Quantcast
Channel: The Irrawaddy's Blog
Viewing all articles
Browse latest Browse all 5236

အဗရာ မိုဗစ်ကို မြန်မာ့လက်ရွေးစင် အသင်း နည်းပြချုပ် ခန့်အပ်

$
0
0

မြန်မာ့ လက်ရွေးစင် အသင်းနည်းပြချုပ် ရာထူးအတွက် ဆာဘီးယား လူမျိုး နည်းပြ အဗရာ မိုဗစ် ( ရက်ဒီ) ကို ဖေဖော်ဝါရီလ ၅ ရက်နေ့က ရန်ကုန်မြို့ ဆီဒိုနားဟိုတယ်မှာ တရားဝင် ခန့်အပ်ပွဲ ကျင်းပခဲ့ပါတယ်။ 

 MFF ဥက္ကဋ္ဌ ဦးဇော်ဇော်က အဗရာ မိုဗစ်ကို အကျီ လွှဲပြောင်းပေးနေစဉ်၊ ဓာတ်ပုံ- MFF ဝက်ဆိုက်

မြန်မာ့လက်ရွေးစင် အသင်း အတွက် နည်းပြချုပ်အဖြစ် အဗရာ မိုဗစ် နဲ့ လက်ထောက် နည်းပြ ၂ ဦးတို့ကို ၁ နှစ်ခွဲ သက်တမ်း စာချုပ်ချုပ်ဆိုပြီး အခုလို တရားဝင် ခန့်အပ်လိုက်တာဖြစ်တယ်လို့ MFF ဝက်ဆိုက် က 
ဖော်ပြပါတယ်။ 



အဲဒီလို ခန့်အပ်တဲ့ အခမ်းအနားမှာ မြန်မာ့ ဘောလုံး အဖွဲ့ချုပ် MFF ဥက္ကဋ္ဌ ဦးဇော်ဇော်က မြန်မာ့ ဘောလုံး အဆင့်မြင့်တိုးတက်စေရေးအတွက် အားလုံးနဲ့ ပူးပေါင်း လက်တွဲ ဆောင်ရွက်သွားမယ်လို့ ပြောခဲ့ပါတယ်။ 

"မြန်မာနိုင်ငံသား တွေဟာ ဘောလုံးကို အရမ်းချစ်ကြတဲ့ သူတွေဆိုတာ ကျွန်တော် အစကတည်းက သိပြီး သားပါ။ ဒီလို နိုင်ငံမှာ နည်းပြ တာဝန် ထမ်းဆောင်ရတဲ့ အတွက် ကျွန်တော် ၀မ်းသာမိသလို အားလုံးကို လည်း ကျေးဇူးတင်ပါတယ်။ တကယ်တော့ ဘောလုံးပွဲ တစ်ပွဲနိုင်ဖို့ လွယ်ပါတယ်။ ပြိုင်ပွဲတစ်ခုမှာ ချန်ပီယံ 
ဖြစ်ဖို့ အရမ်းခက်ခဲပါတယ်။ ဒါကြောင့် မြန်မာ နေရှင်နယ်လိဂ် အသင်းတွေ အပါအ၀င် ဘောလုံး လောက သားတွေ အားလုံးနဲ့ ပူးပေါင်း ဆောင်ရွက် သွားမှာဖြစ်ပါတယ်။ ကျွန်တော်တို့ နည်းပြအဖွဲ့အနေနဲ့ အကောင်း ဆုံး ကြိုးစားသွားမှာပါ။ မြန်မာ့ ဘောလုံးလောက တိုးတက်ရေးအတွက် ဆောင်ရွက်နေကြတဲ့ အချိန်မှာ ကျွန်တော် လည်း ကဏ္ဍတစ်ခုကနေ ပါဝင်ပတ်သတ်ခွင့် ရတဲ့အတွက် ဂုဏ်ယူမိပါတယ်"လို့ အဗရာ မိုဗစ်က သတင်းထောက်တွေရဲ့ အမေးကို ဖြေသွားခဲ့ပါတယ်။ 

အဗရာ မိုဗစ်ဟာ အရှေ့တောင် ဘောလုံးလောကမှာ နာမည်ကြီးတဲ့ နည်းပြတဦးလည်းဖြစ်ပါတယ်။ 

ပြီးခဲ့တဲ့ ဆီးဂိမ်းပြိုင်ပွဲမှာတော့ တောင်ကိုရီးယားနိုင်ငံက ပတ်ဆောင်ဟွာရဲ့ အသင်းစီမံမှု ညံ့ဖျင်းမှုတွေနဲ့ အားကစားသမားတွေရဲ့ အချိတ်အဆက်မမိခဲ့မှုတွေကြောင့် မြန်မာဘောလုံးအသင်း ဟာ မျှော်လင့် ထား သလို အောင်မြင်မှု မရခဲ့ပါဘူး။ 

နည်းပြချုပ် ပတ်ဆောင်ဟွာကိုလည်း စာချုပ်သက်တမ်းပြည့်တာနဲ့အညီ ဆက်လက်ငှားရမ်းတာ မလုပ်တော့ပဲ ဘောလုံးအဖွဲ့ချုပ်က တာဝန်က ရပ်နားခဲ့ပါတယ်။ 



အိမ့်သံစဉ် ~ 







 

Viewing all articles
Browse latest Browse all 5236

Trending Articles


မြန်အောင်မြို့နယ် အင်ပင်- ကနောင်လမ်း ရေတိုက်စား ပျက်စီး


တားမြစ်ထားတဲ့ သီချင်းလေးတွေ...


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


မောင်ကိန်းရွှေဆိုင်ဓားပြတိုက်သူမှာလောက်ကိုင် အမျိုး သား လွှတ် တော် ကိုယ် စား...


သီတဂူဆရာတော်ကြီး၏ မွေးနေ့ ပို့စ် ဖိတ်ခေါ်


၂၀၁၄ တက္ကသိုလ်ဝင်တန်းစာမေးပွဲ အတွေ့အကြုံမှသည် အနာဂတ် နယ်စပ်ပညာရေး...


ဆင်ဖြူ ရှင်၏ ယိုးဒယားအောင်ပွဲ


၂၀၁၅ ရွေးကောက်ပွဲ ကိုယ်စားလှယ်နေရာ ထွန်းအိန္ဒြာဗိုလ်ကို ကမ်းလှမ်းကြောင်း NLD...


သမားဇာနည်တို့ မွေးဖွားရာမြေ (THE NATIVE OF THAMAR ZARNI)


ဝင်းအောင်ကြီး(မောင်အောင်မွန်) - ရှုမ၀မောင်ဆွေတင့်နှင့် မောင်ဆွေတင့်၏ ရှုမဝ