Quantcast
Channel: The Irrawaddy's Blog
Viewing all articles
Browse latest Browse all 5236

ခင်ပွန်း ၅ ဦး တပြိုင်တည်း ပေါင်းသင်းနေထိုင်တဲ့ အမျိုးသမီး

$
0
0
လောကကြီးမှာ ထူးဆန်းတာတွေ ရှိတတ်ကြပါတယ်။ ဒါကိုပဲ သဘာဝလွန်ဖြစ်ရပ်တွေလို့ ပြောကြတာပါ။ ဒီနေရာမှာ ယောင်္ကျားတဦးက ဇနီး ၄ ၊ ၅ ဦးကို တပြိုင်တည်းလက်ထပ်ပေါင်းသင်းနေတယ်ဆိုတာ မထူးဆန်းပေမယ့် မိန်းမ တဦး က ခင်ပွန်း ယောင်္ကျား ၅ ဦးတပြိုင်တည်း ပေါင်းသင်းတယ်ဆိုတဲ့ အဖြစ်မျိုး ကတော့ ထူးဆန်းမနေဘူးလား။ 

 ခင်ပွန်းသည် ၅ ဦးနဲ့ အတူတွေ့ရတဲ့ သားတဦးမိခင် မစ္စ ရာဂျို၊ ဓာတ်ပုံ- The Sun

ဒီလိုထူးဆန်းမှုကတော့ ကမ္ဘာပေါ်မှာ တကယ်ရှိနေပါတယ်။ သူကတော့ အိန္ဒိယ နိုင်ငံက အသက် ၂၁ နှစ်အရွယ်ရှိတဲ့ မစ္စ ရာဂျို ဗာမာ ဆိုသူ အမျိုးသမီးပါ။ သူကတော့ ခင်ပွန်းသည် ၅ ဦးနဲ့ အလည်ကျ တညစီ နေပါသတဲ့။ ခင်ပွန်းဖြစ်သူ ၅ ဦးလုံးကလည်း ညီအကိုတွေဖြစ်နေတာပါလို့ The Sun အွန်လိုင်း သတင်းစာမှာဖော်ပြထားပါတယ်။ 

ရင်ခွင်ထဲ ပွေ့ချီထားတဲ့ သားငယ် လေးဟာ ဘယ်အဖေနဲ့ မွေးတယ်ဆိုတာတောင် သူမသိရပါဘူး လို့ ပြောပါတယ်။ 

“ကနဦးပိုင်းတော့ နည်းနည်း ကြောင်တောင်တောင် ဖြစ်သလိုခံစားခဲ့ရပါတယ်။ ဒါပေမယ့် ဘယ်ယောင်္ကျား တဦး တလေကိုမှ ကျမက မျက်နှာလိုက်တယ်ဆိုတာ မရှိဘူး” လို့ မစ္စ ရာဂျိုဗာမာ က ပြောပါတယ်။ 

မစ္စ ရာဂျိုရဲ့ ပထမဆုံး သတို့သား တဦးဖြစ်ခဲ့သူကတော့ အသက် ၂၁ နှစ်ရှိပြီဖြစ်တဲ့ မစ္စ ဂတ်ဒူဆိုသူပါ။ 

“ကျနော်တို့အားလုံးက သူနဲ့ လိင်ဆက်ဆံနေတာပဲ၊ ဒါပေမယ့် ကျနော်တို့ မနာလိုစိတ်မရှိဘူး။ ကျနော်တို့က တကယ့် မိသားစုကြီးဖြစ်နေတာကိုး” လို့ သူက ပြောပါတယ်။ 

သူတို့ ၂ ဦးကတော့ လွန်ခဲ့တဲ့ ၄ နှစ်လောက်က ဟိန္ဒူရိုးရာနဲ့ လက်ထပ်ပေါင်းသင်းခဲ့ကြတဲ့ စုံတွဲပါ။  တရားဝင်အားဖြင့် သူတို့ ၂ ဦးဟာ အကြင်လင်မယားအဖြစ် စတင်ပေါင်းသင်းခဲ့သူတွေပေါ့။ 

ဒါပေမယ့် သူတို့ရွာဓလေ့အရ မစ္စ ရာဂျာဗာမာဟာ မဖြစ်မနေပဲ သူ့ပထမဆုံး ခင်ပွန်းဖြစ်သူရဲ့ ညီအကိုတွေ 
ဖြစ်တဲ့ ဘာဂျူ ( အသက် ၃၂ နှစ်)၊ ဆန့်ရမ် ( အသက် ၂၈ နှစ်)၊ ဂိုပါလ် ( အသက် ၂၆ နှစ်) ကို ခင်ပွန်းတွေ အဖြစ် လက်ထပ်ပေါင်းသင်းရပါတယ်။ 

ဒီအပြင် မနှစ်ကမှ အသက် ၁၈ နှစ်ပြည့်ခဲ့လို့ နောက်ဆုံးလက်ထပ်လိုက်ရတဲ့သူကတော့ ဒိုင်းနဲရှ်ပါပဲ။ 

ရာဂျိုနဲ့ သူ့ခင်ပွန်း ၅ ဦး၊ သားငယ်တို့ကို နေထိုင်ရာ အိမ်ရှေ့ မြင်ကွင်း~

 အကြီးဆုံး အကိုကြီးဖြစ်သူ ဘာဂျူးက ပြောတာကတော့ စိတ်ဝင်စားစရာပါ။ 

 “ကျနော့်မိန်းမအဖြစ်နဲ့ သူကို စဉ်းစားပါတယ်။ ပြီးတော့ ကျနော့်ညီတွေလိုပဲ သူနဲ့ အိပ်တာပဲ” လို့ ပြောပါ တယ်။ 

