Quantcast
Channel: The Irrawaddy's Blog
Viewing all articles
Browse latest Browse all 5236

ဖွဲ့စည်းပုံ ပြင်ဆင်ရေးဆိုင်ရာ အစိုးရ ပြောဆိုချက် NLD ပါတီ တုံ့ပြန်

$
0
0
အမျိုးသား  ဒီမိုကရေစီအဖွဲ့ ချုပ် NLD ပါတီက ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြင်ဆင်ရေးနဲ့ပတ်သက်ပြီး  ဒီကနေ့ ရက်စွဲနဲ့ ကြေညာချက် တစောင် ထုတ်ပြန်ပါတယ်။ 


နေပြည်တော်မှာ ဖွဲ့စည်းပုံ ဆိုင်ရာ လူထု အစည်းအဝေးမှာ ဒေါ်အောင်ဆန်းစုကြည် မိန့်ခွန်းပြောစဉ်

 အစိုးရဘက်က ပြောခွင့်ရသူ၏ ပြောကြားမှုအပေါ် NLD ပါတီက သဘောထားကို အချက် ၄ ချက်နဲ့ ထုတ် ပြန်လိုက်တာဖြစ်ပါတယ်။ 

ဖွဲ့စည်းပုံပြင်ဆင်ရေး ကိစ္စ နိုင်ငံရေးပါတီ ၅၈ ပါတီနှင့် သက်ဆိုင်ပြီး ပါတီတခုတည်းနဲ့ တွေ့ဖို့ မသင့်ဘူး 
ပြောဆိုချက်ဟာ ၁၉၈၈ ခုနှစ်က စစ်အစိုးရရဲ့ တုံ့ပြန်ချက်မျိုးဖြစ်ကြောင်း၊ ဒေါ်အောင်ဆန်းစုကြည်၏ သမ္မတ၊ လွှတ်တော်၊ စစ်တပ်အပါအ၀င် ၄ ပွင့်ဆိုင် တွေ့ဆုံရေး မေတ္တာ ၇ပ်ခံချက်ဟာ လွှတ်တော်ပါတဲ့ အတွက် လွှတ်တော်ကို ကျော်လွှားသွားတယ်ဆိုတာ မဟုတ်ကြောင်းလည်း ပါဝင်ပါတယ်။ 

အစိုးရဘက်ကပြောကြားချက်ဟာ အချိန်ရွှေ့ဆိုင်းဖို့ ရည်ရွယ်တာဖြစ်လို့ NLD ပါတီက လက်မခံပါဘူး။

အုပ်ချုပ်ရေးအပိုင်းဘက်က အခုလို ဒေါ်အောင်ဆန်းစုကြည်ဘက်က တင်ပြမေတ္တာရပ်ခံတာကို လက်မခံ တာဟာ ဒီမိုကရေစီအရေးနဲ့ ပြုပြင်ပြောင်းလဲရေးကို မလိုလားဘူးလို့ ယူဆစရာ ဖြစ်နေကြောင်းလည်း 
ကြေညာချက်က ဆိုပါတယ်။ 

ဒီကြေညာချက်ကို ဒီကနေ့ လုပ်တဲ့ NLD ဗဟိုအလုပ်အမှုဆောင် အစည်းအဝေးက သဘောတူချက်နဲ့ ထုတ် ပြန်တာလည်းဖြစ်ပါတယ်။




အိမ့်သံစဉ် ~

 

Viewing all articles
Browse latest Browse all 5236

Trending Articles