Quantcast
Channel: The Irrawaddy's Blog
Viewing all articles
Browse latest Browse all 5236

သမ္မတ ဦးသိန်းစိန် ဖိလစ်ပိုင် သွားမယ်

$
0
0

သမ္မတ ဦးသိန်းစိန်ဟာ ဖိလစ်ပိုင် နိုင်ငံကို လာမယ့် သတင်းပတ်မှာ ၂ ရက်တာ အလည်ခရီးသွားမှာ ဖြစ်ပါ တယ်။ 


ဖိလစ်ပိုင် သမ္မတ Benigno Aquino III ရဲ့ ဖိတ်ကြားမှုနဲ့ လာမယ့် ဒီဇင်ဘာလ ၄ ရက်နေ့ကနေ ၆ ရက်
နေ့ ထိ သမ္မတ ဦးသိန်းစိန်က ဖိလစ်ပိုင်ကို တရားဝင် အလည်အပတ် ခရီးလာမှာ ဖြစ်တယ်လို့ မနေ့က ဖိလစ်ပိုင် နိုင်ငံခြားရေး ဝန်ကြီးရုံးက ပြောလိုက်ပါတယ်။ 

စစ်အုပ်ချုပ်ရေး ကျင့်သုံးခဲ့တဲ့ မြန်မာနိုင်ငံမှာ ၂၀၁၀ ခုနှစ်က ပြုပြင်ပြောင်းလဲရေး လုပ်ပြီးနောက်ပိုင်း မြန် မာ ခေါင်းဆောင် တဦး အနေနဲ့ ဖိလစ်ပိုင်နိုင်ငံကို သွားတာက ပထမဆုံး ဖြစ်ပါတယ်။ 

၂၀၀၅ ခုနှစ်ကတော့ ဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီး စိုးဝင်း က မြန်မာခေါင်းဆောင်တဦးအနေနဲ့ ဖိလစ်ပိုင်ကို သွားခဲ့ဖူးပါတယ်။ ဖိလစ်ပိုင် နိုင်ငံခြားရေး ဋ္ဌာနရဲ့ အဆိုအရ သမ္မတ အကွီနိုနဲ့ သမ္မတ ဦးသိန်းစိန်တို့ဟာ ကုန်သွယ်ရေးနဲ့ ရင်းနှီးမြှုပ်နှံမှု၊ စိုက်ပျိုးရေး၊ စွမ်းအင်၊ ယဉ်ကျေးမှု ဖလှယ်ရေးနဲ့ သတင်းအချက်အလက် ပူးပေါင်း ဆောင်ရွက်ရေးကိစ္စတွေကို အပြန် အလှန် ဆွေးနွေးကြမယ်လို့ သိရပါတယ်။ 

လာမယ့် ၂၀၁၄ ခုနှစ်မှာ မြန်မာက အာဆီယံ အလှည့်ကျ ဥက္ကဋ္ဌ ရာထူးလက်ခံယူမှာလည်းဖြစ်တော့ ဒေသ တွင်း ကိစ္စတွေ လည်း ဆွေးနွေးသွားကြမယ်လို့ ဆိုပါတယ်။ 

တကယ်တော့ သမ္မတ ဦးသိန်းစိန်နဲ့ သမ္မတ အကွီနိုတို့က ပြီးခဲ့တဲ့ ဇွန်လ ၇ ရက်နေ့က နေပြည်တော် မှာ တွေ့ဆုံခဲ့ဖူးပြီး သားပါ။ အဲဒီတုန်းက သမ္မတ အကွီနိုက နေပြည်တော်မှာ ကျင်းပတဲ့ ကမ္ဘာ့စီးပွားရေး ဖိုရမ်ကို လာတက်ရောက်စဉ်က ဖြစ်ပါတယ်။ 

မြန်မာနဲ့ ဖိလစ်ပိုင်ဟာ သံတမန်ဆက်ဆံရေးကို ၁၉၅၆ ခုနှစ်က စတင်ခဲ့ကြတာဖြစ်ပြီး မကြာသေးမီက ဖိလစ်ပိုင်မှာ လူ ပေါင်း များစွာ အသက်ဆုံး၊ အိုးမဲ့ အိမ်မဲ့ဖြစ်သွားရတဲ့ တိုင်ဖုန်း မုန်တိုင်ဒဏ်ခံရတာအတွက် လည်း မြန်မာက ဒေါ်လာ ၁ သိန်းနဲ့ ထောက်ပံ့ပစ္စည်း ၇ တန်ကို ပေးလို့ လှူဒါန်းခဲ့ပါသေးတယ်။ 


အိမ့်သံစဉ် ~

Viewing all articles
Browse latest Browse all 5236