ရာဂျိုက ထမင်းဟင်းချက်ပြုတ်ပြီး သန့်ရှင်းရေးလုပ်ကြောင်း၊ ခင်ပွန်းသည်တွေက အလုပ်အကိုင်ရှိတဲ့ အိန္ဒိယနိုင်ငံ မြောက်ပိုင်း ဒေရာဒန်အရပ်မှာ သွားနေခိုက် အိမ်က ၁၈ လသားအရွယ် ဂျေး ဆိုတဲ့ ကလေးကို လည်း ထိန်းသိန်း စောင့်ရှောက်ပါသေးတယ်လို့ သူက ဆက်ပြောပါတယ်။ 

ခင်ပွန်း ၅ ဦးနဲ့ သားတဦးကို ချက်ပြုတ်ကျွေးမွေးနေတဲ့ မစ္စ ရာဂျို~

 မစ္စရာဂျိုက ပိုလီယန်ဒရီလို့ ခေါ်တဲ့ ရှေးရိုးရာအကြောင်းနဲ့ ပတ်သက်လို့ ရှင်းပြပါတယ်။ 

“ကျမအမေကလည်းပဲ ဒီလိုပဲ ညီအကို ၃ ယောက်ကို လက်ထပ်ခဲ့တာပါ။ ကျမ လက်ထပ်တုန်းကလည်း သူတို့ ညီ အကိုတွေ အားလုံးကို ကျမ ခင်ပွန်းတွေအဖြစ် ကျမလက်ခံရမယ်ဆိုတာ ကျမ သိပြီးသားပါ” လို့ ရာဂျိုက ဆိုပါတယ်။ 

“ကျမကတော့သူတို့နဲ့ အလှည့်ကျ အိပ်တယ်။ ကျမတို့မှာက ကုတင်တွေ၊ အိပ်ရာတွေ မရှိဘူးလေ။ ကြမ်းပြင်ပေါ် စောင်တွေများများခင်းလိုက်တာပဲ” လို့ ရာဂျိုက ဆိုပါတယ်။ 

 ပြီးတော့သူက ဆက်ပြောတာကို စာဖတ်သူများ ပိုစိတ်ဝင်စားမယ်ထင်ပါတယ်။ 

 “မယားတွေ အများကြီးရှိတာမျိုးထက်စာရင် ချစ်ခြင်းမေတ္တာနဲ့ပတ်သက်လို့ ကျမက ပိုလို့တောင် ဂရုစိုက်မှု ခံရသေးတယ်” လို့ ရာဂျိုက ဆိုပါတယ်။ 

သူတို့ ဓလေ့၊ သူတို့ရိုးရာများ အံ့ပါရော။ 


အိမ့်သံစဉ် ~

Viewing all articles
Browse latest Browse all 5236

Trending Articles


၂၀၁၆ ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲ အောင်စာရင်းထုတ်ပြန်


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


စိုးလွင် (၂၁၁) (၀မ်ခ) ● သူပုန်တို့ရဲ့ဌာနချုပ် မာနယ်ပလောကို ကာကွယ်စို့


၂၀၀၁ ခုနှစ် ထိုင်း - မြန်မာ နယ်စပ် တိုက်ပွဲများ


မကွေးတိုင်းအတွင်း တက္ကသိုလ်ဝင်စာမေးပွဲဖြေခွင့်တင်သူ ယခုနှစ်တွင် (၆,၀၀၀)ကျော်...


ဆင်ဖြူ ရှင်၏ ယိုးဒယားအောင်ပွဲ


၂၀၁၅ ရွေးကောက်ပွဲ ကိုယ်စားလှယ်နေရာ ထွန်းအိန္ဒြာဗိုလ်ကို ကမ်းလှမ်းကြောင်း NLD...


တာနောယက္ခ


အောင်ဝေး - ေ ဒၚ ေ အ ာ င် ဆ န်း စု ကြ ည် သို့ေ ချ ပ ချ က် (၂)


ဝင်းအောင်ကြီး(မောင်အောင်မွန်) - ရှုမ၀မောင်ဆွေတင့်နှင့် မောင်ဆွေတင့်၏ ရှုမဝ


မြန်အောင်မြို့နယ် အင်ပင်- ကနောင်လမ်း ရေတိုက်စား ပျက်စီး


သင်္ကြန်မှာ မုန့်လုံးရေပေါ် စတုဒီသာ ဒါနပြုမယ်


တားမြစ်ထားတဲ့ သီချင်းလေးတွေ...


အစ်ကိုအရင်းက ညီမကို မူးလာတိုင်း ဓါးထောက်မုဒိန်းကျင့် ဗိုက်ထွက်လာမှသိရ


ရှမ်းကိုးပြည် တွင်ပါဝင်သော မိုးညှင်းပြည် နှင့် မိုးမိတ်ပြည် ကို ဘုရင့်နောင်...


တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နှင့် ဇ နီး...


အရှက်ကြီးသော မိဖုရားနှင့် ကျီစားသန်သော ဘုရင်


သမားဇာနည်တို့ မွေးဖွားရာမြေ (THE NATIVE OF THAMAR ZARNI)


မနောမယအိမ်ခြံမြေရောင်းနည်း


မေ့မရနိုင်တဲ့ နိုင်ဝင်းဆွေ - ငြိမ်းဝေ ၊ ကိုအောင်