Quantcast
Channel: The Irrawaddy's Blog
Viewing all articles
Browse latest Browse all 5236

မျက်လှည့်ဆရာနဲ့ NLD ပါတီဝင်တို့ မြေယာ အငြင်းပွားနေ

$
0
0
မျက်လှည့်ဆရာ မစ္စတာတော့ပ်နဲ့  NLD ပါတီဝင်တို့ မြေယာကိစ္စ အငြင်းပွားမှု ဖြစ်နေတယ်လို့ သိရပါ တယ်။ 


 ဆိပ်ကြီးခနောင်တိုက ကြိုးတံတား ဆောက်လုပ်ပြီးစီးတဲ့ အခါ တံတား မဆောက်လုပ်မီက သဘောတူညီ ထားတဲ့  ကတိအတိုင်း တံတား ဧရိယာများ သတ်မှတ်ပြီးစီး၍ မစ္စတော့ဟာ  ရန်ကုန်တိုင်း ဝန်ကြီးချုပ် ထံက  နှုတ်ကတိ ရပြီးနောက် ပိုရှိနေတဲ့ ခြံမြေတွေကို  ခြံစည်းရိုးတွေ စတင်ခတ်ရာ NLD အဖွဲ့ဝင် ဦးမြင့်သန်း က အဲဒီ မြေနေရာကို အားကစားကွင်း လုပ်ဖို့ ဖြစ်လို့ ခွင့်မပြုနိုင်ကြောင်း၊ နိုင်ငံတော်က သိမ်းပြီးသားမြေ ဖြစ်တာကြောင့် ပြန်ပေးရန်မလိုကြောင်း ပြောတယ်လို့ မစ္စတာတော့ပ်က ပြောပါတယ်။

မစ္စတာတော့ဟာ ပြဿနာဖြစ်ပြီးသော်လည်း ဝန်ကြီးချုပ်ထံမှ တရားဝင် ခွင့်ပြုစာရပြီဖြစ်သောကြောင့် မစ္စတော့ပ်အနေဖြင့် ပြန်လည်ချေပခြင်း မရှိဘဲ ငြိမ်နေခဲ့သော်လည်း စည်ပင်မှ လာရောက်၍ မစ္စတာတော့ပ် အားရေကုန်ရေခမ်း တိုင်ကြားမည်ဟု ပြောသောကြောင့် MJN ရုံးခန်းတွင် ဇန်နဝါရီလ ၁၃ ရက်နေ့က မီဒီယာများကို ဖိတ်ခေါ်၍ သတင်းစာရှင်းလင်းပွဲပြုလုပ်ခဲ့သည်။ 

ဆိပ်ကြီးခနောင်တို NLD အဖွဲ့ဝင် ဦးမိုးဟိန်းက မစ္စတော့ပ် ခြံစည်းရိုးခတ်လိုက်လျှင် ခြံနောက်ဘက်ရှိ အိမ်ခြေ ၁၀၀ နီးပါး သည် ၈ပေမျှသာ ရှိသောလမ်းတွင် သွားလားရ ခက်ခဲ သွားနိုင်သောကြောင့် တားမြစ်ရခြင်းဖြစ်ကြောင်း ပြောသည်။ 

ဆိပ်ကြီးခနောင်တို ကြိုးတံတားကို ၂၀၁၂ ခုနှစ် ဧပြီလတွင် စီမံကိန်းများ ပြုလုပ်၍ ၂၀၁၃ ခုနှစ် နိုဝင်ဘာ လ တွင် စီမံကိန်းပြီးစီး၍ ဖွင့်ပွဲပြုလုပ်ခဲ့သည်။ 

တံတားဆောက်လုပ်ရန် မြေနေရာများကို ခေတ္တ သိမ်းဆည်း ထားပြီး စီမံကိန်းပြီးစီး၍ မြေနေရာများကို ပြန် လည်ပေး ရာတွင် မြေယာ အငြင်းပွားမှုများ ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။



သဇင်ငြိမ်း ~




Viewing all articles
Browse latest Browse all 5236

Trending Articles