Quantcast
Channel: The Irrawaddy's Blog
Viewing all articles
Browse latest Browse all 5236

တောင်အာဖရိက သမ္မတဟောင်း နယ်ဆင်မန်ဒဲလား ကွယ်လွန်

$
0
0
တောင်အာဖရိကနိုင်ငံ သမ္မတဟောင်း အသက် ၉၅ နှစ်အရွယ် မစ္စတာ နယ်ဆင်မန်ဒဲလား ဟာ ဒီဇင်ဘာ လ ၅ ရက်နေ့က ကွယ်လွန် သွားတဲ့အကြောင်း ကမ္ဘာ့ မီဒီယာတွေက ဖော်ပြပါတယ်။


တောင်အာဖရိက သမ္မတဟောင်း နယ်ဆင်မန်ဒဲလား၊ ဓာတ်ပုံ- စီအန်အန်

ငြိမ်းချမ်းရေးနိုဗဲလ်ဆုရှင်လည်းဖြစ် လူအခွင့်အရေးနဲ့ ဒီမိုကရေစီအရေး တက်ကြွလှုပ်ရှားသူ ကမ္ဘာကျော် ပုဂ္ဂိုလ်ကြီး မင်ဒဲလားဟာ လူဖြူအစိုးရ အုပ်စိုးစဉ်က အကျဉ်းထောင်တွင်း ၂၇ နှစ်ဝန်းကျင် အကျဉ်းစံ ဘဝ နေထိုင်ခဲ့ရသူဖြစ်ပြီး တောင်အာဖရိကနိုင်ငံရဲ့ ပထမဆုံး လူမည်းသမ္မတ ဖြစ်လာခဲ့သူပါ။ 

အသားအရောင်ခွဲခြားမှု တိုက်ဖျက်ရေး သူရဲကောင်းတဦးလည်းဖြစ်တဲ့ မင်ဒဲလားဟာ အကျဉ်းထောင်က လွတ်လာပြီး ၁၉၉၄ ခုနှစ်မှာ သမ္မတဖြစ်လာပြီး သမ္မတတာဝန်ကို ၁၉၉၄ ခုနှစ်က ၁၉၉၉ ခုနှစ်ထိ  ထမ်းဆောင်ခဲ့သူလည်းဖြစ် ပါတယ်။ 

သူ ကွယ်လွန်သွားခဲ့တာကို ဒီဇင်ဘာလ ၅ ရက်နေ့က အပြည်အပြည်ဆိုင်ရာ လွတ်ငြိမ်းချမ်းသာခွင့် အဖွဲ့က အခုလို ကမ္ဘာကျော် ပုဂ္ဂိုလ်တွေရဲ့ ဂုဏ်ပြုစကားတွေနဲ့ ဗီဒီယိုမှတ်တမ်းကိုလည်း ထုတ်လွှင့်လိုက်ပါတယ်။ 

  



အိမ့်သံစဉ် ~ 

Viewing all articles
Browse latest Browse all 5236

Trending Articles