Quantcast
Channel: The Irrawaddy's Blog
Viewing all articles
Browse latest Browse all 5236

ပြည်မြို့မှ ဘာသာပေါင်းစုံ ဆုတောင်းပွဲ

$
0
0
ဒီဇင်ဘာလ(၈)ရက်နေ့က ပြည်မြို့တပ်လမ်း တော်ဝင်ရတနာခမ်းမမှာ ဘာသာပေါင်းစုံ ဆုတောင်းပွဲ တခုကျင်းပပြုလုပ်ခဲ့ပါတယ်။ 



ထိုပွဲကို ရန်ကုန်မြို့မှ ငြိမ်းချမ်းရေးတည်ဆောက်မှုကွန်ယက်(PCM) မှ ဒေါက်တာမြင့်သိန်း၊ နိုင်ငံတော် သံဃ မဟာနာယကဆရာတော်ကြီးများ၊ ခရစ်ယန်ရာတော်ကြီးများ၊ ဟန္ဒူဆရာတော်များ၊ မွတ်စလင်ဘာ သာ
ရေး ခေါင်းဆောင်များ၊ နိုင်ငံရေးပါတီများ၊ လူမှုရေးအသင်းအဖွဲ့များ၊ နိုင်ငံရေးအကျဉ်းသားဟောင်းများ လူအင်အား(၄၀၀)ခန့်တက်ရောက်ခဲ့ကြပါတယ်။ 

ထိုပွဲမှာ  အောင်မင်္ဂလာကျောင်းတိုက်ဆရာတော်က အားလုံးကလူသားတွေသာဖြစ်ကြောင်းနဲ့ အားလုံးကို 
မေတ္တာ၊ ဂရုဏာ၊ မုရိတာဆိုတဲ့တရားသုံးပါးနဲ့ ကိုးကွယ်ရုံကြည်မှုတိုင်းက 
မေတ္တာကိုသာ အခြေခံထားကြောင်း အရာရာကိုသီးခံစိတ်နဲ့ကြည့်ဖို့တိုက်တွန်းရင်း တဖက်က လူတစုနဲ့ ပတ်သတ်ပြီး သူတို့နေရာပျောက်မှာကို အခုလိုဘာသာရေးမှိုင်းတွေနဲ့ သွေးခွဲပေး  ရန်တိုက်ပေးကာနဲ့ တိုင်းပြည်နာအောင်လုပ်ကိုင်နေကြတယ်လို့ သြ၀ါဒပေးဟောပြောခဲ့ပါတယ်။ 

ထို့နောက် ဒေါက်တာမြင့်သိန်းက အင်တာနက်အွန်လိုင်းသတင်းများကြောင့် အမုန်းတရားတွေ 
ကောလဟာလ တွေ၊ တချို့ မီဒီယာတွေ ကျင့်ဝတ်မဆောင့်ထိမ်းလို့ မလိုလားအပ်တဲ့ အရာတွေနဲ့ကြီးထွား ပြီးအခုလိုဆိုးဝါးမှုတွေဖြစ်ခဲ့ရတယ်လို့ ဆိုတယ်။ 

ပြီးတော့ အွန်လိုင်းသတင်းတွေနဲ့ ပတ်သတ်ပြီးသတိထားဖို့ နောက်ပြီး အခုလို ဒီမိုကရေစီပန်းတိုင်ကို သွားနေတဲ့အချိန်မှာ တိုင်းပြည်ကတည်ငြိမ်ဖို့နဲ့ ဘာသာစုံကိုးကွယ်တဲ့သူတွေကြားမှာ အားလုံးနဲ့ မပြတ် ထိတွေ့နေဖို့ အမြဲတန်းထိတွေ့နေရင် ကြားက မသမာသူတွေဝင်ရောက်သွေးမခွဲနိုင်ဘူး  အခုလို ဒီမိုကရေစီ ပန်းတိုင်ကိုတက်လှမ်းနေစဉ်အချိန် အခါမှာ တိုင်းပြည်တည်ငြိမ်ဖို့က အရမ်းအရေးကြီးကြောင်း  တည်ငြိမ်မှု မရှိရင်နောက်ဆုံးရမယ့် ရလာဒ်က နောက်ကြောင်းပြန်သွားခြင်းပဲဖြစ်တယ် လို့ ဟောပြောခဲ့ ပါတယ်။ 

ထိုဆုတောင်းပွဲကို သရက်၊ အောင်လံ၊ ပေါက်ခေါင်း၊ ပေါင်းတည်၊ နတ္တလင်း၊ အင်းမ၊ ရွေတောင်၊ ပန်းတောင်း၊ ပေါက်ခေါင်း၊ မှော်ဇာမြို့များမှ စိတ်ပါဝင်စားသူများတက်ရောက် ခဲ့ကြပြီး -နေ့လည်(၁)နာရီမှ-ညနေ(၄)နာရီအထိ ပြုလုပ်ခဲ့ကြပြီး ဒေသအာဏာပိုင်များကို ဖိတ်ကြားထားခဲ့သော်လည်း တက်ရောက်လာ ခဲ့ခြင်း မရှိဟု ပွဲစီစဉ်သူ ကိုကျော်မိုးအောင်က ပြောပြပါတယ်။ 


 ကိုဗမိုး ( ပြည်)

Viewing all articles
Browse latest Browse all 5236