Quantcast
Channel: The Irrawaddy's Blog
Viewing all articles
Browse latest Browse all 5236

ထိုင်းပါလီမန်ကို ရုပ်သိမ်းပြီး ရွေးကောက်ပွဲလုပ်မယ်လို့ မစ္စယင်လတ်ကြေညာ

$
0
0
ထိုင်းနိုင်ငံ အောက်လွှတ်တော်ကို ဖျက်သိမ်းပြီး ရွေးကောက်ပွဲများ ပြန်ကျင်းပမယ်လို့ ၀န်ကြီးချုပ် ယင်း လတ် ရှင်နာဝပ် က ယနေ့ ကြေညာလိုက်ပါတယ်။ 

ထိုင်းပါလီမန်ဖျက်သိမ်းပြီး ရွေးကောက်ပွဲ လုပ်မယ်လို့ ကြေညာနေတဲ့ ဝန်ကြီးချုပ် မစ္စယင်လတ်ရှင်နာဝပ်၊ ဓာတ်ပုံ- ယင်လတ်ရှင်နာဝပ် ဖေ့စ်ဘုတ် 

လတ်တလော နိုင်ငံရေးမတည်မငြိမ်ဖြစ်နေမှုတွေကို အဆုံးသတ်ဖို့ အခုလို ကြေညာတာလို့ မစ္စယင်းလတ် က ပြောဆို လိုက်ပြီး ဒီမိုကရေစီနစ်အရ အခုလို ရွေးကောက်ပွဲ အသစ်ကြေညာဖို့ လုပ်တာလို့ ပြောဆိုပါ တယ်။ 
ရွေးကောက်ပွဲ လုပ် မယ့် နေ့ရက်ကိုတော့ အတတ်နိုင်ဆုံး အမြန်ဆုံး ကြေညာမှာလို့လည်း ပြောသွား ပါတယ်။ ထိုင်းဥပဒေအရ မစ္စယင်းလတ်ဟာ ရွေးကောက်ပွဲကျင်းပတဲ့အချိန်ထိ ၀န်ကြီးချုပ်အဖြစ် ဆက်ရှိနေမှာဖြစ်တယ်လို့ လည်း သိရပါတယ်။ 

ထိုင်းနိုင်ငံ ဘန်ကောက်မြို့နဲ့ မြို့တော်တော်များများမှာ မစ္စယင်းလတ် အစိုးရ ပြုတ်ကျရေး ဆန္ဒပြ ကန့်ကွက်နေသူတွေ က ဒီကနေ့မှာ နောက်ဆုံး လှုပ်ရှားမှုတွေအရှိန်မြှင့်တဲ့တချိန်တည်းမှာ အခုလို မစ္စယင်းလတ်က ကြေညာလိုက်တာပါ။ 

ဆန္ဒပြသူတွေကတော့ အခုလို ပါလီမန်ကို ရုပ်သိမ်းပြီး ရွေးကောက်ပွဲ ပြန်လုပ်မယ်လို့ လက်ရှိအစိုးရပြော တာကို လက် မခံပယ်ချလိုက်ပြီး ဆန္ဒပြမှုတွေကို အရှိန်မြှင့်လုပ်ဆောင်ကာ ယင်းလတ်အစိုးရနုတ် ထွက်
ပြီး ပြည်သူ့အာဏာ ပြည်သူ့ ဆီပြန်ပေးလို့ ဟောပြောမှုတွေလုပ်ဆောင်နေတာကို ထိုင်းတီဗွီ သတင်း ဌာနတွေက အဆက်မပြတ် ထုတ်ပြန်နေပါတယ်။ 


မနေ့တုန်းကလည်း မစ္စယင်းလတ်က ဆန္ဒပြမှုတွေကိုအဆုံးသတ်သွားစေဖို့ သူ့အစိုးရနှုတ် ထွက်ရေး
တောင်းဆိုမှုတွေ အပေါ် တုံ့ပြန်တဲ့အနေနဲ့ သူ့အစိုးရနုတ်ထွက်သင့်၊ မသင့်ဆိုတာကို လူထုဆန္ဒခံယူပွဲ ကျင်းပပေးမယ်လို့ ပြောခဲ့ပါတယ်။ 



အိမ့်သံစဉ် ~ 





Viewing all articles
Browse latest Browse all 5236

Trending Articles