Quantcast
Channel: The Irrawaddy's Blog
Viewing all articles
Browse latest Browse all 5236

နေပြည်တော်မှာ စစ်တပ်က မြေ ဧက ၄၂ဝဝ ကျော် သိမ်းထား

$
0
0
နေပြည်တော် ဥတ္တရသီရိမြို့နယ်က အမှတ်(၂) တပ်မတော် တန်းမြင့်လေ့ကျင့်ရေး သင်တန်းကျောင်း ၊ အမှတ်(၈၅) ခြေလျင်တပ်ရင်းက အာဆီယံသေနတ် ပစ်ကွင်းအတွက် မြေဧက ၄၂၀၀ ကျော် သိမ်းယူထားတယ်လို့ သတင်းရပါတယ်။ 


 နေပြည်တော်မှာ စစ်တပ်က မြေသိမ်းထားသည့် မြင်ကွင်းတချို့ (ဓာတ်ပုံများ - ထက်နိုင်ဇော် / ဧရာဝတီ)

ဒီလို သတင်းရတဲ့တွက် ဧရာဝတီက သွားရောက်စုံစမ်းတဲ့အခါ အဲဒီ သိမ်းယူထားတဲ့ နေရာတွေ မှာ 
ဆောက် လက်စ စီမံကိန်းတချို့လည်း ရှိနေပြီး မြေသိမ်းခံထားတဲ့ လယ်သမားတွေ နဲ့ သူတို့ ဖယ်ရှားပေး လိုက် ရတဲ့နေရာတွေလည်း တွေ့ရပါတယ်။ 

မြေသိမ်းယူထားတယ်ဆိုတဲ့ နေရာတခုမှာတော့ စစ်တပ် က တာဝန်ကျသူက လူအ၀င်အထွက် စစ်ဆေးနေ တာလည်း တွေ့ရပါတယ်။ 

မြေသိမ်းမှုတွေ လုပ်ထားတဲ့ ဒေသမှာ တာဝန်ရှိသူ စစ်တပ်က ဗိုလ်ကြီး နေဝင်းဆိုသူကလည်း မှတ်တမ်း ဓာတ်ပုံရိုက်တာ ကို တားမြစ်ပြီး မီဒီယာတွေအနေနဲ့ ဒီနေရာကို ဝင်ခွင့် မပြုဘူးလို့လည်း ဧရာဝတီ သတင်းဌာနကို ပြောခဲ့ပါတယ်။ 

ဧရာဝတီ သတင်းဌာနရဲ့ မီဒီယာ သမားတချို့က စစ်တပ်က မြေသိမ်းထားတဲ့ နေရာကို ၀င်ရောက်လာတဲ့ အတွက် လယ်သမား တွေရဲ့ "တဲ "တွေကိုလည်း ချက်ခြင်း ပြောင်းရွှေ့ဖို့ အာဏာပိုင်တွေက လယ်သမား
တွေ ကို ဖိအားပေးခဲ့တယ်လို့ သိရပါတယ်။ 

မြန်မာနိုင်ငံရဲ့ စီးပွားရေး နိုင်ငံရေး ပြုပြင်ပြောင်းလဲရေးတွေ လုပ်ဆောင်လာတဲ့ ဒီ ၂ နှစ်ကျော်ကာလ မှာ မြေ၊ လယ်၊ ယာ သိမ်းဆည်းမှုတွေ အတော်များများကို ပြန်လည်ဖော်ထုတ်မှုတွေ စတင်လာခဲ့ ကြတာပါ။ 

မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲမှုမှာ အကျည်းတန်ဆုံး မြေယာသိမ်းဆည်းမှုတွေကို လုပ်ခဲ့ကြတဲ့ စစ်တပ်အပါ အဝင် စီးပွားရေး လုပ်ငန်းရှင်ကြီးတွေ၊ နိုင်ငံခြား ရင်းနှီးမြှုပ်နှံတဲ့ စီမံကိန်းကြီးတွေက အဓိက ဖြစ်ပါတယ်။ 

မကြာသေးခင်တုန်းကပဲ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က တနိုင်ငံလုံးတွင် စစ်တပ် သိမ်းဆည်းထားတဲ့ မြေဧက ၂ သိန်း ကျော် အနက်မှ မြေဧက ၃၈၀၀၀ကို ပြန်လည်ပေးအပ်သွား မှာ
ဖြစ်တယ်လို့ ပြည်ထဲရေးဝန်ကြီးဌာန၊ ဒုတိယ ဝန်ကြီး ဗိုလ်မှူးချုပ်ကျော်ဇံမြင့်က ပြောသွားပါတယ်။


“တပ်သိမ်းမြေတွေနဲ့ ပတ်သက်ပြီး အပိုင်း ၃ပိုင်း ပြောလို့ရပါတယ်။ အခု ဧက ၃သောင်း ကျော် ကတော့ လုံးဝ အရှင်း ပေးလို့ ရတာပေါ့။ နောက်တခုက တစိတ်တဒေသ ပေးလို့ရတယ်။ နောက်ကတော့ လုံခြုံရေး အရ လုံးဝ ပြန်ပေးလို့ မရဘူးပေါ့။ တစိတ်တပိုင်း ပေးတာကတော့ တပ်လုံခြုံရေးကိုမထိခိုက်တဲ့အပိုင်း ကို ပြန်ပေးမှာပါ။ ပြန်မပေး ဘူး ဆိုရင်လည်း ဘယ်လိုကြောင့် ပြန်မပေးလဲ။ ဘာကြောင့်လဲဆို တာ ကို
သေချာ ရှင်းလင်း ပြောမှာပါ”ဟု ဗိုလ်မှူးချုပ်ကျော်ဇံမြင့်က နေပြည်တော်မှာ ပြီးခဲ့တဲ့ စက်တင်ဘာလက ကျင်းပတဲ့ မြေအသုံးချမှု စီမံခန့်ခွဲရေး ဗဟိုကော်မတီ ဖွဲ့စည်းမှုနဲ့ ဆက်စပ်တဲ့ အစည်း အဝေးမှာ ပြောသွား ခဲ့တာပါ။

 သိမ်းဆည်းခံ မြေတွေနဲ့ မြေသိမ်းခံ လယ်သမား တချို့



 စစ်တပ်က သိမ်းဆည်းထားတဲ့ နေပြည်တော်က မြေ နေရာ တချို့ မြင်ကွင်း 


 မီဒီယာတွေ ဝင်ခွင့်ပေးလို့ လယ်သမားတွေရဲ့ တဲတွေ ကို ချက်ခြင်း ပြောင်းရွှေ့ဖို့ စစ်တပ်က ဖိအားပေး


 မြေသိမ်းထားတဲ့ နေရာမှာ အဝင်အထွက် စစ်ဆေးတဲ့ ဂိတ်တခု


ထက်နိုင်ဇော် ~





Viewing all articles
Browse latest Browse all 5236

Trending Articles