Quantcast
Channel: The Irrawaddy's Blog
Viewing all articles
Browse latest Browse all 5236

ကောင်းမှုတော်စေတီကြီးကို ထုံးသင်္ကန်းပြန်ကပ်တော့မလား

$
0
0
~


 
ကောင်းမှုတော်စေတီကြီးကို ထုံးသင်္ကန်းပြန်ကပ်တော့မလား။ ဒီလ ၁၂ ရက်နေ့ထုတ် အစိုးရသတင်းစာ မြန်မာ့အလင်းဆောင်းပါးသရုပ်ဖော်ပုံအရ ဆိုရင်တော့ အဲဒီလို မေးခွန်း ထုတ်စရာ ဖြစ်နေပါပြီ။

 


ပြီးခဲ့တဲ့ ဒီဇင်ဘာလက ဖူးတွေ့ရတဲ့ ကောင်းမှုတော် (ဓာတ်ပုံ - စည်သူလင်း)

ဒီစေတီကြီးကို ဗိုလ်ချုပ်သန်းရွှေခေတ်က အဖြူရောင်အစား ရွှေရောင်အတိပြီးအောင် စီမံ ဆေးခြယ်ခဲ့ကြတာပါ။
ထုထည် အင်မတန် ကြီးမားလွန်းတဲ့ စေတီကြီး အရောင် အပြောင်းအလဲမှာ အမြင်တွေလည်း အမျိုးမျိုး ဖြစ်ခဲ့ပါတယ်။
မူလအတိုင်း အဖြူထည် အနေအထားကို နှစ်သက်ကြောင်း ပြောဆိုသူတွေ ရှိခဲ့ပါတယ်။
ပြောင်းလဲလိုက်တဲ့ ရွှေရောင်ကိုမှ ကြည်ညိုလှချည်ရဲ့ လို့ ပြောဆိုသူတွေလည်း ရှိမှာပါ။
လူအမျိုးမျိုး အကြိုက်အထွေထွေ မဟုတ်လား။

ဒီဇင်ဘာလတုန်းက ကောင်းမှုတော်စေတီကို ရောက်တော့ ရင်ပြင်ပေါ်ကဈေးဆိုင်တွေမှာ အထက်ကပုံအတိုင်း မူလ ကောင်းမှုတော်စေတီပုံတွေကိုပဲ ချိတ်ထားကြတာ တွေ့ရပါတယ်။
ဆိုင်အများစုက အဲဒီပုံတွေနဲ့ပါ။
ဘာကြောင့် လက်ရှိ ရွှေအဆင်းနဲ့ပုံ မချိတ်ကြသလဲလို့ ဆိုင်ရှင်တချို့ကို အလွတ်သဘော မေးရာမှာ သူတို့ဆီက ဘာမှ အဖြေ မရပါဘူး။
မေးသူကို သံသယမျက်လုံးနဲ့ပဲ ပြန်ကြည့်ပါတယ်။
သူတို့က အသံတိတ် ဆန္ဒပြတာလည်း ဖြစ်နိုင်သလို ဟိုစဉ်ကတည်းကချိတ်ထားတဲ့ပုံ၊ ဆိုင်းဘုတ်တို့ကို အပြောင်းအလဲ မလုပ်ဖြစ်သေးတာလည်း ဖြစ်နိုင်တာပါပဲ။

 


အထက်မှာနိဒါန်းပျိုးထားသလိုပါပဲ...
 ကောင်းမှုတော်စေတီအကြောင်း ရေးထားတဲ့ အစိုးရသတင်းစာ မြန်မာ့အလင်းဆောင်းပါးသရုပ်ဖော်ပုံမှာ  မူလကောင်းမှုတော်ကို ဖူးတွေ့ရမှာပါ။
ဘာကြောင့် လက်ရှိ ရွှေရောင်အဆင်းကောင်းမှုတော်ကြီးပုံကို မသုံးကြတာလဲ ဆိုတာက စိတ်ဝင်စားစရာပါ။
မြန်မာ့အလင်း အယ်ဒီတာတို့က ကောင်းမှုတော်ကို မူလအနေအထားနဲ့ပဲ ဖူးချင်လို့လား ဆိုတဲ့ မေးခွန်း၊
ကောင်းမှုတော်စေတီကြီးကို ထုံးသင်္ကန်းပြန်ကပ်တော့မလား ဆိုတဲ့ မေးခွန်း မေးစရာ ဖြစ်လာပါတယ်။

