Quantcast
Channel: The Irrawaddy's Blog
Viewing all articles
Browse latest Browse all 5236

ချင်းရိုင်မြို့က ကွမ်ရင် မယ်တော် ဘုရားကျောင်း

$
0
0

ဗုဒ္ဓဘာသာအများစု ကိုးကွယ်တဲ့ ထိုင်းနိုင်ငံမှာ ဘာသာရေးနဲ့ပတ်သက်လို့ ရောထွေး ယှက်နွယ် မှုတွေ 
တော်တော် များပါတယ်။ ဒီအထဲမှာ တရုတ်နိုင်ငံက ရဟန်းမအဖြစ် ကိုးကွယ်တဲ့ကွမ်ရင်မယ်တော်ဟာ လည်း ထိုင်းလူမျိုးတွေကြား ယုံကြည်မှု တိုးပွားခံလာရတဲ့ ကိုးကွယ်ရာတခုဖြစ်လာနေပါတယ်။ 

 သစ်သားနဲ့ ထုဆစ်ထားတဲ့ ကွမ်ရင်မယ်တော်၊ ဓာတ်ပုံ- အိမ့်သံစဉ်/ ဧရာဝတီ

ထိုင်းနိုင်ငံမှာ အရင်ကထက် ကွမ်ရင်မယ်တော် ဘုရားကျောင်းတွေ တိုးပွားလာတယ်လို့ ဒေသခံတွေ က ပြောကြပါတယ်။ အခု ဒီဓာတ်ပုံတွေနဲ့ တကွ မြင်တွေ့ရတဲ့ သစ်သားနဲ့ ထုဆစ်ထားပြီး အမြင့် ၁၈ ပေလောက်ရှိတဲ့ ကွမ်ရင် မယ်တော်ရုပ်တုရှိတဲ့ ဘုရားကျောင်းကတော့ ထိုင်းနိုင်ငံ မြောက်ပိုင်း ချင်းရိုင်မြို့ မှာ ရှိပါတယ်။ 


အဲဒီ ဘုရားကျောင်းဟာ ချင်းမိုင်မြို့ထဲနဲ့ ဆိုရင် ၁၅ မိနစ်လောက်ပဲ သွားရတဲ့ မြို့ပြင်တောင်ကုန်းလေး တခုပေါ်မှာ တည်ရှိပါတယ်။ ပတ်ဝန်းကျင်ကလည်း စိန်းလန်းစိုပြေ သာယာသလို ဘုရားကျောင်းဝန်း ပရ၀ုဏ်မှာ လာရောက်တဲ့ ဧည့်သည်တွေအတွက် ရေအိမ်ကအစ အလွန်ပဲသန့်သန့်ရှင်းရှင်း စီမံပေးထား ပါတယ်။ ၀င်ကြေးလည်း တပြားတချပ်မှ မပေးရပါဘူး။ 

အပေါ် ဘုံအဆင့်တွေက ပတ်ဝန်းကျင်ကို ကြည့်လိုက်ရင် ချင်းရိုင်မြို့ရဲ့ အလှကိုလည်း မြင်တွေ့ရပါတယ်။

ကွန်ကရစ်နဲ့ တည်ဆောက်လက်စ ကွမ်ရင်မယ်တော် ရုတ်တုကြီးကိုလည်း ဘုံ ၉ ဆင့် ဘုရားကျောင်းနဲ့ ယှဉ်လျှက်တွေ့ရပါတယ်။ 



ကွမ်ရင် ဘုရားကျောင်းတက်ရာ နဂါးရုပ်လက်ရန်းတွေနဲ့ လှေကားထစ်တွေမှာလည်း အမွှေးတိုင်တွေနဲ့ ပူဇော်ပသနေကြသူတွေ၊ ဆုတောင်းနေကြသူတွေနဲ့ စည်ကားကြပါတယ်။ တချို့လည်း အမှတ်တရ ဓာတ်ပုံ ရိုက်နေကြတာလည်း ရှိပါတယ်။ 


  
လာရောက် လည်ပတ်သူတွေက တနေ့တနေ့ ရာနဲ့ချီရှိပြီး အဲဒီကွမ်ရင် မယ်တော် ဘုရားကျောင်းမှာ အခု လက်ရှိ အကြီး အကဲ အနေနဲ့ ထိုင်း ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးတပါးကိုလည်း ထူးထူးခြားခြားတွေ့ရပါ တယ်။ 




ထိုင်းနိုင်ငံမှာ ဘတ်ငွေ ၁ ထောင်တန်ဆိုတာ အကြီးဆုံးဖြစ်ပေမယ့် အဲဒီ ဘုန်းတော်ကြီးရဲ့ ဓာတ်ပုံနဲ့တကွ ရိုက်နှိပ် ထားတဲ့ ဘတ်ငွေ ၅ ထောင်တန် စက္ကူတွေကိုလည်း လာရောက်လည်ပတ်သူတွေကို ဝေငှကာ၊ ပရိတ်ကြိုးတွေလည်း ချီးမြှင့်ပေး ပါတယ်။ 

လာရောက်လည်ပတ်သူတွေ၊ ယုံကြည်သူတွေက အဲဒီ ဘုန်းတော်ကြီးဓာတ်ပုံပါတဲ့ ဘတ်ငွေ ၅ ထောင်တန် စက္ကူတွေကို လာဘ်လာဘ ရွှင်တဲ့ အဆောင်တခု အနေနဲ့ ယုံယုံကြည်ကြည် ရှိကြတယ်လို့လည်း သိရပါ တယ်။ 


 အိမ့်သံစဉ် ~









Viewing all articles
Browse latest Browse all 5236

Trending Articles


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


ဗိုလ်အောင်ဒင် မူပိုင်ခွင့်ကိစ္စ


တာချီလိတ်မြို့ ဆန်ဆိုင်း(က)ရပ်ကွက်၌ ဘိန်းဖြူ ၃၅ဂရမ် ဖမ်းဆည်းရမိ


"မြန်မာ့သမိုင်းတကွေ့မှ ပထမဆုံးလေကြောင်းတိုက်ပွဲ အပိုင်း(၂)"


ပြည်မင်းသား၏ သားတော် ပြည်ထိပ်တင်တုတ် အကြောင်း


မောင်စွမ်းရည် ● ဂျပန်စကားသင် ကျောင်းသား မောင်ဘဂျမ်း


TTA Oreo Gapp Installer


မြစ်ဆုံကိစ္စ ဒေါ်အောင်ဆန်းစုကြည် ပြော (ရုပ်/သံ)


ဇီးပင်ကြီးနှင့် ဖောင်ကြီးမှ လေထန် နေဆဲ ဝါဒမှိုင်းစစ်ဆင်ရေးများ


သီတဂူဆရာတော်ကြီး၏ မွေးနေ့ ပို့စ် ဖိတ်ခေါ်