Quantcast
Channel: The Irrawaddy's Blog
Viewing all articles
Browse latest Browse all 5236

နာမည်ကျော်သွားတဲ့ သမ္မတ အိုဘားမားရဲ့ ဦးလေး

$
0
0
အမေရိကန် ပြည်ထောင်စုရဲ့ ပထမဆုံး လူမည်းသမ္မတ မစ္စတာ ဘားရက် အိုဘားမားရဲ့ ဦးလေး တော်စပ် သူ ဟာ ပြီးခဲ့တဲ့ အင်္ဂါနေ့ကတော့ တိုင်းပြည်က နှင်ထုတ်မှုဆိုင်ရာ Deportation Hearing ကြားနာပွဲကို 
ရောက် ခဲ့ရပါတယ်။ ဒီသတင်းကြောင့် ချက်ချင်းဆိုသလို သူဟာ နာမည်ကျော်ကြားသူ တဦးဖြစ်လာခဲ့ ပါတယ်။

 ကြားနာပွဲ လာစဉ် သမ္မတ အိုဘားမားရဲ့ ဦးလေး၊ ဓာတ်ပုံ- ဘော့စ်စတွန် ဂလုပ်ဘ်

အိုဘားမားရဲ့ ဦးလေး အွန်ညန်ဂို အိုဘားမားဟာ အမေရိကန်ပြည်ထောင်စုမှာ နှစ်ပေါင်း ၅၀ လောက် 
နေလာခဲ့ ပေ မယ့် နိုင်ငံသား အဖြစ်မရသေးပါဘူး။ 

အမေရိကန်ပြည်ထောင်စု Bostonglobe အွန်လိုင်းသတင်းတပုဒ် ဖြစ်တဲ့Judge says Obama’s uncle can stay in US မှာ သမ္မတ အိုဘားမားရဲ့ ဦးလေး တော် စပ်သူ ကင်ညာနိုင်ငံသား မစ္စတာ Onyango “Omar” Obama ကို ဘော့စတွန် လဝက တရားရုံးမှာ တရားသူကြီးက လတ်တလော Green Card တော့ ရနိုင်တယ်လို့ ပြောပြီး ၅ နှစ်ကာလမှာတော့ နိုင်ငံ သား လျှောက်ထားနိုင် တယ်လို့ ဆိုပါတယ်။ 

ဒါပေမယ့် အမိမြေလုံခြုံရေး ဌာနကိုတော့ ဒီကိစ္စကို ရက် ၃၀ အတွင်း အသနားခံစာတင်ရ မှာဖြစ်ပါတယ် တဲ့။ 

အိုဘားမားရဲ့ ဦးလေးဟာ အမေရိကားမှာ နှစ်ပေါင်း ၅၀ လောက် နေလာခဲ့တာဟာ တရားမဝင်နေထိုင်မှု ပဲ ဖြစ်တယ်လို့ ဆိုပြီး အခုလို Deportation Hearing ကို တက်ရောက်ကြားနာရတာ ဖြစ်ပါတယ်။ 

ဒါကြောင့် အိုးဘားမားရဲ့ ဦးလေးဟာ တရားသူကြီးကို လျှောက်ထားရာမှာတော့ သူဟာ အသက် ၁၉ နှစ် သား ကတည်းက အမေရိကားကို ရောက်ခဲ့တာဖြစ်ပြီး ကင်ညာဆိုတာလည်း မသိတော့ကြောင်း၊ ကင်ညာ ကို ပြန်လို့ ဘယ်လိုမှ မဖြစ်တော့ဘူး ဆိုတာ တောင်းပန်လျှောက်ထားခဲ့ပါတယ်။ 

“အမေရိကားဟာ အခွင့်အရေးတို့ရဲ့ မြေ၊ အခွင့်အလမ်းတို့ရဲ့ မြေ” လို့လည်း သူက တရားသူကြီး ကို ပြော ခဲ့ပါတယ်။ 

အိမ်ဖြူတော်ကတော့ သမ္မတ အိုဘားမားဟာ သူ့ ဦးလေးနဲ့ ဘယ်တုန်းကမှ မတွေ့ခဲ့ဖူးခဲ့ဘူးလို့ ပြောပေမယ့် အစစ်ဆေးခံယူစဉ်မှာတော့ သမ္မတ အိုဘားမားဟာ ၁၉၈၀ ခုနှစ်တွေတုန်းက ဟားဗတ် ဥပဒေကျောင်း တက် စဉ် ကင်းဗရစ်ခ်ျက တိုက်ခန်းမှာ ဦးလေးဖြစ်သူနဲ့ ၃ ပတ်လောက်နေသွားခဲ့ဖူးတယ်လို့ ဆိုပါတယ်။ 

သူ့နာမည်ဟာ အွန်ညန်ဂို အိုဘားမား မဟုတ်ပဲ Obama Okech Onyango ဖြစ်တယ်လို့ သမ္မတ အိုဘားမား က ပြောတယ်ဆိုပြီး ရဲတပ်ဖွဲ့ကို ကိုးကားဖော်ပြထားပါတယ်။ 

ဘာပဲပြောပြော အခု သတင်းဖော်ပြချက်ထဲမှာ အိုးဘားမားရဲ့ ဦးလေးဟာ အိုဘားမားရဲ့ ဖခင်ရဲ့ ထောက်ပံ့ မှုနဲ့ တောင် ကောလိပ်တက်ခဲ့ပြီး ဘော့စတွန်တက္ကသိုလ်က ဘွဲ့ရခဲ့တယ်လို့ သူက ပြောတယ်လို့ ဆိုတယ်။ 

ဒါပေမယ့် သူဟာ အထက်တန်းတောင် မပြီးခဲ့ဘူးလို့လည်း သတင်းတွေက ဆိုပြန်တယ်။ ဘာပဲပြောပြော အခု တော့ အိုဘားမားရဲ့ ဦးလေးက ကမ္ဘာကျော်သွားတာအမှန်ပါဘဲ။ 


အိမ့်သံစဉ် ~ 





.
 

Viewing all articles
Browse latest Browse all 5236

Trending Articles


လုလုအောင် HD အသစ်


Washington DC မှာ MS-13 ဂိုဏ်းက အမျိုးသားတစ်ဦး ကိုခေါင်းဖြတ်သတ်


ဇီးပင်ကြီးနှင့် ဖောင်ကြီးမှ လေထန် နေဆဲ ဝါဒမှိုင်းစစ်ဆင်ရေးများ


"မြန်မာ့သမိုင်းတကွေ့မှ ပထမဆုံးလေကြောင်းတိုက်ပွဲ အပိုင်း(၂)"


ဇွဲမလျော့သော မွန်မင်း သမိန်ထောရာမ


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


"ကုလား"လို့ ပဲ ဆက်၍ခေါ်မယ် အဘိုင်


မောင်စွမ်းရည် ● ဂျပန်စကားသင် ကျောင်းသား မောင်ဘဂျမ်း


ပဒူကောင် …အန္တရာယ်နှင့်… အတုပ်ခံရပါက.. ဆောင်ရန်၊ ရှောင်ရန် ..အချက်များ


⁠နှင်းဆီပင် စိုက်ပျိုး⁠ခြင်း အပိုင်း – (၂)