Quantcast
Channel: The Irrawaddy's Blog
Viewing all articles
Browse latest Browse all 5236

စင်္ကာပူဝန်ကြီးချုပ်ရဲ့ Facebook မှာ ဆူပူမှုနဲ့ပတ်သက်ပြီးရေးသားတုံ့ပြန်

$
0
0
~


 

တနင်္ဂနွေနေ့က ဖြစ်ပွားခဲ့တဲ့ အဓိကရုဏ်းနဲ့ ပတ်သက်ပြီး စင်္ကာပူဝန်ကြီးချုပ်ရဲ့  Facebook မှာ မှတ်ချက်ခပ်တိုတိုတခု တွေ့ရပါတယ်။

 


လုံခြုံရေးတပ်ဖွဲ့ဝင်တွေ ဒဏ်ရာရခဲ့တဲ့ ဖြစ်ရပ်အပြီး နာရီအနည်းငယ်အကြာမှာ အဲဒီမှတ်ချက် ထွက်ပေါ်လာတာပါ။

အခုဆိုရင် အဲဒီမှတ်ချက်ကို Like လုပ်သူပေါင်း 18,376 ဦး၊ ပြန်လည် ဖြန့်ဝေသူပေါင်း 2,468 ဦး  ရှိတာ တွေ့ရပါလိမ့်မယ်။

အရေးကြီးဖြစ်ရပ်နဲ့ ပတ်သက်ပြီး နိုင်ငံခေါင်းဆောင်တယောက်က သူ့ ဖေ့စ်ဘုတ်ကတဆင့် မှတ်ချက်ပေး သဘောထားပေးတယ် ဆိုတာ စိတ်ဝင်စားဖို့ ကောင်းပါတယ်။
ဘာတွေ ရေးထားတယ် ဆိုတာလည်း စိတ်ဝင်စားစရာပါပဲ။

သူ့ဖေ့စ်ဘုတ်ထဲကမှတ်ချက်ကို ဆီလျော်စွာ ဘာသာပြန်ပေးလိုက်ပါတယ်။

အိန္ဒိယရပ်ကွက်မှာ မနေ့ညက ဖြစ်ခဲ့တဲ့ မတော်တဆမှုက အင်မတန် အန္တရာယ်ရှိပါတယ်။ 
ရဲတပ်ဖွဲ့ ၀င်အများအပြား ဒဏ်ရာရခဲ့ကြတယ်၊ ကားတွေ ပျက်စီးတယ်၊ ဖျက်ဆီးခံရတယ်။

 အခြေအနေကို အခု ငြိမ်သက်အောင် ကိုင်တွယ် ထိန်းသိမ်းလိုက်နိုင်ပြီ၊ စုံစမ်းစစ်ဆေးတာတွေ လုပ်နေပါပြီ။
အဓိကရုဏ်းဖြစ်ရတဲ့အကြောင်းရင်းက ဘာပဲ ဖြစ်နေပါစေ၊ အကြမ်းဖက်မှု၊ ဖျက်ဆီးမှု၊ ရာဇဝတ်သင့်တဲ့အပြုအမူတွေအတွက် ဘာမှ ဆင်ခြေပေးစရာ မလိုပါဘူး။

ပြစ်မှုကျူးလွန်သူတွေကို အရေးယူမယ်၊ ဥပဒေကြောင်းအရ တိတိကျကျ အရေးယူပါမယ်။
 
စင်္ကာပူနိုင်ငံသားတွေ အားလုံး တည်တည်ငြိမ်ငြိမ် ရှိကြဖို့ တိုက်တွန်းလိုက်ပါတယ်။
ဒီဖြစ်ရပ်နဲ့ ပတ်သက်ပြီး သတင်းအချက်အလက်၊ ဓာတ်ပုံ သို့မဟုတ်  ရုပ်သံရိုက်ကူးချက် ရှိသမျှ ရဲတပ်ဖွဲ့ကို ပေးပို့ကြပါ။

ဒဏ်ရာ ရသွားတဲ့ အရာရှိတွေ အမြန်ဆုံး ပြန်လည် သက်သာဖို့ ဆန္ဒပြုလိုက်ပါတယ်။


.


Viewing all articles
Browse latest Browse all 5236

Trending Articles