Quantcast
Channel: The Irrawaddy's Blog
Viewing all articles
Browse latest Browse all 5236

ချစ်သူများနေ့မှာ ချစ်သူနဲ့ ဆင်တူအင်္ကျီဝတ်မယ်

$
0
0
~



ဥမ္မာမေမောင်၊ 
၁၈ နှစ်၊
ဓာတုဗေဒ တတိယနှစ်၊
ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ်။
 -


 -
ဓာတ်ပုံများ - စိုင်းဇော် / ဧရာဝတီ
 -

ညီမရဲ့ဝါသနာက သီချင်းဆိုရတာ၊ ပန်းချီဆွဲတာ ဝါသနာ ပါတယ်။ စာအုပ်ဖတ်ရတာလည်းအရမ်းဝါသနာပါတယ်။ ဘယ်လို စာအုပ်တွေ ဖတ်ဖြစ်လဲဆိုတော့ ဟာသဝတ္ထုတွေနဲ့ ဂမ္ဘီရဝတ္ထုတွေ ဖတ်ရတာ ကြိုက်တယ်။ စာရေးဆရာတွေထဲမှာ အကြည်တော်နဲ့ ဟော့လိုင်းကို ကြိုက်တယ်။ ဟာသဝတ္ထုတွေကိုကြိုက် တာကတော့ ဟာသတွေဖတ်လိုက်ရင် စိတ်ညစ်တာတွေလည်း ပျောက်သွားတယ်၊ ရင်ထဲမှာလည်း ပေါ့သွားတယ်။ အဲဒါကြောင့်ကြိုက်တာ။

ညီမအားတဲ့အချိန်တွေမှာ သူငယ်ချင်းတွေနဲ့ Hang out လုပ် တယ်၊ ချစ်သူနဲ့တွေ့တယ်။ များသောအားဖြင့် ချစ်သူနဲ့တွေ့တာ များတယ်။ သူငယ်ချင်းတွေနဲ့ Hang out လုပ်တဲ့အခါ ရုပ်ရှင်ကြည့် တယ်၊ မုန့်စားတယ်။

ဂီတအမျိုးအစား အကုန်ကြိုက်တယ်။ များသောအားဖြင့် ရော့ခ်ကိုပိုကြိုက်တယ်။ ဟစ်ပ်ဟော့ပ်ကိုလည်း ကြိုက်ပါတယ်။အကုန်လုံးကို မျှပြီးကြိုက်တယ်။ ညီမပိုအားသန်ကတော့ ရော့ခ်၊ အော်ပြီးဆိုတဲ့ သီချင်းတွေကြိုက်တယ်။ အခုနောက်ဆုံးနားထောင် ဖြစ်နေတဲ့ အယ်လ်ဘမ်ကတော့ ရဲရင့်အောင်နဲ့ သားသားရဲ့ အမုန်း ဒိုင်ယာရီ သီချင်းခွေကို နားထောင်ထားတယ်။ အဲဒီအခွေထဲက သားသားဆိုထားတဲ့ ပျော်ပျော်ပါးပါးလေးနဲ့ စိတ်မကောက်ပါနဲ့ဆို တဲ့ သီချင်းကို ကြိုက်တယ်။

အဆိုတော်တွေထဲမှာက ရော့ခ်အဆိုတော်ဆိုရင်လေးဖြူကြိုက် တယ်၊ ဟစ်ဟော့ပ် အဆိုတော်ထဲမှာ ရဲရင့်အောင်ကြိုက်တယ်။ နိုင်ငံတကာ အဆိုတော်တွေထဲမှာဆိုရင် Chirs Brown နဲ့ Avril Lavigne ကို ကြိုက်တယ်။

ရုပ်ရှင်ကားတွေဆို သရဲကားတွေ ကြည့်ရတာ ကြိုက်တယ်။ Animation နဲ့လုပ်ထားတဲ့ ကာတွန်းကားလေးတွေ ကြည့်ရတာ ကြိုက်တယ်။ နောက်ဆုံးကြည့်ဖြစ်ထားတဲ့ ရုပ်ရှင်ကတော့ စာသင် ကျောင်းမှာရိုက်ထားတဲ့ထိုင်းဟာသသရဲကား သွားကြည့်ထားတယ်။

မြန်မာဇာတ်ကားထဲမှာဆိုရင်တော့ ညီမငိုရတဲ့ ဒရာမာဇာတ် လမ်းမျိုးတွေကြိုက်တယ်။ မြန်မာအနုပညာရှင်ထဲမှာဆိုရင်၊ မိန်းက လေးမော်ဒယ်လ်ထဲမှာစူးယှနိုင်နဲ့နန်းသူဇာကြိုက်တယ်။ ယောကျာ်း လေး မော်ဒယ်လ်ထဲမှာ စိုင်းစည်တွမ်ခမ်းကို ကြိုက်တယ်။

Fcebook သုံးတဲ့အခါ အလှအပနဲ့ ပတ်သက်တဲ့ Page တွေကြည့်တယ်။ ဖက်ရှင်ကဏ္ဍလေးတွေ  ကြည့်တယ်။ Online Shopping Website လေးတွေလည်းကြည့်ဖြစ် ပါတယ်။

