Quantcast
Channel: The Irrawaddy's Blog
Viewing all articles
Browse latest Browse all 5236

စာပေလောကထဲ ခုန်ဆင်းလာတဲ့ ခေတ်ရှုခင်း

$
0
0
 ~


မြန်မာစာပေလောကထဲကို နောက်ဆုံး ဝင်ရောက်လာတဲ့ စာစောင်တခုကတော့ ခေတ်ရှုခင်း လို့ အမည်ပေးထားတဲ့ မဂ္ဂဇင်းဖြစ်ပါတယ်။ 
 -
 

 -
ကြာသပတေးနေ့ ခေတ်ရှုခင်းမိတ်ဆက်ပွဲမှာ တွေ့ရတဲ့ ဆောင်းပါးရှင် နောင်ကျော် (ဦးဌေးသိန်း)
(ဓာတ်ပုံများ - စိုင်းဇော် / ဧရာဝတီ)


ဒီ   "နိုင်ငံရေး၊ လူမှုစီးပွားနှင့် လူ့အဖွဲ့အစည်းမဂ္ဂဇင်း"ကို မင်းတင်၊ ထွန်းမြင့်အောင်တို့က အယ်ဒီတာအဖြစ် ဦးစီး ထုတ်ဝေတာပါ။

ကြာသပတေးနေ့က ရန်ကုန်မြို့မှာပြုလုပ်တဲ့ ခေတ်ရှုခင်းမိတ်ဆက်ပွဲကို စာပေလောက၊ နိုင်ငံရေးလောကသားတွေ အများအပြား တက်ရောက်ခဲ့တာ တွေ့ရပါတယ်။

ဆောင်းပါးရှင်တချို့၊ အယ်ဒီတာ နှစ်ဦး၊
အယ်ဒီတာထွန်းမြင့်အောင်ရဲ့ လုပ်ဖော်ကိုင်ဘက်များဖြစ်တဲ့ ဦးမင်းကိုနိုင်၊ ဦးမြအေး၊ ဦးပြုံးချိုတို့ကလည်း  ၀င်ရောက်ဆွေးနွေးခဲ့ကြပါတယ်။
မဂ္ဂဇင်းမိတ်ဆက်ခြင်းကို စကားဝိုင်းအစီအစဉ်တခုနဲ့ တွဲပြီး ကျင်းပတာပါ။
စကားဝိုင်း အမည်က ပညာလူ့အဖွဲ့အစည်းဆိုင်ရာ အသိအမြင် ဆွေးနွေးဖလှယ်ပွဲ  ဖြစ်ပါတယ်။

တက်ရောက်လာတဲ့ လူငယ် လူလတ် လူကြီးပိုင်းတို့ရဲ့ စိတ်ဝင်စားဖွယ်ရာဆွေးနွေးချက်တွေထဲက တချို့ကို လာမယ့်လများမှာ ဆက်ထုတ်မယ့် ခေတ်ရှုခင်းမှာ ထည့်နိုင်ရင် အင်မတန် သင့်တော်ပါလိမ့်မယ်။

ခေတ်ရှုခင်း ဘာလဲ ဆိုတာသိဖို့ မာတိကာ နဲ့ အမှာစာ ကို ကူးယူ ဖော်ပြပေးလိုက်ပါတယ်။

မိတ်ဆက်ပွဲ နဲ့ ဆွေးနွေးပွဲ မြင်ကွင်းတချို့ကိုလည်း ဖော်ပြပေးလိုက်ပါတယ်။








 ဦးမင်းကိုနိုင်နဲ့ အယ်ဒီတာများဖြစ်တဲ့ ထွန်းမြင့်အောင်၊ မင်းတင်

 
 



.

Viewing all articles
Browse latest Browse all 5236

Trending Articles