Quantcast
Channel: The Irrawaddy's Blog
Viewing all articles
Browse latest Browse all 5236

ပါ့စ်ပို့စာအုပ်ရရေး လျှောက်လွှာ စာရွက် ၃ ရွက်သာလိုတော့

$
0
0
ပြည်ထဲရေး ဝန်ကြီးဌာနရဲ့ မြန်မာ နိုင်ငံကူး လက်မှတ် ထုတ်ပေးရေး ရုံးက မြန်မာ နိုင်ငံကူး လက်မှတ် 
လျှောက်ထားရာတွင် အချိန်ကုန်၊ ငွေကုန် သက်သာမှုတွေ ရှိစေဖို့ ဖြေလျှော့မှုတွေ လုပ်ပေးနေတယ်လို့ ယနေ့ မတ်လ ၂၀ ရက်နေ့  နိုင်ငံပိုင် သတင်းစာတွေမှာ ဖော်ပြထားပါတယ်။ 


 
အရင်က  မြန်မာ နိုင်ငံကူး လက်မှတ် လျှောက်ထားရာ မြန်မာ နိုင်ငံကူး လက်မှတ်လျှောက်လွှာ ပုံစံများနှင့် ပတ်သက်၍ ယခင်က ဖြည့်စွက် လျှောက်ထားရသည့် လျှောက်လွှာပုံစံ ၁၄ ရွက်တောင် ရှိခဲ့တာပါ။ ဒီအပြင် ယခင်က ပါ့စ်ပို့ စာအုပ်ထွက်လာဖို့ ၃ လကြာ စောင့်ရပြီး နောက်ပိုင်း ၁ လ၊ ၃ ပတ် စသဖြင့်  ဖြေလျှော့ပေး လာခဲ့ရာ အခုတော့ ၁၀ ရက်နဲ့ အပြီး လုပ်ပေးတော့မှာလည်း ဖြစ်ပါတယ်။

အခုလျှောက်လွှာပုံစံနဲ့ပတ်သက်ပြီး ၅ ရွက်သာ  ဖြည့်သွင်း လျှောက်ထား ရတော့မှာ ဖြစ်ကြောင်း ဖော်ပြ ခဲ့ပေမယ့် ထပ်မံ ဖြေလျှော့ပြီး ၃ ရွက်သာ ဖြည့်စွက်လျှောက်ထားရတော့မယ်လို့ ဆိုပါတယ်။ 

အဲဒီ ၃ ရွက်ကတော့  ကိုယ်ရေး မှတ်တမ်း ထိန်းသိမ်းရန် ပုံစံ(၂-စုံ) ၂ - ရွက် ( ၄ - မျက်နှာ)၊ ကွန်ပျူ တာ လျှောက် လွှာ ပုံစံ (၁-စုံ) ၁ ရွက် စုစုပေါင်း သုံးရွက်ဖြစ်ပါတော့တယ်တဲ့။ 


ယခင်က မြန်မာနိုင်ငံကူး လက်မှတ် ပြုလုပ်ရာမှာ ဆေးပညာ ဘွဲ့ရရှိပြီးသူဆရာဝန်တွေ အနေနဲ့ ဘွဲ့လျော် 
ကြေး အဖြစ် ကျပ်ငွေ ၁၀ သိန်းနဲ့ ရိုးရိုးဘွဲ့ အတွက်လျော်ကြေး ကျပ် ၁ သောင်း ၂ ထောင် ပေးဆောင်ခဲ့ ရပေ မယ့် အခု ပေးဆောင် စရာ မလိုတော့ပါဘူးလို့ နိုင်ငံကူးလက်မှတ် ထုတ်ပေးရေး ပြည်ထဲရေး ၀န်ကြီး ဋ္ဌာန အရာရှိ တဦးကို ကိုးကားပြီး MRTV 4 သတင်းတပုဒ်မှာလည်း ဖော်ပြပါတယ်။ 

အခုလို အချိန်ကုန်သက်သာ၊ စာရွက်သက်သာမှုတွေကြောင့် နိုင်ငံခြားထွက်သူတိုင်းအတွက် ပါ့စ်ပို့ရရေး ကတော့ နိုင်ငံတကာနဲ့ အပြိုင် လုပ်ဆောင်လာလို့ ကြိုဆိုကြကြောင်း ပြောဆိုသံတွေ ဆက်တိုက်ပေါ်ထွက် လာနေပါတယ်။ 

အိမ့်သံစဉ် ~


Viewing all articles
Browse latest Browse all 5236

Trending Articles


အင်ဂျင်နီယာဆိုင်ရာစာအုပ်များ (၁၁ အုပ်)


ခင်လွန်း - “ကျီးဖြူ ကျီးမည်း တစ်ကောင်တည်း”


စိုးလွင် (၂၁၁) (၀မ်ခ) ● သူပုန်တို့ရဲ့ဌာနချုပ် မာနယ်ပလောကို ကာကွယ်စို့


စနေမင်း နှင့် တနင်္ဂနွေမင်း


မြန်မာတွေ ကြည့်ရှု အဆင်ပြေမယ့် ဇာတ်ကား ရိုက်ကူးတယ် ဆိုသူ စံရတီမိုးမြင့်


၂၀၁၅ ရွေးကောက်ပွဲ ကိုယ်စားလှယ်နေရာ ထွန်းအိန္ဒြာဗိုလ်ကို ကမ်းလှမ်းကြောင်း NLD...


တာနောယက္ခ


မနောမယအိမ်ခြံမြေရောင်းနည်း


အောင်မြို့● လူမိုက်ကိုဖိုးစောဟု ခေါ်လေသည်


အိမ်တွင်း နတ်အတွက် အိမ်တွင်း အုန်း ထားသင့် မထားသင့်


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


♪ ဂစ်တာတီးခတ်နည်းစာအုပ်များစုစည်းမှု (မြန်မာလိုစာအုပ်များ) ♫


မြန်မာညစ်ညမ်းဗီဒီယို ထုတ်လုပ်မှု ရဲတပ်ဖွဲ့ စတင်စုံစမ်းစစ်ဆေး


“ရွှေဒင်္ဂါးပြား ရှုံးသွားသလား မြတ်သလား”


တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နှင့် ဇ နီး...


အမျိုးကောင်း သမီးတွေ ဖြစ်ကြစေဖို့


"ကုလား"လို့ ပဲ ဆက်၍ခေါ်မယ် အဘိုင်


ဝင်းအောင်ကြီး(မောင်အောင်မွန်) - ရှုမ၀မောင်ဆွေတင့်နှင့် မောင်ဆွေတင့်၏ ရှုမဝ


အကြောတစ်ထောင်ရွက်


နာမည်ကြီးနေတဲ့ ဆယ်လီတက္ကသိုလ်ကျောင်းသူ အချောလေးများ