Quantcast
Channel: The Irrawaddy's Blog
Viewing all articles
Browse latest Browse all 5236

ဘန်ကောက်ဆန္ဒပြပွဲမှာ ပေါက်ကွဲမှုဖြစ်လို့ ၂၈ ဦး ဒဏ်ရာရ

$
0
0
.

 ဘန်ကောက်မြို့က ဆန္ဒပြပွဲမှာ ဗုံးပေါက်ကွဲမှုကြောင့် လူ ၂၈ ဦး ဒဏ်ရာရခဲ့တယ်လို့ ထိုင်း ကျန်းမာရေးသတင်းဌာနကို ကိုးကားပြီး ထိုင်း တီဗွီလိုင်းတွေက ကြေညာပါတယ်။ 


ဗုံးကွဲမှုအပြီး ထိတ်လန့်နေသော ဘန်ကောက်မြို့ လမ်းမတခုပေါ်က ဆန္ဒပြ လူတစု၊ ဓာတ်ပုံ- ဘန်ကောက်ပို့စ်

ဒီမိုကရက်တစ်ပါတီ အမတ်ဟောင်း ဆုထက်ပ် ဦးဆောင်ဆန္ဒပြနေတဲ့ ဘန်ကောက်မြို့ MBK ကုန်တိုက်ကြီးနားက အကြီးဆုံး သပိတ် စခန်း အနီးမှာ ယနေ့ နေ့လယ် ၁၂ နာရီ လောက်က အသေးစား ဗုံး ပေါက်ကွဲမှုတခု ဖြစ်ခဲ့လို့ အခုလို ၂၈ ဦး ဒဏ်ရာရသွားတာဖြစ်တယ်လို့ ထိုင်း သတင်းတွေက ဆိုပါတယ်။ 

ထိုင်းသတင်းတွေရဲ့ ဖော်ပြချက်အရ အခုလို ဘန်ကောက်မြို့က ရှပ်ဝါတွေရဲ့ ဆန္ဒပြမှုတွေအတွင်းမှာ သေနတ် နဲ့ပစ် ခတ်မှုတွေလည်းနေ့တိုင်း လိုလို ရှိသလို ၀န်ကြီးချုပ်ဟောင်း အဘီဆစ်ဝေချာချီဝရဲ့ နေအိမ်လည်း ဗုံးပေါက်ကွဲမှု ဖြစ်ခဲ့ပါသေးတယ်။ 

ဒီ အကြောင်းဧရာဝတီမြန်မာပိုင်းစာမျက်နှာမှာ သတင်းထောက်သန်းထိုက်ဦး ရေးသားထားတဲ့
ထိုင်း ၀န်ကြီးချုပ်ဟောင်း အဖိဆစ်နေအိမ် ဗုံးကွဲသတင်းမှာလည်း အပြည့်အစုံဖော်ပြထားပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း သေနတ်ပစ်ခတ်မှုကြောင့် မြန်မာရွှေ့ပြောင်းအလုပ်သမား အနည်းဆုံး ၁ ဦးလည်း သေနတ်ဒဏ်ရာရပြီး ဆေးရုံမှာ ဆေးကုမှု ခံယူနေရပါတယ်။ 

အခုလို ပစ်ခတ်ဖောက်ခွဲမှုတွေကို ဘယ်သူတွေလုပ်တယ်ဆိုတာ အတိအကျ မသိရသေးပေမယ့် ဆန္ဒပြ ခေါင်းဆောင်တွေကတော့  သရဲဘောကြောင်သူတွေရဲ့ လုပ်ရပ် အဖြစ် ပြစ်တင်ရှုံ့ချကြပါတယ်။ 

အခုလို ဗုံးပေါက်ကွဲမှုတွေ၊ သေနတ်ပစ်ခတ်မှုတွေဟာ စစ်တပ်က အာဏာသိမ်းအောင် ရည်ရွယ် လုပ်ဆောင်နေသလား ဆိုပြီး ဝေဖန်သူတွေကလည်းထောက်ပြနေပါတယ်။ 


 အိမ့်သံစဉ် ~ 







Viewing all articles
Browse latest Browse all 5236

Trending Articles