Quantcast
Channel: The Irrawaddy's Blog
Viewing all articles
Browse latest Browse all 5236

ဘန်ကောက်မှာ လယ်သမားတပ်ကြီး ချီတက်ဆန္ဒပြ

$
0
0
စပါးကြွေး မရတဲ့ ထိုင်းနိုင်ငံ ဆင်ဘူရီ ခရိုင်က လယ်သမား တထောင်လောက်က လယ်ထွန်စက် ၅ဝဝ စီး
ကျော်၊ ဆိုင်ကယ်နဲ့ သုံးဘီးဆိုင်ကယ် အစီး ၁၅၀ လောက်နဲ့ ဘန်ကောက်မြို့ကို ဒီမနက်က  ချီတက် လာကြ ပါတယ်။


 လယ်သမားတပ်ကြီး ဘန်ကောက်ကို ချီတက်လာစဉ်၊ ဓာတ်ပုံ- ဘန်ကောက်ပို့စ်

လက်ရှိ ထိုးအစိုးရကို ကန့်ကွက်ဆန့်ကျင်ရင်း ချီတက်လာတာပါ။ သုဝဏ္ဏဘုမ္မိလေဆိပ်ကို ပိတ်ဆို့ ဖို့ ဒီမနက်က ချီတက်ခဲ့ကြတဲ့ သတင်းတွေက ဒီကနေ့ ထိုင်း တီဗီတွေသတင်းတွေမှာ တော်တော် လွှမ်းမိုးနေပါတယ်။
ပြောရရင် ထိုင်းနိုင်ငံက ဆရာစံတပ်ကြီးချီတက်လာတယ်လို့ ပြောရမလားပါဘဲ။

သုဝဏ္ဏဘုမ္မိလေဆိပ်ထိန်းချုပ်မှုဆိုင်ရာ အကြီးအကဲကတော့ လယ်သမားတွေကို လေဆိပ်ကို ပိတ်ဆို့တဲ့ လုပ်ရပ်မျိုး မလုပ်သင့်ကြောင်း ပြောဆိုတားမြစ်ပါတယ်။ 

လယ်သမားတွေက စပါးဘိုး ငွေတွေ အစိုးရဆီက ပြန်ရလိုတဲ့အတွက် အခုလို လုပ်တာဖြစ်ပြီး မစ္စယင်လတ် အစိုးရအနေနဲ့ စပါးဘိုး အကြွေးကို လယ်သမားတွေဆီ ပြန်မပေးရင်တော့ ဘန်ကောက်မှာပဲ စခန်းချပြီး အစိုးရပြုတ်ကျတဲ့အထိ ဆန္ဒပြ သွား ကြမယ်လို့ လယ်သမား ခေါင်းဆောင်တွေက ပြောပါတယ်။

လယ်သမားတွေရဲ့ စပါးတွေကို အစိုးရက အကုန်သိမ်းယူသွားခဲ့ပြီး ဆန်စပါးတွေကို မစ္စယင်လတ်အစိုးရရဲ့ ဝန်ကြီးက ထုတ်မရောင်းခဲ့ဘဲ သိုလှောင်ထားခဲ့လို့ ဆန်စပါးတွေ ဈေးကွက်စံချိန်မမီဖြစ်သွားတယ်၊ ဘယ်လိုမှ ပြန်ရောင်းလို့ မရတော့ အစိုးရကလည်း လယ်သမားတွေကို စပါးအကြွေး ဘတ်သန်းပေါင်း တသိန်းကျော် ကို မပေးနိုင် ဖြစ်ခဲ့ရတယ်လို့ ထိုင်း သတင်းတွေက ဆိုပါတယ်။

စပါးတွေအပေါင်ခံတဲ့ စီးပွားရေးလုပ်ငန်းမှာ  အဂတိလိုက်စားမှုတွေ ရှိနေတာ သိလျက်နဲ့ အစိုးရက မရပ်ခဲ့ဘဲ ဆက်လုပ် နေခဲ့ပါတယ် တဲ့။

အခုတော့ ထိုင်းလယ်သမား စစ်ကြောင်းကြီးက ဘန်ကောက်မြို့လယ်ပိုင်းတွေမှာ မစ္စယင်လတ်အိမ်စောင့် အစိုးရကပါ နှုတ်ထွက်ပေးရေး တောင်းဆိုဆန္ဒပြနေတဲ့ သူတွေနဲ့ ပူးပေါင်းသွားဖို့ အစီအစဉ်တွေလည်း ရှိတဲ့ အကြောင်း ထိုင်း သတင်းတွေမှာ ဖော်ပြနေကြပါတယ်။



အိမ့်သံစဉ် ~









Viewing all articles
Browse latest Browse all 5236

Trending Articles