~
ဒီလ ၁၈ ရက် မွန်ပြည်နယ်မှာ အမျိုးသားတယောက်နဲ့ အမျိုးသားတယောက် မင်္ဂလာဆောင်ကြတယ် ဆိုတဲ့ သတင်းတပုဒ်အကြောင်း ဖေ့စ်ဘုတ်မှာ လူပြောများနေပါတယ်။
![]()
"ရန်ကုန်မြို့ ဆိပ်ကမ်းသာလမ်းနေ အသက် ၁၉ နှစ်အရွယ် အမျိုးသားတစ်ဦးနှင့် ကျိုက်ထိုမြို့ ဗိုလ်ချုပ်လမ်းနေ ဆံပင်၊ မိတ်ကပ် အလှပြင်လုပ်ငန်း လုပ်ကိုင်သူ အသက် ၂၈ နှစ်အရွယ် အမျိုးသားတဦး"တို့ ဆောင်ကြတာလို့ ဆိုပါတယ်။
သတင်းဓာတ်ပုံထဲမှာတော့ တယောက်က ကုတ်အင်္ကျီ နက်ကတိုင်နဲ့ သတို့သားဝတ်စုံ ဝတ်ထားတယ်။ ဆံပင်ဆေးဆိုးထားသူတယောက်က သတို့သမီးဝတ်စုံနဲ့။
မော်လမြိုင်မြို့ စားသောက်ဆိုင်တခုမှာ လုပ်သွားတဲ့ အဲဒီ မင်္ဂလာဆောင်ကို နှစ်ဘက်မိဘ ဆွေမျိုးသားချင်းများ မတက်ဘူး၊ မိတ်ဆွေသူငယ်ချင်းတွေပဲ တက်တယ်လို့ သတင်းက ဆိုပါတယ်။
မူရင်းသတင်းက မြန်မာပို့စ်ဂျာနယ်ကဖြစ်တယ် တဲ့။
http://1.bp.blogspot.com/-C0Hr0NoHgII/UpVECaLzl_I/AAAAAAAAowM/wxaj8c-qC7s/s1600/234.jpgမှာ ဖတ်နိုင်ပါတယ်။
မြန်မာနိုင်ငံ လူ့အခွင့်အရေး ကော်မရှင် အတွင်းရေးမှူး ဦးစစ်မြိုင်၊ ကျိုက်ထိုမြို့ ရဲအရာရှိတဦးတို့ကတော့ ဟိုအမျိုးသားနှစ်ယောက် လူသိရှင်ကြား လက်ထပ်တာ မသင့်လျော်ဘူး လို့ သတင်းထဲမှာ မှတ်ချက်ပြုထားကြပါတယ်။
ထူးခြားဖြစ်စဉ်များကို သတင်းစာဂျာနယ်တွေမှာ တွေ့ကြရမှာပါ။
အမျိုးသားနှစ်ဦးအာဝါဟဝိဝါဟပြုကြခြင်းကလည်း အင်မတန် ထူးခြားတဲ့အတွက် အခုတော့ ဂျာနယ်ထဲ ပါလာပါပြီ။ စာဖတ်သူကရော ဘယ်လို ယူဆပါသလဲ။ လိင်တူလက်ထပ်သူတွေ မင်္ဂလာအခမ်းအနားကျင်းပတာကို သဘောတူပါသလား။ ဧရာဝတီဘလော့ http://blog.irrawaddy.orgမှာ မှတ်ချက်ထားခဲ့နိုင်သလို ဧရာဝတီ ဖေ့စ်ဘုတ် www.facebook.com/irrawaddyblog မှာလည်း မှတ်ချက် ထားခဲ့နိုင်ပါတယ်။
(အပေါ်ပုံကိုတော့ Google Imageစာမျက်နှာက ယူထားတာပါ။ လိင်တူလက်ထပ်ခြင်း အမှတ်အသား ဆိုပြီး ရှာလိုက်တော့ အဲဒီပုံတွေ ထွက်လာပါတယ်)
.
