Quantcast
Channel: The Irrawaddy's Blog
Viewing all articles
Browse latest Browse all 5236

လေယာဉ်မယ် ဖြစ်ချင်တယ်၊ သက်မွန်မြင့်ကို ကြိုက်တယ်

$
0
0
~



မဖြူဖြူမောင်၊
အသက်    ၂ဝ၊
ဒဿနိကဗေဒနောက်ဆုံးနှစ်ကျောင်းသူ၊
ဒဂုံတက္ကသိုလ်၊  ရန်ကုန်၊
 


(ဓာတ်ပုံများ - စိုင်းဇော် / ဧရာဝတီ)


ဘွဲ့ယူပြီးသွားရင်  Speaking တက်ပြီး လေယာဉ်မယ်လုပ်ဖို့ ရည်ရွယ်ထားပါတယ်။ လေယာဉ်မယ်နဲ့ ပတ်သက်ပြီးတော့ အခုစကားပြော သင်တန်းတွေတက်နေတယ်။
ဒုတိယနှစ်ကျောင်းတက်နေရင်းနဲ့လည်း မြန်မာ့လေကြောင်းမှာလေယာဉ်မယ်လျှောက်ဖူးတယ်။  အဲဒီတုန်းကကျောင်းတက်ရင်းနဲ့လျှောက်တာဆိုတော့ မအောင်ဘူး။
အခု ဘွဲ့ရပြီးရင် အင်္ဂလိပ်စကားပြောကို ဒီထက်ကျွမ်းကျင်အောင်လုပ်ပြီး ထပ်လျှောက်မှာပါ။
ငယ်ငယ်တုန်းက ဖြစ်ချင်တာတော့ အင်ဂျင်နီယာပေါ့။

ဖိနပ်လေးတွေ စုရတာကိုကြိုက်တယ်။  ဖိနပ်လေးတွေလည်း စုဖြစ်ပါတယ်။ ရှော့ပင်းထွက်ရင်တော့ ဖိနပ်ရယ်လို့မဟုတ်ပါဘူး - ကိုယ်သဘောကျတဲ့ဟာ၊  မျက်စိကျတဲ့ဟာကိုပဲ ဝယ်လိုက်တယ်။

 ရှော့ပင်းကိုတော့တော်ဝင်စင်တာနဲ့ ယုဇနပလာဇာကို အများဆုံး ထွက်ဖြစ်တယ်။  ပုံသေတော့မရှိဘူး။  အားရင်အားသလို သွားဖြစ်တယ်။
 ရှော့ပင်းတခါသွားရင် သုံးလေးသောင်း သုံးဖြစ်တယ်။

ဖက်ရှင်ကိုတော့ လူငယ်စတိုင် လွတ်လွတ်လပ်လပ်ပေါ့ပေါ့ပါးပါး ဝတ်ရတာလေးတွေ ကြိုက်တယ်။  ကျပ်ကျပ်တည်းတည်း ဝတ်ရတာတွေတော့ မကြိုက်ဘူး။
 မြန်မာဝတ်စုံဆိုရင်လည်း လွတ်လွတ်လပ်လပ် ဝတ်ရတာပဲ ကြိုက်တယ်။ Swag ဖက်ရှင်ခေါင်းစွပ်လေးတွေလည်း ကြိုက်တယ်။  ပူလို့ ဝတ်တော့ မဝတ်ဖြစ်ဘူး။

အင်တာနက် သုံးရင်း၊ Facebook  သုံးရင်း သတင်းတွေဖတ်ဖြစ်တယ်။
သတင်းနဲ့ပတ်သက်ပြီး အားကစားသတင်းတွေ ဖတ်ဖြစ်တယ်။
ဆီးဂိမ်းမှာလည်း မြန်မာ-အင်ဒိုပွဲကို ကွင်းထဲအထိ သွားအားပေးဖြစ်တယ်။
အဲဒီနေ့က မြန်မာရှုံးလို့တော်တော်လေးကြေကွဲတယ်။  ဝမ်းနည်းဖို့လည်းကောင်းတယ်။  ဒိုင်တွေကလည်း တအားညစ်တယ်လေ။  အဲဒီတော့ ရှုံးတာပေါ့။ နောက်ဆုံးတော့လည်း ကိုယ့်ကိုယ်ကိုယ်ပဲဖြေသိမ့်ရတာပေါ့။

အင်တာနက်ကနေ ဂိမ်းတွေ၊  အလှအပဆိုင်ရာတွေ  Download ဆွဲတာ သဘောကျတာ။


 - 
Facebook  မှာလည်း သူငယ်ချင်းတွေနဲ့ ဘွဲ့ယူတော့ မယ်ဆိုတော့ ဘွဲ့ယူမယ့် အကြောင်းလေးတွေပြောဖြစ်တယ်။
ဘယ်လိုအဝတ်အစား ဝယ်မယ်ဆိုတာလေးတွေ၊  ပြီးတော့ အဝတ်အစား ဒီဇိုင်းလေးတွေလည်း ကြည့်ဖြစ်တယ်။
သီချင်းအမျိုးအစားထဲမှာပေါ့ပ်တွေ၊ ရော့ခ်တွေ အကုန်ကြိုက်တယ်။

ဟစ်ပ်ဟော့ပ်သီချင်းတွေလည်း ကြိုက်ပါတယ်။
 ဟစ်ပ်ဟော့ပ်သမားထဲမှာဂျောက်ဂျက် ကြိုက်တယ်။  မိန်းကလေး ဟစ်ပ်ဟော့ပ်အဆိုတော်ဆိုရင် စန္ဒီမြင့်လွင်ကို ကြိုက်တယ်။

ရှိုးပွဲကြည့်ရတာ ဝါသနာတော့ ပါတယ်။  အိမ်ကထွက်ခွင့်မပြုလို့ ညပွဲတွေတော့ မသွားဖြစ်ဘူး။ နေ့ခင်းဘက်ပွဲတွေပဲ သွားဖြစ်တယ်။

လတ်တလောတော့ သီရိဆွေရဲ့       ''ဆိုလာကိုစတာ''အခွေထဲက သီချင်းလေးတွေ နားထောင်ဖြစ်တယ်။

  နိုင်ငံတကာ အဆိုတော်တွေထဲမှာတော့ Adeke  ကို ကြိုက်တယ်။

ရုပ်ရှင်ဇာတ်ကားတွေ ထဲမှာဆိုရင် မြန်မာကားတော့ မကြည့်ဖြစ်ဘူး၊  အင်္ဂလိပ် အက်ရှင်ဇာတ်ကားတွေ ကြိုက်တယ်။

အနုပညာရှင်တွေထဲမှာတော့ အကြိုက်ဆုံးက သက်မွန်မြင့်ပါ။

(မဖြူဖြူမောင်ရဲ့ ပြောဆိုချက်တွေကို ဒီလ ၁၂ ရက်နေ့ထုတ် The Irrawaddy ဂျာနယ်မှာလည်း ဖော်ပြပြီးပါပြီ။ ဧရာဝတီသတင်းထောက် သီဟတိုးက အင်တာဗျူးထားတာ ဖြစ်ပါတယ်)



.


Viewing all articles
Browse latest Browse all 5236

Trending Articles