~
ခင်းဖို့ ဖျာသစ်လေး တစ်ချပ်လိုချင်ပါတယ်။
အမေ အိပ်နေတဲ့ ဖျာလေးက
ထောင့်တွေ စုတ်လို့ ဟောင်းလှပြီ။
အဖေ့ ကျောက ချွေးကွက်တွေနဲ့
နွမ်းလှပါပကော။
သြော်... ဖျာလေးဘယ်လိုရက်
ရော်.. ငါမတတ်ပါလား။
မြေမဲ့၊ ယာမဲ့၊ နည်းပညာမဲ့တဲ့ငါ
ဖျာလေးတစ်ချပ်အတွက်
မြ၀တီတောင်တန်းဆီသွားရမလား။
ရွှေလီမြစ်ကမ်းနံဘေးကို သွားရမလား။
ဒါမဟုတ် ရန်ကုန်ကိုလား။
နေပြည်တော်ကိုလား။
အမေ့အတွက်
ဖျာသစ်လေးတစ်ချပ် လိုချင်တယ်။
ဘာရာဒွါဂျာ (မြန်မာပြည်)
.
ခင်းဖို့ ဖျာသစ်လေး တစ်ချပ်လိုချင်ပါတယ်။
အမေ အိပ်နေတဲ့ ဖျာလေးက
ထောင့်တွေ စုတ်လို့ ဟောင်းလှပြီ။
အဖေ့ ကျောက ချွေးကွက်တွေနဲ့
နွမ်းလှပါပကော။
သြော်... ဖျာလေးဘယ်လိုရက်
ရော်.. ငါမတတ်ပါလား။
မြေမဲ့၊ ယာမဲ့၊ နည်းပညာမဲ့တဲ့ငါ
ဖျာလေးတစ်ချပ်အတွက်
မြ၀တီတောင်တန်းဆီသွားရမလား။
ရွှေလီမြစ်ကမ်းနံဘေးကို သွားရမလား။
ဒါမဟုတ် ရန်ကုန်ကိုလား။
နေပြည်တော်ကိုလား။
အမေ့အတွက်
ဖျာသစ်လေးတစ်ချပ် လိုချင်တယ်။
ဘာရာဒွါဂျာ (မြန်မာပြည်)
.