Quantcast
Channel: The Irrawaddy's Blog
Viewing all articles
Browse latest Browse all 5236

သိမ်ဖြူအားကစားကွင်းကိုပုဂ္ဂလိကရောင်းချမှု ကန့်ကွက်ဆန္ဒပြမယ်

$
0
0
အစိုးရက သိမ်ဖြူအားကစားကွင်းအား ပုဂ္ဂလိကကုမ္ပဏီသို့ ရောင်းချလိုက်ခြင်းအား ကန့်ကွက်သည့် ဆန္ဒပြ ပွဲကို လာမည့် တနင်္လာနေ့တွင် ပြုလုပ်သွားမည်ဖြစ်ကြောင်း ဦးဆောင်ပြုလုပ်သူများထံမှ သိရသည်။


အများပိုင် ပန်းခြံမြေပေါ်တွင် အဆောက်အအုံဆောက်လုပ်ခဲ့သဖြင့်ကန့်ကွက်ခံခဲ့ရသည့် ကြံ့ခိုင်ရေး ပါတီ၏ ကွန်ဒိုစီမံကိန်း  (ဓာတ်ပုံ-သာလွန်ဇောင်းထက်/ဧရာဝတီ)

အများပြည်သူပိုင် သိမ်ဖြူအားကစားကွင်းအား အစိုးရက အာရှမြန်မာ့စီးပွားရေး ဖွံဖြိုးတိုးတက်ရေး ပုဂ္ဂလိက ပိုင် ကုမ္ဗဏီသို့ ရောင်းချခဲ့ပြီး၊ ဈေးဝယ်စင်တာများနှင့် အထပ်မြင့် လူနေအဆောက်အဦများ ဆောက်လုပ် ရန် စီစဉ်နေခြင်း ကြောင့် ဒီဇင်ဘာ ၉ ရက်၊ နေ့လယ်နှစ်နာရီတွင် ဗညားဒလလမ်းမှ မြို့တော်ခန်းမရှေ့ အထိ ခရိုနီဆန့်ကျင်ရေး ဆန္ဒပြပွဲ ပြုလုပ်သွားမည် ဖြစ်ကြောင်း နိုင်ငံရေး အကျဉ်းစားဟောင်းများ အဖွဲ့ မှ ကော်မတီဝင် ဦးလှဌေးကပြောကြားသည်။ 

မြန်မာဂျာနယ်လစ်ကွန်ရက်ရုံးခန်းတွင် ယနေ့ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲ၌ သတင်းမီဒီယာများသို့ ယခုကဲ့သို့ ရှင်းလင်းပြောဆိုခဲ့သည်။ မင်္ဂလာတောင်ညွန့်နှင့် ကျောက်တံတားမြို့နယ် ရဲစခန်းတို့တွင် ခွင့်ပြုမိန့် ယူထားပြီး လူဦးရေ ၂၀၀ ခန့်ပါမည် ဖြစ် ကြောင်း၊ ယခုကဲ့သို့ ဆန္ဒပြရခြင်းမှာ မမှန်ကန်မှု၊ မတရားမှုများကို နိုင်ငံတကာက သိအောင် ထုတ်ဖော်သည် ဆိုသော အသိကို ပြည်သူများ ရစေလို 
ခြင်းကြောင့် ဖြစ်ကြောင်း ဦးလှဌေးက ဆက်လက် ပြောကြားသည်။ 

သိမ်ဖြူအားကစားကွင်းသည် ယခင်က လွတ်လပ်ရေးပျော်ပွဲရွှင်ပွဲကဲ့သို့ အခမ်းအနားများကို အများပြည်သူ ကျင်းပခွင့် ရရှိခဲ့သော်လည်း၊ နိုင်ငံတော် အာဏာသိမ်းခဲ့သည့် နောက်ပိုင်းမှ စတင်ကာ ယာဉ်မောင်း သင်တန်းကွင်းအဖြစ် ပြောင်းလဲခဲ့ပြီး၊ ယခုကဲ့သို့ ပုဂ္ဂလိက ကုမ္ပဏီသို့ ရောင်းချခဲ့ခြင်းဖြစ်ကြောင်း သူက ဆက်လက်ပြောသည်။ 

