Quantcast
Channel: The Irrawaddy's Blog
Viewing all articles
Browse latest Browse all 5236

ပုသိမ်မှာတွေ့ရတဲ့ ဆီးဂိမ်းရွက်လှေပြိုင်ပွဲ ဖွင့်ပွဲ

$
0
0
~




  
 ၂၇ ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ ရွက်လှေပြိုင်ပွဲဖွင့်ပွဲအခမ်းအနားကို ဒီနေ့ နံနက်ပိုင်းက ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့နယ် ငွေဆောင်ကမ်းခြေမှာ ကျင်းပခဲ့ပါတယ်။





 ဒါဟာ ဧရာဝတီတိုင်းဒေသကြီးမှာ ပထမဆုံး လက်ခံကျင်းပခွင့်ရခဲ့တဲ့ ဆီးဂိမ်းအစိတ်အပိုင်းတခုရဲ့ ဖွင့်ပွဲလည်း ဖြစ်ပါတယ်။

 ငွေဆောင်ကမ်းခြေက မြန်မာနိုင်ငံ ရွက်လှေအဖွဲ့ချုပ် ခန်းမမှာပြုလုပ်တဲ့ ဖွင့်ပွဲမှာ တက်ရောက်လာတဲ့ ပြည်တွင်းပြည်ပ ဧည့်သည်တွေကို ဖိုးသင်္ကြန် မြန်မာဆိုင်းဝိုင်းက မိနစ် ၃၀ ကြာ တီးခတ်ပြီး ဧည့်ခံပါတယ်။

 အဲဒီနောက်မှာ ရွက်လှေပြိုင်ပွဲဝင်ရောက်ယှဉ်ပြိုင်ကြမယ့် အိမ်ရှင်မြန်မာအပါအ၀င် အင်ဒိုနီးရှား၊ မလေးရှား၊ ထိုင်း၊ ဖိလစ်ပိုင်နဲ့ စင်္ကာပူနိုင်ငံက အားကစားအသင်းတွေ နေရာယူကြပါတယ်။
အားကစားအဖွဲ့တွေ နေရာယူပြီးနောက်မှာ မြန်မာနိုင်ငံတော်သီချင်းသီဆိုရင်းနဲ့ ဧရာဝတီတိုင်းရေတပ်က မြန်မာနိုင်ငံအလံ၊ ဆီးဂိမ်းအလံနဲ့ အားကစားအလံတို့ကို လွှင့်ထူပါတယ်။

 အဲဒီနောက် ဧရာဝတီတိုင်းဝန်ကြီးချုပ် ဦးသိန်းအောင်နဲ့ မြန်မာနိုင်ငံ ရွက်လှေအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးမိုးမြင့်တို့က အင်္ဂလိပ်လို အမှာစကားပြောကြားပြီး အားကစားဝန်ကြီးဌာန ဒု ၀န်ကြီး ဦးသောင်းထိုက်၊ ဦးသိန်းအောင်နဲ့ ဦးမိုးမြင့်တို့က ရွက်လှေပြိုင်ပွဲကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ပါတယ်။

 အဲဒီနောက် ကရင်ဒုံးယိမ်းအဖွဲ့၊ တိုင်းရင်းသားလူမျိုးစုအဖွဲ့တွေနဲ့ ရန်ကုန်မြို့က ဂီတမိတ်သံစုံအဖွဲ့က အကတွေ သီချင်းတွေနဲ့ ဖျော်ဖြေခဲ့ကြပြီး အခမ်းအနားကို ရုတ်သိမ်းခဲ့ပါတယ်။

 အခမ်းအနားကို ကာကွယ်ရေး ဦးစီးချုပ် (လေ)၊ အနောက်တောင်တိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်လူအေး၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်များ၊ တိုင်းအစိုးရ၀န်ကြီးများနဲ့ ဖိတ်ကြားထားတဲ့ ပြည်တွင်းပြည်ပ ဧည့်သည်တော်တွေအပါအ၀င် လူပေါင်း ၃၀၀ ကျော် တက်ရောက်ခဲ့ကြပါတယ်။

 ရွက်လှေပြိုင်ပွဲကို ဒီကနေ့ဖွင်လှစ်ခဲ့ပေမယ့် တကယ်တမ်းပြိုင်ပွဲကျင်းပမှာက ဒီဇင်ဘာ ၁၅ ရက်ကနေ ၂၀ ရက်နေ့အထိ ၆ ရက်ကြာ ကျင်းပမှာ ဖြစ်ပါတယ်။
ရွက်လှေအမျိုးစား ၆ ခုကိုအခြေခံပြီး ပြိုင်ပွဲပေါင်း ၁၃ ခု ကျင်းပကာ ရွှေတံဆိပ် ၁၃ ဆု ချီးမြှင့်သွားမှာဖြစ်ကြောင်း သိရပါတယ်။

  •  ဆလိုင်းသန့်စင်
ဆက်စပ် ~

 





















.


Viewing all articles
Browse latest Browse all 5236

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...