသည်တွေပါပဲ ဆိုပြီး ပုံတွေနဲ့ ယှဉ်တွဲ ဖော်ပြပါတယ်။ အဲဒီအမျိုးသားတွေအကြောင်း တိုနှံ့နှံ့ ရေးထားတာတွေကလည်း အဆိုးမြင်တွေချည်းပါပဲ။

ဒီတော့  စာဖတ်သူတယောက်က ... ဒီအမျိုးသားတွေက ကြောင်ရှာသီးနဲ့ ဘာနဲ့ မဟုတ်တဲ့အတွက် ရွက်ကြမ်းရေကျိုလို့ မဆိုနိုင်ဘူးလို့  မှတ်ချက်ချထားပါတယ်။
ဆောင်းပါးရှင်က အမျိုးသားတယောက်ဖြစ်လိမ့်မယ်လို့လည်း သူက ယူဆပါတယ် တဲ့။
မိန်းမတွေက ယောက်ျားတွေကိုချစ်ကြတာဟာ စိတ်ခံစားချက်ကြောင့်ပါပဲ၊ ဒီမော်ဒယ်အလှမယ်တွေက သူတို့ကြိုက်တဲ့သူကို သူတို့ ရွေးပါလိမ့်မယ်လို့ သူက ဆိုပါတယ်။

မှတ်ချက်ပေးထားတာကတော့ စုံနေတာပါပဲ။

တယောက်ကတော့ ... ကျမက မော်ဒယ်တယောက် မဟုတ်ပေမယ့် ဒီထက်ပိုကြည့်ကောင်းတဲ့ဘဲတွေနဲ့ တွဲခဲ့ဖူးတယ် လို့ ဆိုပါတယ်။
အင်း...ဟုတ်ရင်လည်း ဟုတ်မှာပေါ့လေ၊ ဘယ်သူသိတာမှတ်လို့။

ကဲ... သူတို့တွေ ပြောဆိုနေကြသူတွေရဲ့ ဓာတ်ပုံတွေကို ဖော်ပြပေးလိုက်ပါတယ်။


 
မော်ဒယ် Lindsay Ellingson နဲ့ စေ့စပ်ထားတဲ့ အမျိုးသား 

မော်ဒယ် Chanel Iman နဲ့ သူ့အမျိုးသား ရက်ပ်ပါ  A$AP Rocky

 မော်ဒယ် Doutzen Kroes နဲ့ သူ့အမျိုးသား ဒီဂျေသမား  Sunnery James

မော်ဒယ် Karlie Kloss ရဲ့ အမျိုးသား Joshua Kushner

Karolina Kurkova နဲ့ သူ့ခင်ပွန်းသည်

 မော်ဒယ် Alessandra Ambrosio နဲ့ သူ့အမျိုးသား  Jamie Mazur

မော်ဒယ် Lily Donaldson နဲ့ သူ့အမျိုးသား   Restoin Roitfeld





.


Viewing all articles
Browse latest Browse all 5236

Trending Articles