Quantcast
Channel: The Irrawaddy's Blog
Viewing all articles
Browse latest Browse all 5236

အဘထ နဲ့ ကေသီပန်ကို မလေးရှားအစိုးရ သိမ်းဆည်း

$
0
0
~


မလေးရှားနိုင်ငံ ကွာလာလမ်ပူမှာ မှတ်ပုံတင်မထားတဲ့ ဆေးဝါးတွေ ဖမ်းမိတာ ၁ဝ တန် အထိ ရှိတယ်၊ အဲဒီထဲမှာ မြန်မာဆေးတွေပါ ပါနေပါတယ် တဲ့။

  



အင်္ဂလိပ်ဘာသာနဲ့ရေးတဲ့ thestar အွန်လိုင်းမှာ အဲဒီသတင်းကို ဓာတ်ပုံတပုံနဲ့အတူ ဖော်ပြထားတာပါ။

သိမ်းဆည်းတဲ့ဆေးဝါး ဆိုတာတွေကို ကျန်းမာရေးဌာနအရာရှိကြီးတဦးက ကိုင်ပြထားတဲ့ပုံပါ။
သူ ကိုင်ထားတာကတော့ အဘထ နဲ့ ကေသီပန် သွေးပုပ်ချဆေးတို့ ဖြစ်နေပါတယ်။

(ကေသီပန်အကြောင်း ပါဝင်တဲ့ ဧရာဝတီ အင်တာဗျူးတခုကို http://burma.irrawaddy.org/%E1%81%80_women-right/2013/07/29/45224.htmlမှာ ဖတ်ပါ။
ထိုင်းနိုင်ငံဈေးကွက်ရောက် အဘထ အကြောင်းကိုတော့ ဒီဘလော့ http://blog.irrawaddy.org/2011/09/blog-post_1130.htmlမှာ ဖော်ပြခဲ့ပြီးပါပြီ)

 ဒီဆေးတွေက မြန်မာပြည်မှာတော့ အများပြည်သူ  ကျယ်ကျယ်ပြန့်ပြန့် သုံးစွဲလို့ အရောင်းသွက်လွန်းတဲ့ဆေးတွေပါ။

မလေးရှားမှာ ဖမ်းဆီးခြင်းက အဲဒီဆေးတွေ မလေးရှားမှာ မှတ်ပုံတင်မထားလို့ ဖြစ်နိုင်ပါတယ်။

 မှတ်ပုံတင်ထားတယ် ဆိုရင်လည်း ဆေးတွေမှာ စာရွက်စာတမ်း မပြည့်စုံလို့ ဖမ်းတာလည်း ဖြစ်နိုင်ပါတယ်။

 တရားမ၀င်ဆေးတွေကို လိုက်လံစစ်ဆေးရှာဖွေတဲ့အတောအတွင်း ကွာလာလမ်ပူ Lebuh Puduအရပ်မှာ ဆိုင်တဆိုင်ဖွင့်ထားတဲ့ မြန်မာပြည်သား ၄ ဦး ကို ထိန်းသိမ်းထားတယ်လို့ ဆိုပါတယ်။

ဆေးတွေကို လက်ကားဖြန့်တဲ့ဆိုင်များကို စောင့်ကြည့်ပြီး ၀င်ဖမ်းတယ်၊ သိမ်းသွားတဲ့ဆေးတွေက မြန်မာပြည်ကလာတဲ့ဆေးတွေချည်းပဲ မဟုတ်ဘဲ အိန္ဒိယနိုင်ငံထုတ်ဆေးများလည်း ပါဝင်ပါတယ် တဲ့။

မလေးရှားမှာ မြန်မာပြည်သားတွေ အများအပြား ရောက်ရှိနေပြီး မြန်မာပြည်သားတွေ အသုံးများတဲ့ မြန်မာအစားအစာ၊ ဆေးဝါးတွေ အရောင်းသွက်လျက်ရှိပါတယ်။

အပေါ်ပုံမှာ မြင်ရတဲ့အတိုင်းဆိုရင် အာဏာပိုင်တွေ ၀င်စီးတဲ့ ဆိုင်က မြန်မာဆေးတွေ လက်ကားဖြန့်တဲ့ဆိုင်တဆိုင် ဖြစ်ဖွယ်ရှိပါတယ်။
ပြည်ပရောက် မြန်မာပြည်သားတို့ရဲ့ ဈေးကွက်က အင်မတန် ကြီးမားလွန်းတဲ့အတွက် အဘထ နဲ့ ကေသီပန်တို့ကို ထုတ်ဝေတဲ့ လုပ်ငန်းရှင်များလည်း ဒီဖြစ်ရပ်နဲ့ ပတ်သက်ပြီး တုန့်ပြန်ကြမယ် ထင်ပါတယ်။



.


Viewing all articles
Browse latest Browse all 5236

Trending Articles