Quantcast
Channel: The Irrawaddy's Blog
Viewing all articles
Browse latest Browse all 5236

ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်လာမယ်ဆိုတဲ့ စံ-ဇာဏီဘိုရဲ့ဟောကိန်း

$
0
0
~



  ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်လာမယ် လို့   နက္ခတ္တဗေဒ ပညာရှင် ဆရာ စံ-ဇာဏီဘိုက ပြီးခဲ့တဲ့နှစ်မှာ ဟောကိန်းထုတ်ခဲ့ဖူးပါတယ်။



အခြေခံဥပဒေတို့ဘာတို့မှာ သူသမ္မတဖြစ်ရေး အဟန့်အတားကြီးတွေ ရှိပေမယ့် ဂြိုလ်ခွင်တွေနဲ့ဗေဒင်ကိန်းခန်းအရတွက်ချက်ပြီး အဲဒီလို ဟောကိန်းထုတ်လိုက်တာ ဖြစ်ပါတယ်။

မကြာသေးခင်ရက်ပိုင်းအတွင်း ဧရာဝတီသတင်းဌာနနဲ့ တွေ့ဆုံမေးမြန်းရာမှာ စံ-ဇာဏီဘိုက ဒီအချက်ကို ထပ်မံ အတည်ပြုလိုက်ပါတယ်။

"ဒေါ်စု သမ္မတဖြစ်မယ် ဆိုတာကို ထပ်ပြီး အတည်ပြုပါတယ်။ အသံနဲ့ သေချာမှတ်တမ်းတင်ပါ။ ဒေါ်စုလို့ ပြောတာ မဟုတ်ဘူး။  
NLD ရဲ့ ဥက္ကဋ္ဌ၊ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ရဲ့ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်သည် မြန်မာနိုင်ငံရဲ့ ၂၀၁၅ခုနှစ်မှာ ရွေးကောက်တင်သွင်းတဲ့ အနိုင်ရရှိနေရာတခုကို ရပြီးတဲ့အခါမှာ အဲ့ဒီကနေတဆင့် ရွေးကောက်တဲ့ မြန်မာနိုင်ငံရဲ့ သမ္မတအဖြစ်ကို ရရှိမယ်"လို့ ဆရာ စံ-ဇာဏီဘိုက ပြောပါတယ်။

အင်တာဗျူးအပြည့်အစုံကို ဒီဘလော့ http://blog.irrawaddy.orgမှာ ဒီညဘက် ဖော်ပြပေးမှာဖြစ်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်ကလည်း သူ သမ္မတ တာဝန် ထမ်းဆောင်လိုကြောင်း ထုတ်ပြောခဲ့သလို၊

အခြေခံဥပဒေမှာ သူသမ္မတဖြစ်ရေး အဟန့်အတားဖြစ်နေတဲ့အချက်နဲ့ တခြားအချက်တွေကို ပြင်ဆင်ဖို့ စည်းရုံးလှုံ့ဆော်နေတာ ကြာပါပြီ။

ဒီလိုအခြေအနေမှာ 
ပညာရှင် ဆရာ စံ-ဇာဏီဘိုက "...ဂြိုဟ်တွေ၊ နက္ခတ်တွေ ပြောင်းလဲမှုအပေါ်မှာ အခြေတည်ပြီး  တင်ပြထားတာဖြစ်တယ်။ ဒီ ဂြိုဟ်တွေ၊ နက္ခတ်တွေက ပိုမိုပြီးတော့ ဒီဘက်နီးလာလေ ပိုသေချာလေ..."လို့ ဟောကိန်းထုတ်လိုက်တာ ဖြစ်ပါတယ်။

ဆက်စပ် -


ဒေါ်အောင်ဆန်းစုကြည် သမ္မတ ဖြစ်နိုင်ကြောင်း ဦးသိန်းစိန် ပြော 
http://blog.irrawaddy.org/2012/09/blog-post_8406.html
 
Suu Kyi President in 2014? Just Ask the Stars…
http://www.irrawaddy.org/z_education/suu-kyi-president-in-2014-just-ask-the-stars.html
 



.


Viewing all articles
Browse latest Browse all 5236

Trending Articles