Quantcast
Channel: The Irrawaddy's Blog
Viewing all articles
Browse latest Browse all 5236

နည်းပညာနဲ့ ဆုံဆည်းပြီး နိုင်ငံတကာမှာ ရင်ဘောင်တန်းနိုင်ဖို့

$
0
0

၂၁ ရာစုမှာ အဓိက မဖြစ်မနေ ပညာဆိုတဲ့ ရပ်ဝန်းထဲ  နည်းပညာဆိုတာ အရေးပါတဲ့ အခန်းကဏ္ဍက နေရာ ယူလာနေချိန်မှာ နည်းပညာနဲ့ ဆုံဆည်းကြမယ့် အစီအစဉ်ကောင်းလေး တခုပါ။ စိတ်ဝင်စားတဲ့ လူငယ်တွေ အတွက် အသုံးတည့်မယ့် ကိစ္စ တခုလည်းဖြစ်ပါတယ်။ 





“နည်းပညာဖြင့် သာတူညီညာ စုစည်းရာ”

ဒေသတွင်း နည်းပညာနှင့် လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ကို အသိပေးစည်းရုံးသော အဖွဲ့စည်း တစ်ခု ဖြစ်သည့် “ ဖွံ့ဖြိုးမှုအတွက် ICT အဖွဲ့”(Myanmar ICT for Development Organization - MIDO) နှင့် အမေရိကန် သံရုံးတို့ ပူးပေါင်းပြီး ဇန်နဝါရီ ၁၃ နှင့် ၁၄ ရက် နေ့တို့တွင် ရန်ကုန်မြို့၌ “နည်းပညာဖြင့် သာတူညီညာ စုစည်းရာ” ခေါင်းစဉ်ဖြင့် TechCamp တစ်ခု ပြုလုပ်မည် ဖြစ်ပါသည်။

TechCamp များသည် ကမ္ဘာကြီးတွင် လက်ရှိဖြစ်ပေါ်နေသောစိန်ခေါ်မှုများကို ရင်ဆိုင်ဖြေရှင်းရာတွင် နည်းပညာကို  မည်သို့အသုံးပြုနိုင်မည် ဆိုသည်ကို နည်းပညာကျွမ်းကျင်သူများနှင့် လူထုအခြေပြု အဖွဲ့အစည်းများကို အမေရိကန်အစိုးရ၏ ဦးဆောင်မှုဖြင့် စုဝေးဖိတ်ကြားပြီး အတူတကွ ပူးပေါင်းဆွေးနွေး ညှိနှိုင်းအဖြေရှာနိုင်ရန်အတွက် ပြုလုပ်ပေးသော ပွဲများဖြစ်ပါသည်။

ရည်မှန်းချက်မှာ လူထုအခြေပြုအဖွဲ့စည်းများနှင့် ပြည်တွင်း၊ ဒေသတွင်းနှင့် နိုင်ငံတကာနည်းပညာအဖွဲ့ အစည်းများကို  ပေါင်းကူးချိတ်ဆက်နိုင်စေရေးနှင့် လူထုအခြေပြုအဖွဲ့အစည်းများ၏ ဒစ်ဂျစ်တယ်နည်းပညာ အသုံးပြုနိုင်မှု စွမ်းရည်ကို မြှင့်တင်ပေးရေး ဖြစ်ပါသည်။

“နည်းပညာဖြင့် သာတူညီညာ စုစည်းရာ” ခေါင်းစဉ်ဖြင့် မြန်မာနိုင်ငံတွင်ကျင်းပပြုလုပ်မည့် TechCamp တွင်လည်း အထက်ဖော်ပြပါ အဖွဲ့အစည်းအသီးသီးမှ ကိုယ်စားလှယ် ၁ဝဝ မှ ၁၅ဝ ဝန်းကျင်ခန့် နှင့်အတူ ဘဏ္ဍာရေး စီမံခန့်ခွဲမှုကျွမ်းကျင်သူများ နှင့် နည်းပညာရပ်ဝန်းမှ ကျွမ်းကျင်သူများကို ဖိတ်ခေါ်ပြီး အတူတကွ ပူးပေါင်းကာ မြန်မာနိုင်ငံအတွင်းရှိ နည်းပညာအရင်းအမြစ်များအကြောင်း လေ့လာခြင်း၊ လူထု အခြေပြုအဖွဲ့အစည်းများ ရင်ဆိုင်နေရသော စိန်ခေါ်မှုများကို စူးစမ်းရှာဖွေခြင်းနှင့် ၄င်းစိန်ခေါ်မှုများကို ဖြေရှင်းကျော်လွှားနိုင်မည့်နည်းလမ်းများ အကောင်အထည် ပေါ်ပေါက်လာစေရေးတို့ကို ဝိုင်းဝန်း ပြုလုပ် သွားကြမည်ဖြစ်သည်။

