Quantcast
Channel: The Irrawaddy's Blog
Viewing all articles
Browse latest Browse all 5236

ဂျာနယ်၊ သတင်းစာ မျက်နှာဖုံးများ - ဒီဇင်ဘာ ၅

$
0
0

~


 


ဒီကနေ့ထုတ် သတင်းစာများ နဲ့ ဂျာနယ်တချို့ရဲ့ မျက်နှာဖုံးတွေကို ဓာတ်ပုံရိုက်ပြီး တင်ပေးလိုက်ပါတယ်။
ဖတ်စေလိုတဲ့အကြောင်းအရာ လူကြိုက်များနိုင်တဲ့ အကြောင်းအရာတွေကို မျက်နှာဖုံးမှာ ခပ်တိုတို မိတ်ဆက်ပေးထားကြတဲ့အတွက်  မြည်းစမ်းလို့ကောင်းမှာပါ။


ဧရာဝတီဘလော့ http://blog.irrawaddy.org  ပရိသတ် အများအပြားက ပြည်ပမှာ နေထိုင်ကြတယ် ဆိုတော့ သတင်းတွေကို စိတ်ဝင်စားတယ်၊ သတင်းစာတွေကို စိတ်ဝင်စားတယ် ဆိုရင် ဒီမျက်နှာဖုံးတွေကို ကြည့်ပြီး မြန်မာပြည်မှာ ဘာတွေ ဖြစ်နေတယ် ဆိုတာကို သိနိုင်ပါလိမ့်မယ်။

ဒီနေ့ထုတ် ဂျာနယ်တွေက ဒီထက်မက များနိုင်ပါတယ်။ အလွယ်တကူတွေ့တာကို ကူးယူ ဖော်ပြလိုက်ပါတယ်။
 
 သရော်စာတွေ များများထည့်မယ်လို့ ကြေညာခဲ့တဲ့ ဟစ်တိုင် သတင်းဂျာနယ်က သုံးစောင်မြောက်သွားပါပြီ။

 ဒါကတော့ မျိုးစောင့်ဥပဒေဖော်ဆောင်ရေး ဘက်တော်သားတွေ ထုတ်တဲ့ဂျာနယ်လို့ ယူဆရပါတယ်။ အရောင်းသွက်မယ့်ဂျာနယ်ဖြစ်ပါလိမ့်မယ်။ ဒီလိုစာစောင်တွေကို ကွန်ရက်တချို့ကလည်း အားပေးကြ ဖြန့်ကြလို့ အရောင်းသွက်တယ်လို့ ဆိုလိုတာပါ။ ဂျာနယ်ဆိုင်တွေမှာတော့ ရောင်းအား ပုံမှန်ပဲ ရှိမယ် ထင်ပါတယ်။

ကြာသပတေးတိုင်း ထုတ်တဲ့ ရောင်နီ။ ဈေးသိပ်မများတဲ့ ဟွာဝေး တယ်လီဖုန်းမှာ ပါတဲ့ ကင်မရာနဲ့ ရိုက်တာပါ၊ လက်တုန်သွားတဲ့အတွက် ပုံကလည်း မှုန်ဝါးဝါး ဖြစ်သွားတာပါ။   ခေါင်းစဉ်တွေကိုတော့ ရှင်းရှင်းလင်းလင်း ဖတ်နိုင်ကြမှာပါ။

 အလဲဗင်းမှာတော့ အများစိတ်ဝင်စားတာတွေ၊ စိတ်ဝင်စားသင့်တာတွေကို ပထမစာမျက်နှာမှာ တွေ့ရပါမယ်။

 ဒါကတော့ စစ်တပ်ကထုတ်တဲ့ သတင်းစာ။
မြန်မာပြည်မှာ စစ်တပ်က အကုန်လုပ်တာပဲ။ သတင်းစာလည်း ထုတ်တာပဲ၊ လွှတ်တော်ထဲလည်း ထိုင်တာပဲ စကားမစပ်။

 ပြည်မြန်မာကလည်း သူ့ပရိသတ်နဲ့သူ ရှိပါတယ်။

 မြန်မာ့ဖရီးဒမ်းကလည်း သူ့ပရိသတ်နဲ့သူပါ။

 ခေါင်းစဉ်အပေးကောင်းတယ်လို့ ဆိုရမယ်။

 တရုတ်အလံမီးရှို့သူတွေကို လိုက်ဖမ်းပြီ ဆိုပဲ။
 နိုင်ငံရေးအကျဉ်းသား  အလွှတ်ပြချင်လို့ ဖမ်းရတာလည်း ဖြစ်နိုင်တယ်။
ဒီမိုကရေစီအရေးလှုပ်ရှားသူတွေ တက်ကြွလှုပ်ရှားသူတွေလည်း ဦးသိန်းစိန်ကြီးကို ပါရမီဖြည့်သလို ဖြစ်နေပြီ။ နောက်တာပါ။

 ကြေးမုံကြီးကတော့ လှေကြီးထိုး ရိုးရိုး။

 ဒါကတော့ ရွှေနိုင်ငံ။

 အရောင်းသွက်တဲ့ထဲပါတဲ့ စံတော်ချိန်။

မျက်နှာဖုံးကိုကြည့်လိုက်ရင် စီးပွားရေးကို ဦးစားပေးတယ်လို့ ထင်စရာ ရှိပါတယ်။

 ဒါက ကြံ့ခိုင်ရေးပါတီရဲ့သတင်းစာ။
ပါတီလူကြီးတွေလည်း ဗိုလ်ချုပ်တွေချည်းပဲဆိုတော့ သတင်းစာ ထုတ်နိုင်တာ မဆန်းပါဘူး။
ဗိုလ်ချုပ်တွေက အကုန် လုပ်တတ်တယ်မဟုတ်လား။

 hot news သတင်းပူ။
ဒီဂျာနယ်က အရောင်းသွက်တဲ့ထဲ ပါပါတယ်။
သတင်းစာတွေစုပြုံထွက်လာချိန် ဂျာနယ်တွေ အရောင်းပြုတ်ကျတော့ hot news လည်း အများနည်းတူဖြစ်ခဲ့ပါတယ်။

 သတင်းအညွှန်း ဆောင်းပါးအညွှန်း တပုံတပင်နဲ့။

ဒီဂျာနယ်မှာလည်း စိတ်ဝင်စားစရာတွေကို ညွှန်းထားပါတယ်။

ကဲ.....သတင်းစာ ဂျာနယ်များမှာ ဖတ်စရာတွေကတော့ တပုံတပင်ပါပဲ။ မျက်နှာဖုံး မြည်းစမ်းရတာနဲ့တင် အကြောင်းအရာတွေကို တစွန်းတစသိရှိသွား၊ အချိန် အတော်ကုန်သွားပြီလို့ ယူဆရပါတယ်။
.


Viewing all articles
Browse latest Browse all 5236

Trending Articles