Quantcast
Channel: The Irrawaddy's Blog
Viewing all articles
Browse latest Browse all 5236

နေပြည်တော်ထိပ်သီးများရဲ့ ကျန်းမာရေး

$
0
0
~


နေပြည်တော်နိုင်ငံရေးလောကထိပ်သီးတချို့ရဲ့မွေးနေ့က ဝေဝေဝါးဝါး ဖြစ်နေပါတယ်။
 


အငြိမ်းစားဗိုလ်ချုပ်မှူးကြီးသန်းရွှေ ဘယ်နေ့ဖွားလဲ ဆိုတာ မသေချာပါဘူး။
တကယ်လို့ သူဟာ တချို့ ယူဆသလို သောကြာသား ဆိုရင်တော့ "သူ့ကျန်းမာရေးအတွက်က စိုးရိမ်စရာ ရှိတာပေါ့"လို့ ရန်ကုန်မြို့က အထင်ကရ ဗေဒင်ဆရာ စံ-ဇာဏီဘိုက ပြောပါတယ်။

ဒီနှစ် ၂၀၁၄ မြန်မာပြည်အခြေအနေအကြောင်း ဟောကိန်းထုတ်ရာမှာ ဆရာ စံ-ဇာဏီဘိုက နိုင်ငံရေးလောက အထင်ကရများနဲ့ ပတ်သက်ပြီး ဆက်စပ် ပြောဆိုလိုက်ခြင်းပါ။

အင်္ဂါသား ဖြစ်ဖွယ်ရှိတဲ့ သူရဦးရွှေမန်းကတော့ ဒီနှစ်ထဲ အနည်းအကျဉ်း ချူချာမယ် လို့ ဆိုပါတယ်။

 ဒေါ်အောင်ဆန်းစုကြည်က ကျန်းမာရေး ချို့တဲ့မယ် ဆိုသော်လည်း သိပ်မကြာသေးခင်က ခြေထောက်မှာ အသေးစား ခွဲစိတ်မှုပြုခဲ့တယ်၊ ကုသပေးသူအမည်ကလည်း အင်္ဂါနာမ်နဲ့အစပြုတဲ့အတွက်  ကျိန်းကြေသွားပြီလို့ ဆိုပါတယ်။

သမ္မတဦးသိန်းစိန်ကတော့ "မွေးနေ့ နှစ်ခုရှိတဲ့သူ ဖြစ်လိမ့်မယ်"လို့ ဆရာ စံ-ဇာဏီဘိုက တွက်ပါတယ်။ တရားဝင်ဖော်ပြထားတဲ့မွေးနေ့က အင်ဖြစ်နိုင်တယ်၊ အဲဒီရက်မှာသာ သူ မွေးဖွားတာဆိုရင်တော့
 ဦးသိန်းစိန်က သမ္မတ မဖြစ်နိုင်ဘူး လို့ သူက တွက်ပြပါတယ်။

ဧရာဝတီကို ပြောပြတဲ့ ဆရာ စံ-ဇာဏီဘိုရဲ့ ဟောကိန်း အပြည့်အစုံကို လာမယ့်နာရီပိုင်းအတွင်း ဒီဘလော့ http://blog.irrawaddy.orgမှာ ဖတ်ရှုနိုင်မှာဖြစ်ပါတယ်။



.


Viewing all articles
Browse latest Browse all 5236

Trending Articles