ဖက်ရှင်ဆို ညီမအကုန်ကြိုက်တယ်။ ဘာဖြစ်လို့လဲဆိုတော့ သူ့နေရာနဲ့သူ ဝတ်ရတာလေ။ အဝတ်ဖြစ်ဆုံးဖက်ရှင်ကတော့ ညီမကကျောင်းတက်နေရတော့ မြန်မာဝတ်စုံလေးတွေပဲ အများဆုံး ဝတ်ဖြစ်တယ်။ မြန်မာဝတ်စုံကိုမှ ခေတ်နဲ့အညီ ဒီဇိုင်းဆန်းဆန်းလေး တွေချုပ်ဝတ်တယ်။ ကျုရှင်တွေဘာတွေ သွားရင်တော့ လွတ်လွတ်လပ်လပ် Free style ဝတ်ဖြစ်တယ်။ Cute style ဂါဝန်လေးတွေနဲ့ စကတ် ဝတ်ရတာလည်း ကြိုက်တယ်။

ရှော့ပင်းကတလတခါ ထွက်ဖြစ်ပါတယ်။ အများဆုံးဝယ်ဖြစ်တာ ကတော့ ယုဇနပလာဇာမှာဝယ်ဖြစ်တယ်။ တော်ဝင်စင်တာမှာလည်း ဝယ်တယ်၊ Junction Square လည်းသွားတယ်။ အားလုံးမျှပြီး သွားပါတယ်။ ညီမက ဖိနပ်အရမ်းကြိုက်တော့ ဖိနပ်လေးတွေဝယ် စုဖြစ်တယ်။

 -
လူငယ်ဘဝကို အဓိပ္ပာယ်ဖွင့်ပါဆိုရင် လူငယ်ဘဝဆိုတာ ကုန်ပြီး သွားရင် ပြန်မရတော့ဘူး။ လူငယ်ဘဝကို ပျော်ပျော်ရွှင်ရွှင်ဖြတ်သန်း သင့်တယ်။ အပူအပင်ဆိုတာကိုသိပ်မထားသင့်ဘူး။ အပူအပင်ဆိုတာ တော့ လူတိုင်းမှာရှိတယ်၊ ဒါပေမယ့် ဟဲဗီးဖြစ်တာတွေကို ခေါင်းထဲ မထည့်သင့်ဘူး၊ လွယ်လွယ်နဲ့မေ့လိုက်သင့်တယ်။ ကိုယ့်ဘဝကို ကိုယ် ရှေ့ဆက်ဖို့ ရည်မှန်းချက်လည်းထားရမယ်။

ညီမရဲ့ Valentine's Day အစီအစဉ်ကတော့ နံနက်ပိုင်းကို ကျောင်းမှာ ပရက်တီကယ်ရှိတော့ ကျောင်းသွားမယ်။ နေ့လယ်ဘက်ကို ချစ်သူနဲ့အတူတူ ဆင်တူအင်္ကျီဝတ်ပြီး ပြည်သူ့ရင်ပြင်သွားပြီး တိုက် ကားမောင်းမယ်၊ မုန့်သွားစားမယ်။


 ညီမအခု အင်္ဂလိပ်စာ အဓိကလုပ်နေ တယ်။ အားကစားထဲမှာ ရေကူးရတာ ကြိုက်တယ်။ ကျောင်းပိတ်တဲ့အချိန်တွေဆို တပတ်တခါလောက် ကူးဖြစ်တယ်။ ညီမနားလည်ထားတဲ့ အချစ်ရဲ့ အဓိပ္ပာယ်ကတော့ သူကလည်း ကိုယ့်ကို သည်းခံနိုင်ရမယ်၊ ကိုယ်ကလည်းသူ့ကို   သည်းခံနိုင်ရမယ်။ တယောက်နဲ့ တယောက် ပွင့်ပွင့်လင်းလင်းပေါ့။ လျှိုထားတာလည်း  ညီမ မကြိုက်ဘူး။
ညီမရဲ့အိပ်မက်စိတ်ကူးကတော့လေယာဉ်မယ် တယောက် ဖြစ်ချင်တယ်။

သီဟတိုး
The Irrawaddyဂျာနယ်  ဖေဖော်ဝါရီ ၂
 Lifestyle စာမျက်နှာ၊ လူငယ်နဲ့ခေတ်ရေစီးကဏ္ဍ





.


Viewing all articles
Browse latest Browse all 5236

Trending Articles


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


ဗိုလ်အောင်ဒင် မူပိုင်ခွင့်ကိစ္စ


တာချီလိတ်မြို့ ဆန်ဆိုင်း(က)ရပ်ကွက်၌ ဘိန်းဖြူ ၃၅ဂရမ် ဖမ်းဆည်းရမိ


"မြန်မာ့သမိုင်းတကွေ့မှ ပထမဆုံးလေကြောင်းတိုက်ပွဲ အပိုင်း(၂)"


ပြည်မင်းသား၏ သားတော် ပြည်ထိပ်တင်တုတ် အကြောင်း


မောင်စွမ်းရည် ● ဂျပန်စကားသင် ကျောင်းသား မောင်ဘဂျမ်း


TTA Oreo Gapp Installer


မြစ်ဆုံကိစ္စ ဒေါ်အောင်ဆန်းစုကြည် ပြော (ရုပ်/သံ)


ဇီးပင်ကြီးနှင့် ဖောင်ကြီးမှ လေထန် နေဆဲ ဝါဒမှိုင်းစစ်ဆင်ရေးများ


သီတဂူဆရာတော်ကြီး၏ မွေးနေ့ ပို့စ် ဖိတ်ခေါ်