Quantcast
Channel: The Irrawaddy's Blog
Viewing all articles
Browse latest Browse all 5236

ဗိုလ်ချုပ်ကြီးများ၊ ခရိုနီများအတွက် သတင်းကောင်း

$
0
0
~


 

အဟမ်း... ဗိုလ်ချုပ်ကြီးများ၊ ခရိုနီများ စိတ်ဝင်စားမယ့် သတင်းကောင်းတခု ရှိနေပါတယ်။

 

(ဓာတ်ပုံ - စည်သူလင်း / ဧရာဝတီ)

ရွှေဂုန်တာဝါ ဆောက်လုပ်ရေး စီမံကိန်းနေရာမှာ "မြေကြီး အခမဲ့ပေးသည်"ဆိုတဲ့ ဆိုင်းဘုတ်ကို ခပ်ကြီးကြီး တွေ့ကြရမှာပါ။
ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း ဓာတ်ပုံရိုက်ခဲ့ပါတယ်။
ဒီပုံကို ကူးပြီး ဗိုလ်ချုပ်ကြီးများ၊ ခရိုနီများကို ဝေသင့်ပါတယ်။
ဘယ်နေရာမှာလဲ မေးရင် ရန်ကုန်မြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်မှာလို့သာ ပြောလိုက်ပါ။ အပိုင်က ကျောက်တံတားမြို့နယ်ထဲမှာပါ။
"မြေကြီး အခမဲ့ပေးသည်"တဲ့။
ပျော်ပျော်ကြီး သွားယူကြပေတော့း)

မြန်မာ့တပ်မတော် နဲ့ ခရိုနီများက တို့အိမ်မှတ်ပါ တို့ယာမှတ်ပါ ဆိုတဲ့ သီချင်းလေး ညည်းပြီး  မြန်မာပြည်တဝန်း မြေသိမ်းခဲ့ကြတာ ဆယ်နှစ် ဆယ်မိုး မကတော့ဘူးမဟုတ်လား။
တပ်မတော်သည်သာ အမိ၊ တပ်မတော်သည်သာ အဖ ဆိုတော့ သားသမီးဖြစ်တဲ့ ပြည်သူတွေလည်း ထုံးစံအတိုင်း ငြိမ်ခံ၊ ငုံ့ခံခဲ့ကြရတာ နှစ်ပေါင်း မနည်းပေဘူး။

ကံကောင်းထောက်မလို့ ၂၀၀၈ အခြေခံဥပဒေကြီး ပေါ်လာတယ်။ ဒီဥပဒေအရ ဦးသိန်းစိန်ကြီးအစိုးရဆိုတာ ပေါ်လာတယ်။
 ဒီအစိုးရလက်ထက်ရောက်မှ မြေသိမ်းတာတွေပြန်ပေးဖို့ အော်ပြောခွင့်ရလာတယ်၊ လူတွေ သိကုန်ကြတယ်။
အင်မတန်ကျေးဇူးတင်စရာကောင်းတယ်။

သိမ်းထားတဲ့မြေ ပြန်ပေးမှာပါကွာ လို့တော့ ပြောတာပဲ။ ပြောပေမယ့် သိပ်ယုံရတာမဟုတ်ဘူး။
မလွှဲမရှောင်သာ သိမ်းထားမိတဲ့မြေတွေကို ပြန်ပေးမယ်ဆိုလည်း မြန်မြန်ပေးသင့်တာပေါ့။

သိပ်....ရချင်တယ်ဆိုရင်လည်း အထက်ကပုံမှာ ပါတဲ့အတိုင်း ရွှေဂုန်တာဝါ ဆောက်လုပ်ရေး စီမံကိန်းနေရာကိုသွားကြပေါ့ဗျာ လို့ ဆိုရမယ် ထင်ပါတယ်။



.


Viewing all articles
Browse latest Browse all 5236

Trending Articles