Quantcast
Channel: The Irrawaddy's Blog
Viewing all articles
Browse latest Browse all 5236

မောင်စစ်နိုင် ♥ မသက်မွန်မြင့် ~ ဖိတ်စာ

$
0
0

 -


မောင်စစ်နိုင် ♥ မသက်မွန်မြင့်တို့ရဲ့ မင်္ဂလာ ဖိတ်စာ ဖြစ်ပါတယ်။

ဖိတ်စာကို အဆန်းတကြယ် ထွင်နေကြတဲ့ ကနေ့ခေတ်မှာ သူတို့ဖိတ်စာကလည်း အဆန်းတကြယ်ပါပဲ။
   -


 -
ဖိတ်စာက လေးထောင့် မဟုတ်။ ပုံမှာ မြင်ရတဲ့အတိုင်း အသည်းပုံဖိတ်စာ။
မင်္ဂလာဆောင် ဖိတ်စာ ဆိုတာ ဒီလိုပုံမျိုး လုပ်ကြလိမ့်မယ်လို့ ဟိုတုန်းကလည်း မတွေးဖူးကြ - အခုလည်း သိပ်တွေးဖူးကြမယ် မထင်ပါဘူး။

ဒီဖိတ်စာက လူကြိုက်များတဲ့မင်းသမီးရဲ့ မင်္ဂလာဆောင်အတွက်ဖြစ်လို့ ထူးခြားသလို
အသည်းပုံ ဖြစ်လို့ ထူးခြားတယ်လို့လည်း ဆိုရမယ်။

ဖိတ်စာမှာ အနံ့အသက်တခုခုများ ထည့်ထားလေမလား။
ကြိုက်တတ်သူတွေကတော့ ထည့်ကြမှာပဲ။

မင်္ဂလာဆောင်အတွက် ရက်ပေါင်း အတော်ကြာ ပြင်ဆင်နိုင်သူတွေကသာ ဒီလိုဖိတ်စာမျိုး စီစဉ်နိုင်ပေလိမ့်မယ်။ တက်သုတ်ရိုက်ဆောင်ရသူတွေကတော့ ကွန့်နိုင်ကြမယ် မထင်ဘူး။ ပိုက်ဆံအကုန်ခံဖို့ အဆင်သင့် မဖြစ်သူတွေလည်း ဒီလို ကွန့်နိုင်ကြမယ်မဟုတ်ဘူး။

မင်းသမီးရဲ့ဖေ့ဘုတ်မှာတော့  ဒီဖိတ်စာဓာတ်ပုံကို လက်ဆင့်ကမ်းဝေမျှသူ (share လုပ်သူ ၈ဝဝ နီးပါး ရှိတာ တွေ့ရပါတယ်။ မှတ်ချက်တွေပေးထားကြတာလည်း ငါးရာဝန်းကျင် ဆိုတော့ အများအပြား မနည်းမနော။

ကိုယ့်မင်္ဂလာဆောင်မှာလည်း အဲဒီလိုပုံဖိတ်စာလေး လုပ်ရမလား၊ ပန်းသီးပုံဖိတ်စာဆို ကောင်းမလား၊ ဟိုတလောက တွေ့ရတဲ့ ပေစာ ပုရပိုဒ်စာပုံစံ လုပ်ရမလား စဉ်းစားမိသူတွေ ရှိကြမယ် ထင်ပါတယ်။ 

သက်မွန်မြင့်ရဲ့ ဖိတ်စာ အွန်လိုင်းမှာ နှစ်သက်သူ များပြားသလိုပဲ သိပ်မကြာခင် သက်မွန်မြင့်တို့ ကလေးတွေ ဘာတွေ ရတဲ့အခါ တင်မယ့် ကလေးလေးပုံတွေကိုလည်း ဝိုင်းဝန်း အားပေး နှစ်သက် ချစ်ခင်သူ များလိမ့်မယ်လို့ ယူဆရပါတယ်။

ဆက်စပ် -

http://blog.irrawaddy.org/2014/01/blog-post_5.html


http://blog.irrawaddy.org/2013/12/blog-post_3878.html



Viewing all articles
Browse latest Browse all 5236

Trending Articles


မလေးရှားလေယာဉ်ကြီး ဘယ်ရောက်သွားပြီလဲ


တာချီလိတ်မြို့ ဆန်ဆိုင်း(က)ရပ်ကွက်၌ ဘိန်းဖြူ ၃၅ဂရမ် ဖမ်းဆည်းရမိ


သီတဂူဆရာတော်ကြီး၏ မွေးနေ့ ပို့စ် ဖိတ်ခေါ်


"မြန်မာ့သမိုင်းတကွေ့မှ ပထမဆုံးလေကြောင်းတိုက်ပွဲ အပိုင်း(၂)"


စနေမင်း နှင့် တနင်္ဂနွေမင်း


မောင်စွမ်းရည် ● ဂျပန်စကားသင် ကျောင်းသား မောင်ဘဂျမ်း


ပဒူကောင် …အန္တရာယ်နှင့်… အတုပ်ခံရပါက.. ဆောင်ရန်၊ ရှောင်ရန် ..အချက်များ


⁠နှင်းဆီပင် စိုက်ပျိုး⁠ခြင်း အပိုင်း – (၂)


ကမ္ဘာကျော်တရုတ်နတ်သမီးဆယ်ယောက်


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link