Quantcast
Channel: The Irrawaddy's Blog
Viewing all articles
Browse latest Browse all 5236

လူတွေလည်း ငါးတွေလို ရေထဲမှာ အသက်ရှုနိုင်တော့မယ်

$
0
0

လူတွေလည်း ငါးတွေလို ရေထဲမှာ အသက်ရှုလို့ရပါတော့မယ်။ တောင်ကိုရိးယား ဒီဇိုင်နာ တဦးဖြစ်တဲ့ Jeabyun Yeon ဟာ ရေထဲမှာ ငါးတကောင်လို ရေထဲက အောက်စီဂျင်ကို ရှုရှိုက်နိုင်တဲ့ ကိရိယာတခုကို တီထွင်လိုက်ပါတယ်။ 


 ဓာတ်ပုံ- dailymail.co.uk~~

လက် ၂ ဖက်နဲ့ ရေထဲမှာ ကူးခတ်နေချိန်မှာအပေါက် ၂ ပေါက်ပါတဲ့ အဲဒီ ကိရိယာက ငါး တွေရဲ့ ပါးဟက်လို ဖန်တီးထားပြီး ရေထဲက အောက်ဆီဂျင်ကို ရှုရှိုက် နိုင်စေမှာဖြစ်သလို ရေကို ပြန်ထုတ်တာမျိုးဖြစ် တယ်လို့် ဆိုပါတယ်။ 

အဲဒီ ကိရိယာကိုတော့ ဘက်ထရီစွမ်းအင်နဲ့ အသုံးပြုရမှာလည်းဖြစ်ပြီး သုံးတဲ့ ဘက်ထရီကလည်း သာမန် ဘက်ထရီ တလုံးထက် အဆ ၃၀ လောက် သေးငယ်တဲ့ မိုက်ခရို ဘက်ထရီမျိုးဖြစ်တယ်လို့ ဆိုပါတယ်။ 




ဒီကိရိယားဟာ ဂျိမ်းစ်ဘွန်းကားထဲကလို ဂျိမ်းစ်ဘွန်းရဲ့ အသုံးအဆောင်မျိုး တကယ့်လက်တွေ့ မှာ ဖြစ် လာ ပြီ လို့လည်း ရေးသားထားပါတယ်။ 



တောင်ကိုရီယား ဒီဇိုင်နာရဲ့ ဖန်တီးမှုက လူတွေကို ငါးတွေလို ရေထဲနေနိုင်အောင် လုပ်လိုက်တဲ့ Device  
ဖြစ်ပြီး ရေလုံအောင် ဖန်တီထားတဲ့ ပစ္စည်းလည်းဖြစ်ပါတယ်တဲ့။ 

ရေထဲဆင်းသွားတဲ့အခါ ပလပ်စတင် အကောင်းစားနဲ့ ဖန်တီးထားတဲ့ ပစ္စည်း ကို ပါးစပ်က ကိုက်ပြီး ဆင်းသွားရမှာ ဖြစ်လို့ ရေငုတ်ဝတ်စုံဝတ်တဲ့အခါ သုံးတဲ့ အသက်ရှုကိရိယာလို အသုံးပြုရမှာဖြစ်တယ်လို့ ဆိုပါတယ်။ 

အခုတီထွင်မယ့် ပစ္စည်းဟာ အနာဂတ်မှာ ရေငုတ်ဝတ်စုံတွေမှာ အစားထို အသုံးပြုလို့ရတော့မှာ 
ဖြစ်တယ်လို့ ဆိုထား ပါတယ်။ 


အိမ့်သံစဉ် ~
















.

Viewing all articles
Browse latest Browse all 5236

Trending Articles