Quantcast
Channel: The Irrawaddy's Blog
Viewing all articles
Browse latest Browse all 5236

ပုသိမ်မှာလုပ်ခဲ့တဲ့ လုပ်ငန်းခွင်အကြိုသင်တန်း

$
0
0
~



လူငယ်များ လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေးနှင့် အလုပ်အကိုင်အခွင့် အလမ်းဆိုင်ရာ မြှင့်တင်ရေး လုပ်ငန်းခွင် အကြိုစွမ်းရည်မြှင့် သင်တန်းဆင်းပွဲကို ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့ မြို့ တော်ခန်းမတွင် ဒီဇင်ဘာ (၉) ရက်နေ့က  ပြုလုပ်ခဲ့သည်။



အခမ်းအနားတွင် ကုမ္ပဏီများက အလုပ်လျှောက်ထားသူတို့ကို စစ်ဆေးရွေးချယ်ခြင်း၊  သင်တန်းဆင်းလက်မှတ် ပေးအပ်ခြင်း   စသည့် အစီအစဉ်များ ပါဝင်သည်။

ယခုဖွင့်လှစ်ခဲ့သော လုပ်ငန်းခွင် အကြိုသင်တန်းတွင် အလုပ်သမားရေးရာ အခြေခံအသိပညာ၊ အဖွဲ့အစည်း ဆိုင်ရာ အခြေခံ အသိပညာ၊ လူမှုကျင့်ဝတ်ဆိုင်ရာ အခြေခံအသိပညာ၊
လုပ်ငန်းခွင် စိတ်နေစိတ်ထားဆိုင်ရာ အခြေခံ အသိပညာစသည်ဖြင့် ဘာသာရပ်ပေါင်း (၁၂) ခုအား သင်ကြားပေးခဲ့ကြောင်း သိရသည်။

ဒီဇင်ဘာ ၉ အထိ နှစ်ပတ်ကြာခဲ့သော သင်တန်းကို  သင်တန်းသား (၁၃၉) ဦး တက်ရောက်ခဲ့သည်ဟု ဆိုသည်။

သင်တန်းဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်နှင့် ပတ်သက်၍ ဒေါ်ယမင်းသူအားတွေ့ဆုံမေးမြန်းရာတွင် “အဓိက ကတော့ အလုပ်အကိုင်အခွင့်အလမ်းနည်းပါးသော ဒေသများမှ လူငယ်များအတွက် လမ်းစဖော်ဆောင် ပေးနိုင်ဖို့၊  ပညာအရည်အချင်းရှိသော်လည်း တိုးတက်ရေးအတွက် လမ်းစပျောက်နေသူများအတွက် ကူညီဆောင်ရွက်ပေးနိုင်ဖို့  ဒီသင်တန်းကို ဖွင့်လှစ်တာဖြစ်ပါတယ်” ဟု ပြောကြားသည်။
သင်တန်းသားတဦးကလည်း “ကျနော် ဒီသင်တန်းကို တက်ရတာ ပျော်တယ်၊ အရင်ကထက် ပိုပြီး ကိုယ့်ကိုယ်ကို ယုံကြည်မှု ပိုရှိလာတယ်”  ဟုလည်း ပြောကြားပါသည်။

သင်တန်းကို ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့၏ ကြီးကြပ်လမ်းညွှန်မှုဖြင့် နေကြယ်ဦးကုမ္ပဏီများ အုပ်စုပရဟိတလုပ်ငန်းက တာဝန်ယူဖွင့်လှစ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

သင်တန်းဆင်းပွဲ  အခမ်းအနားသို့ ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ ၀န်ကြီးချုပ်အမှူးပြုသော အစိုးရအဖွဲ့ဝင် လူကြီးများ ဌာနဆိုင်ရာ အရာရှိကြီးများ၊ နေကြယ်ဦး၊  ကုမ္ပဏီများအုပ်စု မန်နေဂျင်းဒါရိုက်တာ ဦးဇော်လွင်ဦး၊ ကုမ္ပဏီမှ တာဝန်ရှိသူများ၊ သင်တန်းသား၊ သင်တန်းသူများ၊ မြို့မိမြို့ဖများနှင့် လူမှုရေးအဖွဲ့အစည်းများ တက်ရောက်ခဲ့ကြသည်။

 ရန်နောင်(ဗိုလ်တထောင်)



.


Viewing all articles
Browse latest Browse all 5236

Trending Articles