မင်္ဂလာတောင်ညွန့်မှ တရားလွှတ်တော်ရှေ့နေ ဦးအေးမင်းက “အားကစားကွင်းတွေကို သိမ်းတာက နောင် တက် လာမယ့် အညွန့်လေးတွေကို ပိုးသတ်ဆေးနဲ့ လောင်းနေတာနဲ့တူတယ်”ဟု ပြောကြားခဲ့သည်။ 

ထို့ပြင် ဦးလှဌေးက နိုင်ငံပိုင် မြေများသည် ပြည်သူတို့၏ အကျိုးအတွက်သာ အသုံးပြုသင့်ကြောင်း ပြော သည်။ 

“ခရိုနီတွေကို အားပေးနေတဲ့သူတွေဟာ အာဏာရှင်စနစ်ကို ဆွဲကိုင်ထားတဲ့ အုပ်ချုပ်သူတွေပဲ။ အုပ်ချုပ် သူတွေ မပါဘဲ ခရိုနီတွေ ရှင်သန်လို့မရဘူး။ စစ်အစိုးရ လက်ထက်ကနေ အဆင့်ဆင့် ချမ်းသာလာတဲ့ ခရိုနီတွေကို မဆန့်ကျင်ရင် ခရိုနီတွေဟာ ကြီးမားတဲ့အန္တရာယ် ဖြစ်နိုင်ပါတယ်” ဦးလှဌေးက ပြောကြား သည်။ 

အလားတူ သတင်းစာ ရှင်းလင်းပွဲသို့ တက်ရောက်ခဲ့သည့် လူ့ဘောင်သစ် ဒီမိုကရက်တစ် ပါတီမှ ဦးမိုးသီးဇွန်ကလည်း “မြန်မာပြည်က စင်္ကာပူထက် ကြီးတယ်ဆိုတာ ဟုတ်ရဲ့လား။ သူတို့နိုင်ငံမှာ ဘူတာ ရုံတွေ၊ ဈေးဝယ်စင်တာတွေ။ ကစားကွင်းတွေ ဆိုတာ အကြီးကြီးတွေ။ မြန်မာနိုင်ငံဟာ ပလက်ဖောင်း
တောင် မရှိတဲ့နိုင်ငံ ဖြစ်နေတယ်” ဟုပြောကြား ခဲ့သည်။ 

သူကဆက်လက်၍ ယခုကဲ့သို့ မြေများသိမ်းယူခြင်းကို လက်ပိုက် ကြည့်မနေနိုင်သောကြောင့် ဆန္ဒပြပွဲ ပြု လုပ်ရခြင်း ဖြစ်ကြောင်း ပြောကြားခဲ့သည်။ 

ရန်ကုန်မြို့တွင် သိမ်ဖြူကွင်းနည်းတူ အများပြည်သူပိုင် အားကစားကွင်း များကို အများပြည်သူ ပိုင်ဆိုင် အသုံးပြုခွင့် မပေးခဲ့သည့် သာဓကများလည်းရှိ ခဲ့ပြီး၊ တောင်ဥက္ကလာပမြို့နယ်ရှိ ပြည်သူ့ပန်းခြံမြေနေရာ တွင် ကြံ့ခိုင်ရေး ပါတီက ကွန်ဒိုအိမ်ယာ စီမံကိန်းတခု တည်ဆောက်ခဲ့သဖြင့်၊ အများပြည်သူ ကန့်ကွက် မှုများ ကြုံတွေ့ခဲ့ရသေးသည်။ 



သဇင်ငြိမ်း ~

Viewing all articles
Browse latest Browse all 5236

Trending Articles