~
ပဋိပက္ခဒေသ ကလေးများရဲ့ပညာရေးရန်ပုံငွေအတွက် ထောက်လှမ်းရေးဗိုလ်ချုပ်ဟောင်း ဦးခင်ညွန့်၊ ဆက်သွယ်ရေးလုပ်ငန်း အူရီးဒူးမြန်မာတို့ဆီကနေ အလှူငွေ လက်ခံရရှိထားတယ် လို့
ရခိုင် NGO အဖွဲ့တခုက ပြောပါတယ်။
ရန်ကုန်မြို့ အခမဲ့သင်တန်းကျောင်းတခု မြင်ကွင်း (ဓာတ်ပုံ - JPaing / The Irrawaddy)
Rakhine National Social & Welfare Organization (RNSWO) လို့ ခေါ်တဲ့ အဖွဲ့ပါ။
ဒီလထဲမှာ အူရီးဒူးက ဒေါ်လာ တသောင်းခွဲ လှူတယ်၊
ဦးခင်ညွန့်က ကျပ် ငါးသိန်း လှူတယ် လို့ အဖွဲ့ရဲ့ ပြောရေးဆိုခွင့်ရှိသူ ကိုမြတ်ခိုင်ကျော်က ပြောပါတယ်။
ဒီအဖွဲ့ရဲ့ အစီအစဉ်နဲ့ ပဋိပက္ခဒေသ ကလေးများရဲ့ပညာရေးရန်ပုံငွေအတွက် ရန်ကုန်မြို့ အမျိုးသားကဇာတ်ရုံမှာ ဒီည စင်တင်တေးဂီတပွဲကြီးတခု ရှိပါတယ်။
ည ၇း၀၀ ကနေ မနက် ၁း၀၀ အထိ ပြုလုပ်မယ့်ပွဲကြီးပါ။
ဒါကတော့ ဧရာဝတီ သတင်းစာမျက်နှာမှာ ဖော်ပြထားတဲ့Arakan NGO to Hold Fundraising Concert for Conflict-Affected Childrenကို ညွှန်းဆိုခြင်းပါ။
မူရင်းကို http://www.irrawaddy.org/burma/arakan-ngo-hold-fundraising-concert-conflict-affected-children.html မှာ ဖတ်နိုင်ပါတယ်။ ဒီပွဲကနေ ရလာမယ့် ရန်ပုံငွေကို ကချင်၊ ရခိုင်၊ မိတ္ထီလာ စတဲ့ ဒေသတွေက ဘုန်းတော်ကြီးသင် ပညာရေးကျောင်းတွေကို လှူမယ်၊ ဒုက္ခသည်ကလေးများရဲ့ပညာရေးအတွက် သုံးမယ်လို့ သိရပါတယ်။
RNSWO အဖွဲ့က ရန်ပုံငွေများ ခွဲဝေလှူဒါန်းရာမှာ ဘာသာ လူမျိုး ခွဲခြား ကန့်သတ်ခြင်း လုပ်မယ်မဟုတ်ဘူးလို့ အဖွဲ့ရဲ့ နာယက ဆရာတော်တပါးဖြစ်တဲ့ ဦးကုမာရက မိန့်ဆိုပါတယ်။
သို့သော်လည်း နိုင်ငံသားတွေကို ဦးစားပေး လှူဒါန်းပါမယ် တဲ့။
ရန်ပုံငွေပွဲကြီးမှာ အထင်ကရ အဆိုတော်၊ သရုပ်ဆောင်၊ ကချေသည်တွေ ပါဝင်ကူညီကြမယ်လို့ ဆိုတယ်။
ဒီပွဲက ထွက်ပေါ်လာမယ့် ရန်ပုံငွေကို ဘာကြောင့် ပညာရေးအတွက် လှူရတာလဲ။
မြန်မာပြည် အသွင်ကူးပြောင်းရေးမှာ ပညာရေးက အရေးအပါအဆုံးကဏ္ဍဖြစ်တဲ့အတွက် ပညာရေးကို ရွေးချယ်ရတာပါလို့ ကိုမြတ်ခိုင်ကျော်က ရှင်းပြပါတယ်။
http://www.irrawaddy.org/burma/arakan-ngo-hold-fundraising-concert-conflict-affected-children.html
.

- မူရင်း -