ဤ TechCamp ကို တပြိုင်နက် ဘာသာပြန်ခြင်းစနစ်ကိုအသုံးပြု၍ အင်္ဂလိပ်ဘာသာ နှင့် မြန်မာ ဘာသာ နှစ် ဘာသာလုံးဖြင့် ကျင်းပပြုလုပ်သွားမည် ဖြစ်ပါသည်။

မိမိတို့ (သက်ဆိုင်ရာ/လက်လှမ်းမီရာ) လူမှုအဖွဲ့စည်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကဏ္ဍအသီးသီးတွင် လုပ်ဆောင်နေကြသော၊ ပြဿနာရပ်များကိုကိုင်တွယ်ဖြေရှင်းပုံ နည်းလမ်းအသစ်များကို သင်ယူရန် စိတ်အား ထက်သန်ကြသော မြန်မာနိုင်ငံတဝှမ်းလုံးမှ အဖွဲ့အစည်းအသီးသီး နှင့် လူပုဂ္ဂိုလ်များ အားလုံးကို ထိုပွဲသို့ တက်ရောက်နိုင်ခွင့် လျှောက်ထားခြင်းအား ပွဲစီစဉ် သူများအနေဖြင့်  လှိုက်လှဲစွာ ကြိုဆိုပါသည်။

ပါဝင်ဆင်နွှဲမည့်သူများကို အောက်တွင် ဖော်ပြထားသော မေးခွန်းပုံစံကို ဖြေကြားမှုအပေါ်တွင် အခြေခံကာ ကွဲပြားမှုကို ပဓာနထား၍ ရွေးခြယ်သွားမည် ဖြစ်ပါသည်။

တတ်နိုင်သမျှ အများဆုံး ကွဲပြားခြားနားသော ပါဝင်ဆင်နွှဲသူများ တက်ရောက်နိုင်ရန် အလို့ငှာ လူထု အခြေပြု အဖွဲ့အစည်းတစ်ခုစီမှ အများဆုံး ကိုယ်စားလှယ် (၂) ဦးထိ ရွေးချယ်သွားမည် ဖြစ်ပါသည်။

ဤပွဲ၏ ခေါင်းစဉ်စာသား “နည်းပညာဖြင့် သာတူညီညာ စုစည်းရာ” ကို အသိအမှတ်ပြုသောအားဖြင့် ပွဲစီစဉ်သူများအနေဖြင့် မြန်မာနိုင်ငံအတွင်းမှ ကွဲပြားခြားနားသော ဒေသန္တရနှင့် လူမှုဝန်းကျင်အသီးသီးကို ကိုယ်စားပြု၍  တက်ရောက်ဆင်နွှဲမည့် သူများကို ရှာဖွေထည့်သွင်းရွေးချယ်ပါမည်။

ရန်ကုန်ပြင်ပမှ တက်ရောက်လာမည့် သူများအတွက် ခရီးစရိတ်များ ပွဲစီစဉ်သူများက ပြန်လည် ထုတ်ပေးမည်ဖြစ်ပြီး တက်ရောက်သူများအဆင်ပြေစေရန် ကျင်းပမည့် နေရာနှင့် အနီးဆုံးတွင် တည်းခိုနေထိုင် စားသောက်နိုင်ရန် စီစဉ်ပေးထားမည်ဖြစ်သဖြင့် အခြားတက်ရောက်သူတစ်ဦးဦးနှင့် အခန်းကို ပေါင်းနေရန်လည်း မေတ္တာရပ်ခံအပ်ပါသည်။

