Quantcast
Channel: The Irrawaddy's Blog
Viewing all articles
Browse latest Browse all 5236

ဝါး စိုက်ပျိုးရေးကို စီးပွားဖြစ်လုပ်သင့်ပြီ

$
0
0
 ~



 
မြန်မာပြည်မှာ ဝါးပင် စိုက်ပျိုးရေးကို  စီးပွားဖြစ်လုပ်သင့်တယ်လို့  ပတ်ဝန်းကျင်ထိန်းသိမ်းရေးလှုံ့ဆော်သူတွေက တိုက်တွန်းနေပါပြီ။

တိုက်တွန်းနေသူများထဲမှာ  မြန်မာအစိမ်းရောင်ကွန်ရက်က  ဒေါ်ဒေဝီသန့်စင်လည်း ပါဝင်ပါတယ်။
 


၂၀၁၂ ခုနှစ်က ဧရာဝတီတိုင်းတနေရာမှာ တွေ့ရတဲ့ ၀ါးတံတားငယ် (ဓာတ်ပုံ -  Simon Roughneen / ဧရာဝတီ)

 -
ဝါးပင်ဝါးတောတွေ ပြုန်းသွားတာ မဖြစ်စေချင်ဘူး။ တချိန်တည်းမှာပဲ ဝါးတန်ဖိုးကို သိကြစေချင်ပါတယ်လို့သူက ပြောပါတယ်။

ဒေါ်ဒေဝီသန့်စင်က မြန်မာပြည်နောက်ဆုံးဘုရင် သီပေါမင်းရဲ့ မြစ်တော်တဦးလည်းဖြစ်ပါတယ်။

သူက ဇန်နဝါရီ ၁၁ ရက်နေ့က ရန်ကုန်မြို့မှာပြုလုပ်တဲ့ ဝါးပင်ချစ်သူများအသင်း ဆိုတဲ့ အဖွဲ့အစည်း မိတ်ဆက်တဲ့ အခမ်းအနားမှာ ဝါးပင်တွေအကြောင်း ပြောခဲ့တာပါ -
ကမ္ဘာပေါ်မှာ  ၀ါးပင် အပေါများဆုံး နိုင်ငံဟာ  တရုတ်နိုင်ငံ ဖြစ်တယ်၊ တရုတ်ပြီးရင်တော့ အိန္ဒိယ၊ မြန်မာတို့မှာ အပေါဆုံးပဲ ဆိုပြီး  သစ်တောဌာနကို ကိုးကားပြီး သူက ရှင်းပြပါတယ်။ 

ဝါးပင်ဝါးတောတွေအကြောင်း သတင်းကို Prioritize Bamboo Production in Burma: Environmentalists  ခေါင်းစဉ်နဲ့ ဧရာဝတီသတင်းဌာန အင်္ဂလိပ်ပိုင်းစာမျက်နှာ http://www.irrawaddy.org/burma/prioritize-bamboo-production-burma-environmentalists.html မှာ ဖတ်နိုင်ပါတယ်။

လတ်တလောအခြေအနေမှာတော့ အာဏာပိုင်တွေက ဝါးပင်ဝါးတောတွေကို ဂရုတစိုက်ပျိုးထောင်ခြင်း အားနည်းတယ်၊ ဥပဒေအရ ကာကွယ်ပေးတဲ့ဘက်မှာလည်း အားနည်းနေတယ်လို့ သိရပါတယ်။

၂၀၀၁ ခုနှစ် ကတည်းက မြန်မာပြည်မှာ ဝါးကို ပရိဘောဂတွေ၊ အိမ်တွင်းအလှဆင်မှုလုပ်ငန်းတွေမှာ ကျယ်ကျယ်ပြန့်ပြန့် လုပ်လာတယ်၊
သို့သော်လည်း ဒီလိုဆောင်ရွက်ရေးအတွက် နည်းနာတွေ လိုအပ်နေသေးတယ်လို့ သိရပါတယ်။

 အရည်အသွေးကောင်းတဲ့ ဝါးမျိုး ထုတ်လုပ်ရေးဆိုတာအတွက် အဓိကလိုအပ်တာကတော့ ဝါးတောတွေကို စီမံခြင်းပါပဲ လို့ သစ်တောဌာနသုတေသီတဦးက ပြောပါတယ်။

အစိုးရရဲ့ ကျေးလက်ဒေသဖွံ့ဖြိုးရေးစီမံကိန်းတွေမှာ ဝါးပင်ဝါးတောနဲ့ပတ်သက်တဲ့ သုတေသနလုပ်ငန်းကို အတော်ကြာ လုပ်ခဲ့ဖူးတယ်၊ ဖြောင့်တန်းတဲ့ဝါးပင်၊ သက်တမ်း
ရင့်တဲ့ဝါးတွေ ရရှိရေးကလည်း မလွယ်ဘူး၊ ဝါးခုတ်ဖို့ဆိုရင်တောင် နည်းပညာကောင်းကောင်းရှိရမယ် လို့ သူက ပြောပါတယ်။

ဒေါ်ဒေ၀ီသန့်စင်က ရှင်းပြရာမှာတော့...
 ဝါးတောတွေ ဂရုတစိုက် စိုက်ပျိုးတာ၊ ဝါးနဲ့ဆက်စပ်ပစ္စည်းထုတ်လုပ်ရေး တိုးတက်ဖို့ ဆောင်ရွက်တာတွေကနေ အမြတ်အစွန်း ရနိုင်ပါတယ် တဲ့။

မြန်မာပြည်ဟာ ဒီလုပ်ငန်းကနေ အမြတ်အစွန်း ရနေပေမယ့် တခြားနိုင်ငံတွေနဲ့ ယှဉ်ရင် အမြတ်ငွေ ၀င်ငွေ နည်းနေပါသေးတယ် လို့ သူက ဆိုပါတယ်။

 မြန်မာပြည်မှာ ဝါးစိုက်ပျိုးနိုင်တဲ့ ဧကပေါင်း နှစ်သိန်းနီးပါး ရှိနေသေးတယ်၊ မြေအနေအထားကလည်း ဝါးပင်ဝါးတောတွေပျိုးထောင်ဖို့ သင့်တော်တယ်လို့ ပတ်ဝန်းကျင် ထိန်းသိမ်းရေးသမားတွေက ပြောနေကြပါတယ်။


http://www.irrawaddy.org/burma/prioritize-bamboo-production-burma-environmentalists.html
 



.

Viewing all articles
Browse latest Browse all 5236

Trending Articles