Quantcast
Channel: The Irrawaddy's Blog
Viewing all articles
Browse latest Browse all 5236

ပြည်ထဲရေးဝန်ကြီးဌာန စာတတ်သွားပြီ

$
0
0


ပြည်ထဲရေးဝန်ကြီးဌာန မြန်မာနိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံးကနေ
ပတ်စ်ပို့ (passport) တွေ ထုတ်ပေးနေတာ နှစ်ပေါင်းများစွာ ကြာခဲ့ပါပြီ။

ပတ်စ်ပို့ ရလိုသူများက စာရွက်စာတမ်းတွေ တပုံတပင် ရေးဖြည့်ပြီး လျှောက်ထားခဲ့ကြရတာပါ။
အခုတော့ တပုံတပင် ဖြည့်စရာ သိပ်မလိုတော့ပါဘူး တဲ့။

လျှောက်လွှာ ၁၄ ရွက်  ဖြည့်ရတဲ့ ဘ၀ကနေ ၅ ရွက်ပဲ ဖြည့်ရတော့မယ်လို့ ဒီကနေ့ ကြေးမုံသတင်းစာ စာမျက်နှာ ၉ မှာ ရေးထားပါတယ်။

တကယ် လိုအပ်တာကလည်း အဲဒီ ၅ ရွက်လောက်ပါပဲ။ ကျန်တာတွေက အပိုအလုပ်တွေပါ။
စာရွက်တွေ သိပ်များရင် ရုံးမှာလည်း စာရွက်ထားစရာနေရာ အခက်အခဲ ဖြစ်ပါလိမ့်မယ်။

မလိုလားအပ်တဲ့ စာရွက်စာတမ်းကိစ္စတွေ လျှော့ချရမယ်ဆိုတာကို ပြည်ထဲရေးဌာန သဘောပေါက်သွားတာ ၀မ်းသာစရာပါပဲ။

စာရွက်စာတမ်း ဖောင်းပွခြင်းဟာ လျှောက်ထားသူအတွက်လည်း ပင်ပန်းပါတယ်။ ဌာနဆိုင်ရာများအတွက်လည်း သိမ်းဆည်း၊ သိုလှောင်၊ စီမံ ခန့်ခွဲရတဲ့ ဝန်ထုပ်ဝန်ပိုးလည်း အင်မတန် ကြီးပါတယ်။

ဒီမိုကရေစီခေတ်၊ ကွန်ပျူတာခေတ်မှာ ဒီလို မလုပ်နိုင်စရာ အကြောင်း မရှိပါ။

ဒီသတင်းအရ ဆိုရင် - စာရွက်စာတမ်းကိစ္စကို ၆၅ ရာခိုင်နှုန်းလောက် လျှော့ချနိုင်ပြီ၊ ပတ်စ်ပို့ကိုလည်း ဆယ်ရက်အတွင်း ထုတ်ပေးနိုင်ဖို့ စီစဉ်နေပြီ လို့ သိရပါတယ်။





Viewing all articles
Browse latest Browse all 5236

Trending Articles