Quantcast
Channel: The Irrawaddy's Blog
Viewing all articles
Browse latest Browse all 5236

လာဘ်ပေးလာဘ်ယူမှုပပျောက်ရေးကော်မရှင်ကို စောင့်ကြည့်ကြမယ်

$
0
0
~


 


လာဘ်ပေးလာဘ်ယူမှု ပပျောက်ရေးကော်မရှင်အတွက် သမ္မတရုံးက အမည်စာရင်းတင်သွင်းတဲ့ ၁၅ ဦးမှာ စစ်ဗိုလ်ချုပ်ဟောင်းကို ဥက္ကဋ္ဌနေရာမှာ တာဝန်ပေးထားပါတယ်။
ကော်မရှင်ကို လွှတ်တော်ကလည်း အတည်ပြုလိုက်ပြီ။
အစိုးရက ဒီကနေ့ထုတ် သူတို့သတင်းစာတွေမှာ ကော်မရှင်အဖွဲ့ဝင်စာရင်း ဖော်ပြပါတယ်။

နိုင်ငံရေးသမားတွေ လွှတ်တော်အမတ်တွေက စစ်ဗိုလ်ချုပ်ဟောင်း ဦးစီးတဲ့ ကော်မရှင်က တကယ်တမ်း လာဘ်ပေးလာဘ်ယူပပျောက်တာတွေ
လုပ်နိုင်ပါ့မလား ဆိုတာ မနေ့ကအထိ  သံသယ ရှိနေကြတယ်။

ဒါပေမယ့် ဒီအဖွဲ့ဝင်တွေရဲ့ ကိုယ်ရေးအချက်အလက်အပေါ် ကန့်ကွက်မယ့်လူရှိရင် လွှတ်တော်မှာ ကန့်ကွက်နိုင်တယ်လို့ ဆိုခဲ့ပါတယ်။
ဆိုခဲ့ပေမယ့် လွှတ်တော် နှစ်ရပ်ပေါင်း ကိုယ်စားလှယ် ၆၀၀ ကျော်အတွက် ကိုယ်ရေးအချက်အလက်ဖော်ပြထားတဲ့ မိတ္တူ ၁၀ စုံသာ ရေးပီးတော့ လျှို့ဝှက်လို့ ရေးပို့တဲ့အတွက်
တချို့ လွှတ်တော်ကိုယ်စားလှယ်တွေဆို ကော်မရှင်နာရဲ့ နာမည်ရဲ့ ရာထူးလောက်သာ သိကြတာပါ တဲ့။

အချက်အလက် မသိရတဲ့အတွက် အမတ်မင်းတွေက  ဘယ်လိုကန့်ကွက်မတုန်း။   ပွင့်လင်းမြင်သာမှု မရှိပုံများ။

"ဒီပုဂ္ဂိုလ်တွေဟာ လာဘ်ပေးလာဘ်ယူ ကင်းရှင်းတယ်လို့ သက်သေနဲ့ ခိုင်ခိုင်မာမာ သက်သေ ထူနိုင်တဲ့ပုဂ္ဂိုလ်ဖြစ်ဖို့ လိုအပ်တယ်"လို့ NLD  ဦးဝင်းတင် က ထောက်ပြပါတယ်။

ဦးဝင်းတင်ရဲ့ ဝေဖန်ချက် ပါဝင်တဲ့ ဧရာဝတီသတင်းအပြည့်အစုံကို  http://burma.irrawaddy.org/news/2014/02/25/55485.htmlသို့မဟုတ် http://www.irrawaddy.org/burma/questions-anticorruption-chiefs-military-past.html တို့မှာ ဖတ်နိုင်ပါတယ်။ ကော်မရှင်မှာ ပါဝင်သူတွေကတော့ အစိုးရအရာရှိဟောင်းတွေချည်း ဖြစ်နေပါတယ်။
အရာရှိဟောင်း ဆိုသူတွေဟာ ဗိုလ်ချုပ်တွေ အမိန့်ပေးသမျှ လုပ်ခဲ့ရတာပါ။
ဒီတော့ သံအမတ်ဟောင်း၊ အရာရှိဟောင်းတွေချည်းပဲ ပါဝင်တဲ့ ကော်မရှင်က အလုပ်ဖြစ်ပါ့မလား ဆိုတာကတော့ မေးခွန်းထုတ်စရာပါပဲ။

