Quantcast
Channel: The Irrawaddy's Blog
Viewing all articles
Browse latest Browse all 5236

တံတားပေါ်ကနေ ဘီအမ် တစီး ထိုးကျ

$
0
0
~


ဒီမနက် မိုးမလင်းခင် ရန်ကုန် မြောက်ဥက္ကလာမြို့နယ် ခုံးတံတားပေါ်ကနေ ဘီအမ် ဟီးနိုးကား တစီး ပြုတ်ကျသွားပါတယ်။

 


 (ဓာတ်ပုံများ - စိုင်းဇော် / ဧရာဝတီ)
ဈေးသည် သွားပို့တဲ့ကားဖြစ်တယ်လို့ တချို့က ပြောပါတယ်။

ဈေးသည် ၆ ဦးလောက် ပါတယ်၊ ဒဏ်ရာအပြင်းအထန် ရတယ် ဆိုပြီး ပြောဆိုသူများလည်း ရှိပါတယ်။
သေဆုံးမှု ရှိမရှိ မသိရသေးပါ။

ရန်ကုန်မှာ ဘီအမ်တွေက အမောင်းကြမ်းတဲ့အတွက် တိမ်းမှောက်တဲ့သတင်းတွေ မကြာခဏ ကြားရပါလိမ့်မယ်။
ဒီမနက် မတော်တဆဖြစ်တဲ့ ဘီအမ်ကတော့ ပုံမှာ မြင်ရတဲ့အတိုင်း တံတားဘောင်ကို ဝင်တိုက်သွား၊ ရထားလမ်းရှိတဲ့နေရာကို ပြုတ်ကျတာပါ။

ရန်ကုန်မှာ ဒီမနက်တော့ မြောက်ဥက္ကလာနဲ့ ဆက်စပ်နေသူတွေက ဒီအမှုအကြောင်းကိုပဲ ပြောနေကြပါတယ်။

အဲဒီနားမှာနေထိုင်သူတဦးကတော့ မိုးမလင်းခင်ကတည်းက ဆေးရုံကား အရေးပေါ်မောင်းသံတွေ မကြာခဏ ကြားရတယ်၊
ခါတိုင်းလိုပဲ မြောက်ဥက္ကလာဆေးရုံကနေ ရန်ကုန်ဆေးရုံကြီးကို လူနာတွေ သွားပို့တယ်လို့ပဲ ထင်မိတယ်လို့ ပြောပါတယ်။

ဘီအမ်ကားတွေက ခရီးသည်တင် ဘတ်စ်ကားတွေပါ။
ပုံမှန်လမ်းကြောမှာ မောင်းနှင်သလိုပဲ တခြားနေရာတွေကိုလည်း ကြိုပို့ပေးတဲ့ယာဉ်မောင်းတွေလည်း ရှိပါတယ်။
ဘီအမ်ကားမောင်းသူတွေ တူညီတဲ့အချက်တခုကတော့ ခပ်ကြမ်းကြမ်းမောင်းနှင်ခြင်း ဖြစ်မယ်လို့ ယူဆရပါတယ်။









.


Viewing all articles
Browse latest Browse all 5236

Trending Articles