Quantcast
Channel: The Irrawaddy's Blog
Viewing all articles
Browse latest Browse all 5236

စီးပွားရေးမှာ အမြဲတမ်းရန်သူမရှိ

$
0
0
~


 



နိုင်ငံရေးမှာ အမြဲတမ်းရန်သူ မရှိဘူးဆိုတဲ့ စကား ကြားဖူးတယ်။ ဒီမနက်တော့ စီးပွားရေးမှာလည်း အဲသလိုပဲ အမြဲတမ်းရန်သူမရှိသင့်ဘူး ဆိုတဲ့သဘော ဆင်ခြင်မိပါတယ်။

 



ရန်ကုန်  ၄၆ လမ်း စာနယ်ဇင်းဈေးကွက်ထဲက ဖြန့်ချိရေးဆိုင်တခုမှာ ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း ပိုစတာကြီးတွေ ချိန်ဆွဲထားတာ တွေ့ခဲ့ရပါတယ်။

သူရိယနေဝန်းဂျာနယ်ကို မဖြန့်ဘူး မရောင်းဘူး ဆိုတဲ့ ပိုစတာတွေပါ။ အဲဒီဂျာနယ်က ပြဿနာဂျာနယ်လို့လည်း ဆိုထားတာပါ။
ဘာကြောင့် အဲဒီလို ကြေညာရတာလဲ၊ အငြင်းပွားဖွယ်ဂျာနယ် ဖြစ်နေတာကြောင့်လား၊ ဆိုင်ရှင်ကို မေးကြည့်ပါတယ်။
အဖြေကတော့ ... ဂျာနယ်က  သူတို့ဆီကို မှာထားသလောက် မရောက်ဘူး၊ တချို့ဆိုင်တွေကိုတော့ ရောက်တယ်၊ ဒါကြောင့် ဖြန့်ချိရေး လုပ်ကိုင်ရာမှာ အခက်အခဲ ရှိတယ်၊ ပြဿနာတက်တယ် လို့ ရှင်းပြပါတယ်။

ဈေးကွက်က အပြိုင်အဆိုင်သဘော ဖြစ်တာကြောင့် မှာထားသလောက် လာမပေးရင်ပြဿနာ တက်ပြီပေါ့၊ ဒီတော့ အဲသလို ကြေညာတာဟာ သဘာဝကျပါတယ်လေ လို့ တွေးမိပါတယ်။ဧရာဝတီဘလော့ http://blog.irrawaddy.orgမှာ ရေးဖို့ မေးခဲ့ ဓာတ်ပုံရိုက်ခဲ့ပါတယ်။

အဲ ... အဲဒီနေရာ ဒီကနေ့ စနေမနက် ရောက်တော့ ရာသီဥတု အပြောင်းအလဲဖြစ်နေပါပြီ။
ဟိုနေ့က ပြဿနာ .... ဆိုတဲ့ ပိုစတာများနေရာမှာ - စနေနေ့ထုတ် သူရိယနေဝန်းကို ကျပ် ၅ဝဝ နဲ့ အားပေးဝယ်ယူနိုင်ပြီလို့ ရေးထားတဲ့ ပိုစတာတွေက အစားထိုး နေရာယူနေပါတယ်။

အင်း...ဂျာနယ်တိုက် နဲ့ ဖြန့်ချိရေးဆိုင်တခုကြားမှာ တွေ့ဆုံဆွေးနွေး အဖြေရှာလိုက်နိုင်ပြီလို့ တွေးလိုက်မိပါတယ်။

ဒေါသသင့် ပဋိပက္ခဖြစ်တဲ့အခြေအနေကနေ ပြန်လည် ရင်ကြားစေ့သင့်မြတ်ရေးအခြေအနေကို အချိန်မရွေး ပြောင်းလဲနိုင်ပါလားလို့လည်းတွေးမိပါတယ်။
စီးပွားရေးမှာ အမြဲတမ်းရန်သူမရှိဘူးလို့လည်း ဆိုနိုင်မယ် ထင်ပါတယ်။

ဒီဂျာနယ်က ဟိုတလောကပဲ ၆၀၀/၇၀၀ နဲ့ ရောင်းနေတဲ့ ဂျာနယ်ပါ။ သူတပါးဂျာနယ်များထက် ၁၀၀/၂၀၀ ပိုတဲ့ ဂျာနယ်ပါ။
ရန်ကုန်မှာ ခုချိန်ထိလည်း အရောင်းသွက်နေပါတယ်။ ဈေးကတော့ ၅၀၀ ရောင်းတဲ့နေရာ ရှိသလို ၆၀၀ ရောင်းတဲ့နေရာ ရှိပါတယ်။

သူ ပစ်မှတ်ထားတဲ့ စာဖတ်ပရိသတ် ဘာကိုစိတ်ဝင်စားတယ် ဆိုတာလည်း သဘောပေါက်ပုံရပါတယ်။

အွန်လိုင်းပရိသတ်အတွက်တော့ ဒီဂျာနယ်မှာ စိတ်ဝင်စားစရာ သိပ်မရှိပါ။ ဂျာနယ်မှာ ခပ်ကြီးကြီးထည့်ထားတဲ့ပုံတွေကို အွန်လိုင်းမှာ မကြာခဏဆိုသလို မြင်ခဲ့ရပြီးဖြစ်လို့ပါ။
အွန်လိုင်းမသုံးတဲ့ပရိသတ်ကတော့ ဒီဂျာနယ်ကို ပိုပြီး စိတ်ဝင်စားကြလိမ့်မယ်လို့ ထင်ပါတယ်။

 

.


Viewing all articles
Browse latest Browse all 5236

Trending Articles