Quantcast
Channel: The Irrawaddy's Blog
Viewing all articles
Browse latest Browse all 5236

မြန်မာပြည်ကိုယ်စားပြုပြီး ဆီးဂိမ်းဝင်ပြိုင်သူတိုင်းကို တသိန်းစီ ဆုချ

$
0
0
~

 

လက်ရှိ ကျင်းပနေပြီဖြစ်တဲ့ ၂၇ ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲမှာ မြန်မာပြည်ကိုယ်စားပြု ပါဝင်ယှဉ်ပြိုင်သူတိုင်းကို အားကစားဝန်ကြီးဌာနက ၁ ဦးကို ၁ သိန်းစီ ဆုချခဲ့တယ်လို့ သိရပါတယ်။
 

ဒီဇင်ဘာ ၁၁ ရက်နေ့က ပုသိမ်ငွေဆောင်ကမ်းခြေမှာ မြန်မာအားကစားသမားတွေကို ဆုချနေတဲ့ ဒုဝန်ကြီး ဦးသောင်းထိုက် (ဓာတ်ပုံ - ဆလိုင်းသန့်စင် / ဧရာဝတီ)

 ၈၃၄ ဦးအတွက် ငွေကျပ် ၈၃၄ သိန်း ပေးအပ်ခဲ့တာလို့ အားကစားဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးသောင်းထိုက်က ဧရာဝတီကို ပြောပါတယ်။

 “မလျှော့တဲ့ ဇွဲ၊ သတ္တိနဲ့ နိုင်အောင်ယှဉ်ပြိုင်ကြပါ မောင်တို့မယ်တို့ဆိုပြီးတော့ ၁ သိန်းစီ ဆုချတာပါ... ကစားသမားအားလုံး ပွဲတိုင်းကို အကုန် လိုက်ပေးတာပါ။ အဓိကက သူတို့အနိုင်ရဖို့ အားတခုဖြစ်စေချင်လို့ပါ”လို့ သူက ပြောပါတယ်။

 အားကစား ဒု ၀န်ကြီး ဦးသောင်းထိုက်ဟာ မနေ့က  ငွေဆောင်မှာကျင်းပတဲ့ ရွက်လှေပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို တက်ရောက်ခဲ့ပါတယ်။ 
 မြန်မာ့လက်ရွေးစင် ရွက်လှေအသင်းက ကစားသမားအားလုံးကို  ဒီလိုပေးအပ်ရာမှာ ဒုဝန်ကြီးကိုယ်တိုင် အားကစားသမားနာမည်ကို အော်ခေါ်ပြီး ကစားသမား လက်ထဲအရောက် ရင်းရင်းနှီးနှီးနဲ့ ပေးအပ်ခဲ့တာကို တွေ့ရပါတယ်။
ဒါ့အပြင် “မြန်မာ - နိုင်ရမည်” ဆိုတဲ့ သံပြိုင်ဟစ်ကြွေးတာတွေကို ၀န်ကြီးက တိုင်ပေးပြီး ကစားသမားတွေက လိုက်အော်ခဲ့ပါတယ်။

 ဆီးဂိမ်းမှာရွှေရဖို့ အဖက်ဖက်က ပံ့ပိုးပြင်ဆင်မှုတွေအပြင် ဒီလို စိတ်ဓာတ်ခွန်အားပေးမှုတွေဟာ ၀င်ပြိုင်မယ့်ကစားသမားတွေကို စိတ်ဓာတ်တက်ကြွစေမှာ အမှန်ပဲဖြစ်ပါတယ်။

 မြန်မာနိုင်ငံအနေနဲ့ လက်ရှိမှာ ရွေတံဆိပ် ၁၈ ခု ရရှိထားတာကြောင့် ၂၀၁၁ ခုနှစ် အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့မှာ ပြုလုပ်ခဲ့တဲ့ ၂၆ ကြိမ်မြောက် ဆီးဂိမ်းထက်တော့ သာသွားပါပြီ။
အဲဒီတုန်းက မြန်မာနိုင်ငံက ရွှေဆု ၁၆ ခုပဲ ရခဲ့တာဖြစ်ပါတယ်။

 ၁၉၈၁ ခုနှစ်ကတည်းက ရွှေတံဆိပ် ၂၀ ခုထက် ပိုမရဖူးတော့တဲ့ မြန်မာနိုင်ငံအနေနဲ့ နှစ်ပေါင်း ၃၂ နှစ် အကြာမှာတော့ ဒီရလာဒ်ဆိုးကို ချေဖျက်နိုင်ဖို့ နီးစပ်နေပါပြီ။

တကယ်ဖြစ်လာမလားဆိုတာတော့ မကြာခင်ရက်ပိုင်းအတွင်း အဖြေပေါ်တော့မှာပါ။ ဆက်လက်စောင့်ကြည့်ကြဦးစို့လား...

 ဆလိုင်းသန့်စင်



.


Viewing all articles
Browse latest Browse all 5236

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...