ထုံးသင်္ကန်းပြန်ကပ်တာက အကုန်အကျ ပိုသက်သာပါလိမ့်မယ်။ အကုန်အကျ သက်သာခြင်း မသက်သာခြင်းက အဓိက အချက်တော့ ဟုတ်မယ် မထင်ပါ။
စေတီတော်ကြီးက ဘယ်အရောင်နဲ့ ပိုပြီး သပ္ပာယ်သလဲ ဆိုတဲ့အချက်က အဓိက ကျပါလိမ့်မယ်။

ကောင်းမှုတော်စေတီ ရွှေရောင်အတိုင်း ဆက်ထားရေး၊ အဖြူရောင် ပြန်ပြောင်းရေး ဆိုတာကို ဘယ်သူတွေက ဆုံးဖြတ်ကြမှာလဲ ဆိုတာကလည်း စိတ်ဝင်စားစရာပါပဲ။
ဘယ်သူတွေက ဆုံးဖြတ်ကြမှာလဲ -

  • ဒေသခံများ??
  • သံဃာများ??
  • ဂေါပကအဖွဲ့??
  • ပညာရှင်များ??
  • သာသနာရေးဝန်ကြီးဌာန??
  • ဗဟိုအစိုးရအဖွဲ့??
  • စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့??
  • ဗိုလ်ချုပ်ဟောင်း ဦးသန်းရွှေ??

အစိုးရသတင်းစာမှာ ဖော်ပြခဲ့တဲ့ ဓာတ်ပုံကို ကြည့်ပြီး တွေးမိတာတွေပါ။
အဖြူရောင်အဆင်းနဲ့စေတီပုံကို ရည်ရွယ်ချက်နဲ့ ထည့်လိုက်တာလား၊ ပုံအဟောင်းပဲရှိလို့ ရှိတာကို ထည့်လိုက်တာလား ဆိုတာကတော့ မြန်မာ့အလင်း ဓာတ်ပုံ စီစဉ်သူများပဲ သိနိုင်မှာဖြစ်ပါတယ်။
ဆောင်းပါးထဲမှာတော့ အရောင်ပြောင်းရေးအကြောင်း စိုးစဉ်းမျှ ရေးမထားပါ။
ဘုရားဖူးကြွရောက်ကြဖို့ပဲ ဆော်သြထားတာဖြစ်ပါတယ်။



 



.


Viewing all articles
Browse latest Browse all 5236

Trending Articles


၂၀၀၁ ခုနှစ် ထိုင်း - မြန်မာ နယ်စပ် တိုက်ပွဲများ


အင်ဂျင်နီယာဆိုင်ရာစာအုပ်များ (၁၁ အုပ်)


စိုးလွင် (၂၁၁) (၀မ်ခ) ● သူပုန်တို့ရဲ့ဌာနချုပ် မာနယ်ပလောကို ကာကွယ်စို့


သီတဂူဆရာတော်ကြီး၏ မွေးနေ့ ပို့စ် ဖိတ်ခေါ်


တာချီလိတ်မြို့ ဆန်ဆိုင်း(က)ရပ်ကွက်၌ ဘိန်းဖြူ ၃၅ဂရမ် ဖမ်းဆည်းရမိ


ဘုရင့်နောင်ကျော်ထင်နော်ရထာ နတ်ရွာစံခြင်း


ဦးအောင်ဇေယျမှ ကုန်းဘောင်မင်းဆက်တည်ဆောက်ခြင်း အစ


မြန်မာတွေ ကြည့်ရှု အဆင်ပြေမယ့် ဇာတ်ကား ရိုက်ကူးတယ် ဆိုသူ စံရတီမိုးမြင့်


အရှက်ကြီးသော မိဖုရားနှင့် ကျီစားသန်သော ဘုရင်


ဆားပုလင်းနှင်းမောင်၏ နိဂုံး


မြန်အောင်မြို့နယ် အင်ပင်- ကနောင်လမ်း ရေတိုက်စား ပျက်စီး


ခင်လွန်း - “ကျီးဖြူ ကျီးမည်း တစ်ကောင်တည်း”


တားမြစ်ထားတဲ့ သီချင်းလေးတွေ...


ထိုင်း-မြန်မာ နယ်စပ် ပဋိပက္ခ (၂၀၀၃)


မကွေးတိုင်းအတွင်း တက္ကသိုလ်ဝင်စာမေးပွဲဖြေခွင့်တင်သူ ယခုနှစ်တွင် (၆,၀၀၀)ကျော်...


ရှမ်းကိုးပြည် တွင်ပါဝင်သော မိုးညှင်းပြည် နှင့် မိုးမိတ်ပြည် ကို ဘုရင့်နောင်...


သာယာဝတီမင်း၏ နောက်ကွယ်မှ ရာဇ၀င်သမိုင်းဆိုးများ


တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နှင့် ဇ နီး...


တာနောယက္ခ


မနောမယအိမ်ခြံမြေရောင်းနည်း