Quantcast
Channel: The Irrawaddy's Blog
Viewing all articles
Browse latest Browse all 5236

ဒေါက်တာ စင်သီယာမောင်ကို ထိုင်းတက္ကသိုလ်က ဒေါက်တာဘွဲ့ ချီးမြှင့်မယ်

$
0
0
ထိုင်း-မြန်မာနယ်စပ်မြို့ ဖြစ်တဲ့ ထိုင်းနိုင်ငံ မဲဆောက်မြို့မှာ အခြေစိုက်တဲ့ မယ်တော်ဆေးခန်း တည်
ထောင်သူ ဒေါက်တာ စင်သီယာမောင်ကို ထိုင်းနိုင်ငံ အထင်ကရတက္ကသိုလ်တခုက ဖြစ်တဲ့ Ubon Ratchathani University က ဆေးပညာ ဆိုင်ရာ ဒေါက်တာဘွဲ့ကို ပေးအပ်ချီးမြှင့်မှာ ဖြစ်ပါတယ်။ 

ဒေါက်တာ စင်သီယာမောင် (ဓာတ်ပုံ – maetaoclinic.org)
 
မြန်မာနိုင်ငံသားတဦးအနေနဲ့ ထိုင်း တက္ကသိုလ်ရဲ့ ပထမဆုံး ချီးမြှင့်ခံရတဲ့ ဆေး ပညာဆိုင်ရာ ဂုဏ်ထူး
ဆောင် ဒေါက်တာဘွဲ့ကို လက်ခံယူဖို့အတွက်အခမ်းအနားကို လာမယ့် ဒီဇင်ဘာလ ၁၈ ရက်နေ့မှာ ကျင်းပ မှာပြီး ဘွဲ့လက်မှတ်ကို ထိုင်းဘုရင့်သမီးတော် မဟာ ချက်ကရီ သီရိဒုံက ပေးအပ်ချီးမြှင့်မှာဖြစ်ပါတယ်။ 

၈၈ အရေးတော်ပုံကနေ ပေါက်ဖွားလာပြီး မယ်တော်ဆေးခန်းလို့ လူသိများတဲ့ “ကျောင်းသား ဆေးခန်း” ဟာ ထိုင်း-မြန်မာ နယ်စပ် မဲဆောက်မြို့မှာ အခြေစိုက်ပြီး ထိုင်းနိုင်ငံ တာ့ခ်ခရိုင်ထဲမှာ ရောက်ရှိနေ တဲ့ 
ရွှေ့ပြောင်းမြန်မာ အလုပ်သမားတွေ၊ အထောက်အထား မဲ့နေတဲ့ မြန်မာနိုင်ငံသားတွေနဲ့ မြန်မာနိုင်ငံ ကရင်ပြည်နယ်နဲ့ နယ်စပ်တလျှောက်မှာ နေထိုင်သူတွေ ရဲ့ အားကိုးအားထားရတဲ့ ဆေးခန်း တခု ဖြစ်ပါ တယ်။ 

ဒီဆေးခန်းမှာ မြန်မာနိုင်ငံထဲက လာရောက်ကုသနေတဲ့ လူနာတွေနဲ့ ထိုင်းနိုင်ငံ နယ်စပ်မြို့မှာ ရောက်ရှိနေ တဲ့ ရွှေ့ပြောင်း မြန်မာ အလုပ်သမားတွေကို အတွင်းလူနာ၊ အပြင်လူနာတွေအဖြစ် တရက်ကို အယောက် ၃၀၀ ခန့် နေ့စဉ် အခမဲ့ ကုသ ပေးနေဆဲ ဖြစ်ပါတယ်။ 

ဒါ့အပြင် ထိုင်း-မြန်မာ နယ်စပ်က ထောင်ချီတဲ့ ရွှေ့ပြောင်း ကလေးငယ်တွေကိုလည်း ပညာသင်ကြားပေး လျက် ရှိပါတယ်။ 

မကြာသေးခင်ကဒေါက်တာစင်သီယာမောင်နဲ့ ဧရာဝတီ အင်တာဗျူးကိုလည်းကိုလည်း ဒီနေ့ရာကတဆင့် သွားရောက် ဖတ်နိုင်ပါတယ်။




အိမ့်သံစဉ် ~ 





Viewing all articles
Browse latest Browse all 5236

Trending Articles