Quantcast
Channel: The Irrawaddy's Blog
Viewing all articles
Browse latest Browse all 5236

စင်္ကာပူက မြန်မာစီးပွားရေးသံမှူးရဲ့ သတင်းပေးပို့ချက်

$
0
0
~

အပတ်စဉ်ထုတ် Commerce ဂျာနယ်မှာ မြန်မာသံရုံးတချို့ရဲ့ သတင်းပေးပို့ချက်တွေ ပုံမှန် ဖော်ပြနေတာ တွေ့ရပါတယ်။  

 


စင်္ကာပူရောက် မြန်မာတို့ စုဝေးဆုံတွေ့ကြတဲ့ ပင်နီဆူလာ ပလာဇာအောက်ထပ်က ဧရာဝတီ စားသောက်ဆိုင် (ဓာတ်ပုံ - စည်သူလင်း / ဧရာဝတီ)


အောက်တိုဘာ ၁၄ ရက်နေ့ထုတ် Commerce ဂျာနယ်မှာတော့ စင်္ကာပူ မြန်မာသံရုံး စီးပွားရေးသံမှူး နေအေးလွင်ရဲ့ သတင်းပေးပို့ချက် ဖော်ပြထားပါတယ်။

အကြောင်းအရာကတော့ စင်္ကာပူရဲ့ လူဦးရေ တိုးတက်မှု နှေးကွေးခြင်း ဖြစ်ပါတယ်။
အမြဲတမ်းနေထိုင်ခွင့်ရသူ (Permanent Resident - PR) သတ်မှတ်မှုနဲ့ နိုင်ငံသားခံယူခွင့်အကြောင်းလည်း ဖတ်ရမှာပါ။

အခုဆိုရင် စင်္ကာပူကျွန်းနိုင်ငံလေးမှာ လူဦးရေက ငါးသန်းခွဲ ရှိနေပါပြီ။
စင်္ကာပူမှာ မြန်မာပြည်သား အများအပြားလည်း အလုပ်လုပ်ကိုင်၊ ပညာသင်ယူလျက်ရှိပါတယ်။

မြန်မာပြည်သားတွေနဲ့ဆက်စပ်တဲ့ စီးပွားရေးဆိုင်ရာတွေအကြောင်းလည်း တခါတရံ ရေးသား ပေးပို့မယ်လို့ ယူဆရပါတယ်။

မြန်မာသံရုံး စီးပွားရေးသံမှူးတွေဖြစ်တဲ့
ဖြူနှင်းဝတ်ရည်၊ ဘရပ်ဆဲလ်မြို့၊ ဘယ်လ်ဂျီယံ
သန့်ဇင်၊ ဆိုးလ်မြို့၊ တောင်ကိုရီးယား
ရီရီမွန်၊ ဘန်ကောက်မြို့၊ ထိုင်းနိုင်ငံ
တို့ရဲ့ သတင်းပေးပို့ချက်တွေကိုလည်း ပုံမှန် တွေ့နေရပါတယ်။ ဒီတပတ် နိုဝင်ဘာ ၂၅ တနင်္လာနေ့ထုတ် ဂျာနယ်မှာလည်း တွေ့ရပါတယ်။
တခြားနိုင်ငံတွေမှာ စီးပွားရေးသံမှူး မရှိတာလား၊ ရှိပေမယ့် သတင်းပေးပို့ချက်တွေကို ဂျာနယ်မှာ ဖော်ပြခြင်း မရှိတာလား ဆိုတာတော့ သူတို့အတွင်းရေးမို့ မသိရပါ။

သူတို့ ပို့လာတဲ့ သတင်းတွေက များသောအားဖြင့် ဖတ်ရတာ စိတ်ဝင်စားစရာကောင်းပါတယ်။

တနင်္လာနေ့ကို ပစ်မှတ်ထားပြီး ဈေးကွက်ထဲပို့တဲ့ ဒီဂျာနယ်ကို စီးပွား/ကူးသန်းဝန်ကြီးဌာနက ထုတ်ဝေတယ်လို့ ယူဆရပါတယ်။

အားကစား၊ အနုပညာရပ်ဝန်း၊ နိုင်ငံရေး၊ ဂမ္ဘီရ/ဝေဒ ဦးစားပေးဂျာနယ်များ အရောင်းသွက်ပေမယ့် စီးပွားရေးဂျာနယ်  Commerce ကိုတော့ လူအများအပြားက သတိပြုမိကြဟန် မတူပါဘူး။
အရောင်းဆိုင်တိုင်းလိုလိုမှာ တင်ထားလေ့ရှိတဲ့ ဂျာနယ်လည်း မဟုတ်ပါဘူး။

စီးပွားရေးဘာသာရပ်စိတ်ဝင်စားသူတွေသာမက သတင်းသမားများလည်း ဖတ်သင့်တဲ့ဂျာနယ် ဖြစ်ပါတယ်။



.


Viewing all articles
Browse latest Browse all 5236

Trending Articles