သင့်အနေနှင့် ယခုပွဲကိုတက်ရောက်ပါဝင်ခြင်းအားဖြင့် အကျိုးအမြတ်ရနိုင်မည်ဟု ယုံကြည်လောက်သော အထူးသဖြင့် ရန်ကုန်မြို့ ပြင်ပတွင် ရှိနေသည့် အဖွဲ့အစည်းများနှင့် လူပုဂ္ဂိုလ်များထံသို့ ယခု ဖိတ်ကြားလွှာအား ဆင့်ပွားမျှဝေပေးရန် လေးစားစွာ ပန်ကြားအပ်ပါသည်။

TechCamp သို့ တက်ရောက်ပါဝင်ဆင်နွှဲနိုင်ရန် အောက်တွင်ဖော်ပြပါ ရှိသော မေးခွန်းများ ကို ပြည့်စုံ စွာ
ဖြေကြားပြီး info@myanmarido.orgသို့ ဒီဇင်ဘာ ၃၁ရက်နေ့ (အင်္ဂါနေ့)ထက် နောက်မကျ ဘဲ
လျှောက် ထားနိုင်ပါ သည်။

မေးမြန်းစုံစမ်းလိုပါက ဖုန်းနံပါတ် 09 450025616 (မရတနာ) နှင့် 09 73067123 (မနန်းညီ) တို့ထံသို့ ဆက်သွယ်နိုင်ပါသည်။

TechCamp Yangon ၏ facebook စာမျက်နှာ https://www.facebook.com/TechCampYangonတွင်လည်း အချိန်နှင့်တပြေးညီ သတင်းများကို တင်ပေးနေပါသည်။



 မေးခွန်းလျှောက်လွှာပုံစံ - 

(၁) အမည်

(၂) အဖွဲ့အစည်း (သင့်အနေနှင့် သီးခြားလွတ်လပ်စွာ ရပ်တည်လုပ်ကိုင်နေသူဖြစ်ပါက သင်ပူးပေါင်းလုပ်ဆောင်သော  အခြားအဖွဲ့အစည်းများ ရှိ/မရှိနှင့် ရှိလျှင် ၄င်းတို့ကို ကျေးဇူးပြု ညွှန်းဆို ဖော်ပြပေးပါ။)

(၃) အဖွဲ့အစည်း၏ ရည်ရွယ်ချက်

(၄) သင်သည် မြန်မာနိုင်ငံ၏ မည်သည့် ဒေသတွင် လုပ်ကိုင်ဆောင်ရွက်နေပါသနည်း။

(၅) TechCamp ကိုဘာကြောင့် တက်ရောက်လိုပါသနည်း။ ( စကားလုံး ၁၅ဝ မှ ၂ဝဝ အတွင်း ရေးသားရန်)

(၆) ဆက်သွယ်ရန် ဖုန်းနံပတ်နှင့် လိပ်စာ




အပေါ်က ဖော်ပြထားချက်တွေနဲ့ အတူ အမြန်ဆုံး ဆက်သွယ်နိုင်ပါတယ်လို့ သက်ဆိုင်ရာ ဆော်သြသူတွေက ပြောပါတယ်။ 






Viewing all articles
Browse latest Browse all 5236

Trending Articles


မလေးရှားလေယာဉ်ကြီး ဘယ်ရောက်သွားပြီလဲ


တာချီလိတ်မြို့ ဆန်ဆိုင်း(က)ရပ်ကွက်၌ ဘိန်းဖြူ ၃၅ဂရမ် ဖမ်းဆည်းရမိ


သီတဂူဆရာတော်ကြီး၏ မွေးနေ့ ပို့စ် ဖိတ်ခေါ်


"မြန်မာ့သမိုင်းတကွေ့မှ ပထမဆုံးလေကြောင်းတိုက်ပွဲ အပိုင်း(၂)"


စနေမင်း နှင့် တနင်္ဂနွေမင်း


မောင်စွမ်းရည် ● ဂျပန်စကားသင် ကျောင်းသား မောင်ဘဂျမ်း


ပဒူကောင် …အန္တရာယ်နှင့်… အတုပ်ခံရပါက.. ဆောင်ရန်၊ ရှောင်ရန် ..အချက်များ


⁠နှင်းဆီပင် စိုက်ပျိုး⁠ခြင်း အပိုင်း – (၂)


ကမ္ဘာကျော်တရုတ်နတ်သမီးဆယ်ယောက်


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link