သံသယအ၀င်ခံရမယ့် ဒီကော်မရှင်က အလုပ်လုပ်ပြဖို့တော့ လိုပါမယ်။ ၆ လ အတွင်း ထူးထူးခြားခြား လုပ်မပြနိုင်ရင်တော့ ပိုပြီး သံသယ အ၀င်ခံရပါလိမ့်မယ်လို့ ဆိုချင်ပါတယ်။

    ဦးမြဝင်း  - စစ်မှုထမ်း (အငြိမ်းစား) -     ဥက္ကဋ္ဌ
    ဦးတင်ဦး - သံအမတ်ကြီး (အငြိမ်းစား) -     အတွင်းရေးမှူး

    ဦးကျော်ကျော် - ညွှန်ချုပ် (အငြိမ်းစား၊ နိုင်ငံခြားရေးဝန်ကြီး ဌာန)
    ဦးစိုးတင့် - ညွှန်မှူး (အငြိမ်းစား၊ စာရင်းစစ်ချုပ်ရုံး)

    ဦးသန်းအောင် - ညွှန်မှူး (အငြိမ်းစား၊ ရှေ့နေချုပ်ရုံး)      
    ဦးမောင်ရှိန် - စစ်မှုထမ်း (အငြိမ်းစား)

    ဒေါက်တာတိုက်စံ - ပါမောက္ခ (အငြိမ်းစား၊ တပ်မတော်နည်းပညာတက္ကသိုလ်)      
    ဦးနေဝင်း - သံအမတ်ကြီး (အငြိမ်းစား)     

    ဒေါ်မြတ်မြတ်စိုး - ညွှန်ချုပ် (အငြိမ်းစား၊ စီမံ/စီးပွား ဝန်ကြီးဌာန)
    ဦးသင်းမောင် - ညွှန်မှူး (အငြိမ်းစား၊ စီမံ/စီးပွား ဝန်ကြီးဌာန)

    ဦးဆွန်ဒုတ်ကျင့် - ဒုညွှန်မှူး (အငြိမ်းစား၊ ရှေ့နေ ချုပ်ရုံး)
    ဒေါက်တာညီညီထွန်း - (အငြိမ်းစား၊ မွေးရေ ဝန်ကြီးဌာန)

    ဦးကျော်မြင့် - စစ်မှုထမ်း (အငြိမ်းစား)
    ဒေါ်သန်းသန်းရီ - ညွှန်မှူး (အငြိမ်းစား၊  စာရင်းစစ်ချုပ်ရုံး)

    ဦးအောင်လှိုင်စိုး - ညွှန်မှူး (အငြိမ်းစား၊  စာရင်းစစ်ချုပ်ရုံး)      
  



.


Viewing all articles
Browse latest Browse all 5236

Trending Articles


တာချီလိတ်မြို့ ဆန်ဆိုင်း(က)ရပ်ကွက်၌ ဘိန်းဖြူ ၃၅ဂရမ် ဖမ်းဆည်းရမိ


အင်ဂျင်နီယာဆိုင်ရာစာအုပ်များ (၁၁ အုပ်)


သီတဂူဆရာတော်ကြီး၏ မွေးနေ့ ပို့စ် ဖိတ်ခေါ်


ခြေလျင်နှင့်ခြေမြန်တပ်ရင်းများကွာခြားပုံ


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


အမျိုးကောင်း သမီးတွေ ဖြစ်ကြစေဖို့


မနောမယအိမ်ခြံမြေရောင်းနည်း


လှိုင်သာယာတွင်ဖခင်ဖြစ်သူမှ သမီးအရင်း ၂ဦးအား မုဒိမ်ပြုကျင့်မှုဖြစ်ပွား


သူ့ ကိုမချစ်ဘူး......


တောင်ပြုန်းပွဲကြိုအဖြစ် မန္တလေးတွင် တရက်ထဲသာကျင်းပသည့် အိုးပုတ်ပွဲတော် စည်ကား