www.facebook.com/irrawaddyblog ဒီလ ၁၈ ရက် မွန်ပြည်နယ်မှာ အမျိုးသားတယောက်နဲ့ အမျိုးသားတယောက် မင်္ဂလာဆောင်ကြတယ် ဆိုတဲ့ သတင်းတပုဒ်အကြောင်း ဖေ့စ်ဘုတ်မှာ လူပြောများနေပါတယ်။

"ရန်ကုန်မြို့ ဆိပ်ကမ်းသာလမ်းနေ အသက် ၁၉ နှစ်အရွယ် အမျိုးသားတစ်ဦးနှင့် ကျိုက်ထိုမြို့ ဗိုလ်ချုပ်လမ်းနေ ဆံပင်၊ မိတ်ကပ် အလှပြင်လုပ်ငန်း လုပ်ကိုင်သူ အသက် ၂၈ နှစ်အရွယ် အမျိုးသားတဦး"တို့ ဆောင်ကြတာလို့ ဆိုပါတယ်။
သတင်းဓာတ်ပုံထဲမှာတော့ တယောက်က ကုတ်အင်္ကျီ နက်ကတိုင်နဲ့ သတို့သားဝတ်စုံ ဝတ်ထားတယ်။ ဆံပင်ဆေးဆိုးထားသူတယောက်က သတို့သမီးဝတ်စုံနဲ့။
မော်လမြိုင်မြို့ စားသောက်ဆိုင်တခုမှာ လုပ်သွားတဲ့ အဲဒီ မင်္ဂလာဆောင်ကို နှစ်ဘက်မိဘ ဆွေမျိုးသားချင်းများ မတက်ဘူး၊ မိတ်ဆွေသူငယ်ချင်းတွေပဲ တက်တယ်လို့ သတင်းက ဆိုပါတယ်။
မူရင်းသတင်းက မြန်မာပို့စ်ဂျာနယ်ကဖြစ်တယ် တဲ့။
http://1.bp.blogspot.com/-C0Hr0NoHgII/UpVECaLzl_I/AAAAAAAAowM/wxaj8c-qC7s/s1600/234.jpgမှာ ဖတ်နိုင်ပါတယ်။
မြန်မာနိုင်ငံ လူ့အခွင့်အရေး ကော်မရှင် အတွင်းရေးမှူး ဦးစစ်မြိုင်၊ ကျိုက်ထိုမြို့ ရဲအရာရှိတဦးတို့ကတော့ ဟိုအမျိုးသားနှစ်ယောက် လူသိရှင်ကြား လက်ထပ်တာ မသင့်လျော်ဘူး လို့ သတင်းထဲမှာ မှတ်ချက်ပြုထားကြပါတယ်။
ထူးခြားဖြစ်စဉ်များကို သတင်းစာဂျာနယ်တွေမှာ တွေ့ကြရမှာပါ။
အမျိုးသားနှစ်ဦးအာဝါဟဝိဝါဟပြုကြခြင်းကလည်း အင်မတန် ထူးခြားတဲ့အတွက် အခုတော့ ဂျာနယ်ထဲ ပါလာပါပြီ။ စာဖတ်သူကရော ဘယ်လို ယူဆပါသလဲ။ လိင်တူလက်ထပ်သူတွေ မင်္ဂလာအခမ်းအနားကျင်းပတာကို သဘောတူပါသလား။ ဧရာဝတီဘလော့ http://blog.irrawaddy.orgမှာ မှတ်ချက်ထားခဲ့နိုင်သလို ဧရာဝတီ ဖေ့စ်ဘုတ် www.facebook.com/irrawaddyblog မှာလည်း မှတ်ချက် ထားခဲ့နိုင်ပါတယ်။
(အပေါ်ပုံကိုတော့ Google Imageစာမျက်နှာက ယူထားတာပါ။ လိင်တူလက်ထပ်ခြင်း အမှတ်အသား ဆိုပြီး ရှာလိုက်တော့ အဲဒီပုံတွေ ထွက်လာပါတယ်)
.
- ဧရာဝတီ Facebook
- ဧရာဝတီ Twitter